
Chaw Su's Food Friendsさんが写真11枚を追加したで。
ဆန်ပြားခေါက်ဆွဲ (Fresh wide rice noodles)
မုန့်ရည်ထည့်ပြီးပေါင်းမည့် ဗန်းကို တစ်ဗန်းတည်း မသုံးပဲ နှစ်ဗန်းကို အလဲအလှယ်သုံးလျှင် လုပ်ရတာ ပိုမိုမြန်ဆန်စေပါတယ်။
***... ဆန်ပြားခေါက်ဆွဲ (Fresh wide rice noodles) လုပ်ရန် လိုအပ်တာလေးတွေ…
1. ဆန်အစိမ်းမှုန့် – 1 cup (250 ml)
2. tapioca starch (tapioca flour) -1/2 cup (125 ml)
3. ရေ – 1 1/2 cups (375 ml)
4. ဆား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
5. ဟင်းသီးဟင်းရွက် ဆီ (Vegetable oil) – ထမင်းစားဇွန်း ၃ ဇွန်းခန့်
2. tapioca starch (tapioca flour) -1/2 cup (125 ml)
3. ရေ – 1 1/2 cups (375 ml)
4. ဆား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
5. ဟင်းသီးဟင်းရွက် ဆီ (Vegetable oil) – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ဆန်အစိမ်းမှုန့်၊ tapioca starch ၊ ဆား နှင့် ရေ (1 cup ) ကို ဇလုံတစ်လုံးထဲထည့်ပြီး အဖတ်များအားလုံးကြေသွားအောင် သေသေ ချာချာ မွှေဖျော်ပေးပါ။ (အဖတ်များအလွယ်တကူကြေစေရန် တစ်ခါတည်း ရေ အများကြီးမထည့်ပဲ ခွဲထည့်ခြင်းဖြစ်ပါတယ်။)
အဖတ်များလုံးဝကြေသွားလျှင် ကျန်သည့်ရေ (1/2 cup) ကို လောင်းထည့်ပြီး အားလုံးနှံ့သွားအောင် မွှေရောဖျော်ပေးပါ။
ပြီးလျင် မုန့်ရည်ထည့်ပြီးပေါင်းမည့် အောက်ခြေပြားပြီး ပါးကာ ကိုင်ရလွယ်ကူသော ဗန်း (သို့) ပန်းကန်ကို ဆီအနည်းငယ်ဖြင့် နှံ့အောင်သုတ်ထားပါ။ (အကျက်မြန်ပြီး အအေးခံရ လွယ်ကူမြန်ဆန်စေရန် ပါးသည့်ဗန်းကို သုံးချင်းဖြစ်ပါတယ်။)
ဆီစက်များကြောင့် လေခိုသလို အပေါက်များ အများကြီးမဖြစ်အောင် ဆီသုတ်ပြီးသည့်ဗန်းအား paper towel ဖြင့်ထပ်သုတ်ပြီးမှ မုန့်ရည်လောင်း ထည့်ပေးပါ။
အချင်း ၈ လက်မ ဗန်းအတွက် မုန့်ရည် ထမင်းစားဇွန်း ၅ ဇွန်းခန့်ထည့်ကာ မုန့်ရည်များတတ်နိုင်သမျှ ပျံ့သွားအောင် ဗန်းကို အနည်းငယ်ဝိုက်ပြီး စောင်းပေးပါ။
ဗန်းကို သုတ်ထားသောဆီ နှင့် ခေါက်ဆွဲဖတ် အရမ်းထူ မသွားစေရန် မုန့်ရည်လျှော့ထည့်ထား၍ ဗန်းမျက်နှာပြင်တစ်ခုလုံးနှံ့သွားအောင် မလုပ်နိုင်ပဲ နေရာလွတ်အနည်းငယ်ကျန်နေခြင်းဖြစ်ပါတယ်။
ထိုမုန့်ရည်ဗန်းကို high heat ဖြင့် ပွက်ပွက်ဆူအောင်တည်ထားသည့် ပေါင်း အိုးထဲ ထည့်ချပြီးမှ မုန့်ရည်များ ဗန်းအနှံ့ပျံ့သွားအောင် အနည်းငယ် ဟိုဖက်ဒီဖက်စောင်းပေးပါ။ (ရေနွေးငွေ့အပူရှိန်ကြောင့် စက္ကန့်အနည်းငယ်အတွင်း မုန့်ရည်အချို့ကျက်သွားသဖြင့် ဗန်းတစ်ခုလုံးပြန့်အောင်လုပ်ရတာ လွယ်ကူသွားစေပါတယ်။)
မုန့်ရည်များ ဗန်းအနှံ့ပျံ့သွားသည်နှင့် အိုးအဖုံး ဖုံးကာ ၅ မိနစ်ခန့်ပေါင်းပေးပါ။
၂ မိနစ်ခန့်ကြာလျှင် မုန့်နှစ်ရည် ကျက်ကာ အဖြူရောင်မှ ကျောက်ကျောကဲ့သို့ အကြည်ရောင်ပြောင်းပြီ ဖြစ်ပေမယ့် ခေါက်ဆွဲအသားပိုကောင်းပြီး၊ အသုံးပြုချိန်၌ အလွယ်တကူ မပြတ်ထွက်အောင် နောက်ထပ် ၃ မိနစ်ခန့် ပိုပေါင်းပေးခြင်းဖြစ် ပါတယ်။
၅ မိနစ်ခန့်ပေါင်းပြီးနောက် အမြန်အေးသွားအောင် ရေအေးခွက်ထဲ ၂ မိနစ်ခန့်ထည့်ထားပါ။
ခပ်နွေးနွေး (သို့) အေးသွားလျှင် နံဘေးအနားသားနှင့် ဗန်းကြား spatula ဖြင့်ဖြတ်ပြီး အနည်းငယ်ထိုးခွါပေးပါ။
အနည်းငယ်ကွာလာပြီးနောက် လက်ဖြင့် ခပ်ဖွဖွခွါထုတ်လိုက်လျှုင် မလှီးရသေးသော ခေါက်ဆွဲပြားကို ရပါပြီ။
ထိုခေါက်ဆွဲပြားကို ဆီသုတ်ထားသည့် chopping board ပေါ်တင်ကာ နောက်တစ်ပြား ထပ်တင်သောအခါ မကပ်စေရန် မျက်နှာပြင်ကို ဆီသုတ်ပေးထားပါ။
ကျန်သည့်မုန့်နှစ်ရည်များကို အထက်ပါနည်းအတိုင်းလုပ်ကာ တစ်ချပ်နှင့် တစ်ချပ်ကြား မကပ်အောင် ဆီသုတ် ထပ်ပေးပြီး ဓါးကြီးကြီးကိုသုံး၍ မိမိကြိုက်နှစ်သက်သလို လှီးပေးပါ။
လှီးပြီးနောက် တစ်လွှာခြင်း ညင်ညင်သာသာ ခွါထုတ်ပေးပြီးလျှင် ခေါက်ဆွဲလေး အသုံးပြုရန် အသင့်ဖြစ်ပါပြီ။ (ခေါက်ဆွဲဝယ်ရန် အဆင်မပြေသူများ ချဉ်ငံစပ်၊ fried noodles with gravy sauce နှင့် အခြားချက်နည်းများတွင် ဤခေါက်ဆွဲဖတ်ကို အသုံးပြုနိုင်ပါသည်။)




No comments:
Post a Comment