Thursday, October 30, 2014

ကန်ဇွန်းမှိုအစပ် အရည်ဆမ်း

ကန်ဇွန်းမှိုအစပ် အရည်ဆမ်း
(ဒုတိယစာအုပ် စာမျာက်နှာ ၆၄-၆၅ မှာ ပါပြီးသားလေးပါ။)

***... ကန်ဇွန်းမှိုအစပ် အရည်ဆမ်း အတွက် လိုအပ်တာလေးတွေ…

1. ဆီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
2. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
3. အကွင်းလိုက်လှီးကာ ၂ ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး – တရုတ်ပန်းကန်လုံး ၁ လုံးမောက်မောက်
4. စိမ်းစားငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
5. ပုဇွန်ခြောက်မှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
6. ငရုတ်သီးအကြမ်းမှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
7. ရေဆေးပြီး လှီးထားသော ကန်ဇွန်းရွက်(ရေစစ်ထားပါ။) – ၃၅၀ ဂရမ်ခန်.
8. ပုံပါအတိုင်း ခပ်ကြီးကြီးလှီးထားသော မှို – ၃၅၀ ဂရမ်ခန်.
9. အရသာမှုန်. (chicken powder)- လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ နှင့် ကြက်သွန်နီကို အိုးထဲ ထည့်ပြီး high heat နှင့် ကြော်ပေးပါ။

ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် ဇွန်းနှင့် ဖိချေမွှေကြော်ပေးပါ။

ခရမ်းချဉ်သီးနွမ်းသွားလျှင် medium heat သို. လျှော့ပြီး ငရုတ်သီးအကြမ်းမှုန်.၊ ငပိ နှင့် ပုဇွန်ခြောက်မှုန်. ထည့်ကာ ၃၀ စက္ကန်.ခန်. ဖိချေမွှေကြော်ပေးပါ။

ပြီးလျှင် ကန်ဇွန်းရွက်ကို ထည့်ပါ။

မှို ထည့်ပြီးသည်နှင့် high heat တို.တိုး၍ ရေ(ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း) ထည့်ကာ ၁ မိနစ်ခန်. တည်ထားပါ။

အရသာမှုန်.ထည့်ကာ အထက်အောက်မွှေပေးပြီး နောက်ထပ် ရေ (ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း)ထပ်ထည့်၍ ၂ မိနစ်ခန်.မွှေကြော်ပေးပြီးလျှင် ထမင်းမြိန်လှသည့် ကန်ဇွန်းမှိုအစပ် အရည်ဆမ်းလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
 (写真8枚)

No comments:

Post a Comment