Monday, August 31, 2015

Hawaiian Butter Mochi


ံHawaii က ကျွန်တော့်ပေ့ခ်ျ ၀ါသနာရှင်တစ်ယောက်က..သူလုပ်စားလေ့ရှိတဲ့
အချို ပွဲတစ်ခုအကြောင်းဝေမျှလာပါတယ်..။ကျွန်တော် ပြန်လေ့လာလိုက်တော့
သိပ်မခက်ခဲသလို ပါဝင်ပစ္စည်းတွေကလည်း..အလွယ်တကူရနိုင်တာကြောင့်
ဘာသာပြန်ဖော်ပြပေးလိုက်တယ်..။

မုန်.လုပ်ဝါသနာရှင်များစမ်းသပ်ကြည့်နိုင်ပါတယ်..။သူဝေမျှတဲ့အချိုးအတိုင်းပဲ
ဖော်ပြလိုက်ပါတယ်..။

Hawaiian Butter Mochi
****************

ကောက်ညှင်းဆန်မှုန်..........၁ ပေါင်
သကြား..........................၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ထောပတ်........................၁/၂ ခွက်(သို.) ၁ တောင့်( ပျော်အောင်ဖျော်ထားရန်)
ကြက်ဥ.............................၃-၄ လုံး
နို.စိမ်း(သို.) နွားနို. ..............၁ ဗူး
အုန်းနို. ............................၁ ဗူး
မုန်.ဖုတ်ဆိုဒါ......................၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ဗီနီလာရနံ. ........................၁ ဇွန်း(.............။........)

Oven အသုံးပြုသူများကအပူချိန် ၃၅၀ ဒီဂရီ F ( ၁၇၀ ဒီဂရီ C ) ကို(၁၅) မိနစ်
ခန်.ကြိုဖွင့်ထားပါ။

ဇလုံကြီးကြီးတစ်ခုမှာ ကြက်ဥ ၊ နို.စိမ်း ၊ အုန်းနို. ၊သကြား ၊ စတာတွေကို
ပျော်ဝင်သွားသည်အထိခေါက်ပါ။

ထို.နောက်ကောက်ညှင်းမှုန်. ၊ မုန်.ဖုတ်ဆော်ဒါ ၊ဗီနီလာရနံ.တို.ကိုထည့်မွှေပြီး
ကောင်းမွန်သောမုန်.နှစ်သားရအောင်မွှေပေးပါ။

ထောပတ်သုတ်ထားသော ဗန်း( ၉ လက္မ x ၁၂လက္မ) ထဲမှာဖြန်.ခင်းပြီးOven ထဲထည့်ဖုတ်ပါ။

မီးသွေးသုံးသူများ..အဖုံးကိုလုံအောင်ဖုံးပြီးအောက်မီး၁ ဆ အပေါ်မီး၃ ဆနှင့်ဖုတ်ပေးပါ။

ပို.ပေးလာသူ၇ဲ.အချိုးထဲမှာအုန်.သီးမှုန်.မပါပေမယ့်..မူရင်းထဲမှာတော့အုန်းသီးမုန်.လေးတွေဖြူးထားတာကိုလေ့လာရပါတယ်..။

Credit....Emerald Shozuya.



No comments:

Post a Comment