ငါးဖယ်သုပ် သုပ်နည်း
ငါးဖယ်ခြစ်ကို ကြော်ပြီး သုပ်လို.စားစား
ချက်လို.ပဲစားစား ဘယ်လိုစားစားကြိုက်ပါတယ်..
အရင်က ရန်ကုန် 37 လမ်းထိပ်က ငဖယ်သုပ်ကိုလဲ
အရမ်းကြိုက်ပါတယ်.. ငဖယ်၊ ဂေါ်ဖီ၊ကြက်သွန်ဖြူဆီချက်ဖတ၊်
ငံပြာရည်၊ငရုပ်သီးစိမ်းနှင့်ရှောက်ရည်သာညှစ်ပြီး
သုပ်သော်လည်း အလွန်စားကောင်းပါသည်။

ငါးဖယ်သုပ်အတွက်
- ငါးဖယ် - 200 g ကို ကြက်သွန်ဖြူ နှစ်တက်၊
ဂျင်း လက်တဆစ်လောက်ကို အခွာပြီး ပါးပါးလှီးကာ
အရင်ထောင်းပြီး ညှက်လျှင် ငါးဖယ်၊ ဆား၊ နနွင်းမှုန်.၊
အရသာမှုန်.တို.ကိုထည်.ကာ ငါးဖယ် စီးပြီးမာလာအောင်ထောင်းပါ။
ထိုနောက် လက်ကိုဆီသုပ်ပြီးအ၀ိုင်းသေးသေးပြားကာ ဆီပူပူတွင်ကြော်ပါ။
နီညိုရောင်သန်လာလျှင်ဆယ်ပြီး ဆီစစ်ထားပါ။

-ကြက်သွန်နီ - တစ်လုံးကို အခွံပြီး ပါးပါးလှီးကာရေဆေးထားပါ။
- ဂေါဖီ ရွက်နုန - 1ရွက်လောက်ခွာပြီး အလယ်ရိုးထုတ်
ကာပါးပါးလှီးထားပါ၊ (ကြိုက်မှထည်.ရန်)
- ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ ။( ကြိုက်မှထည်.ရန်)
-ဆား၊ အရသာမှုန်.၊ငံပြာရည် အနဲငယ်စီ
-ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်းဝက်
-ကြက်သွန်ဖြူဆီကျက် - ထမင်းစာဇွန်း 1 ဇွန်း၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
- နံနံပင် - 2 ပင် (သို.) ရှောက်ရွက်နုနု (3) ရွက်ကိုရေဆေးကာ
ပါးပါးလှီးထားပါ
-သံပုရာသီးတစ်စိတ်

-ငါးဖယ်သုပ်နယ်မည်.ပုဂံထဲသို. ငါးဖယ် 5 ခုကို ကပ်ကြေးနှင့်ညှပ်ထည်.ပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း နှင့်ဆား၊
အရသာမှုန်.၊ငံပြာရည်၊ ငရုပ်သီးအကျက်မှုန်.၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်
နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ
အချဉ် အစပ်ကိုမြည်းပြီး အရသာရှိသော ငါးဖယ်သုပ်ကို ထမင်း
(သို.) ကြာဇံပာင်းခါးတ.နှင့်တွဲကာသုံးဆောင်နိုင်ပါပြီရှင်၊
-ငဖယ်သုပ်ပြီးပိုနေသည်. ငါးဖယ်ကြော်များကို ခရမ်းချဉ်သီး(သို.) မန်ကျီးသီးမှည်.နှင့်ချက်စား ဒါမှမပာုတ် သုပ်စား ၊ မုန်.ပာင်းခါးထဲထည်.စားလိုကထည်.စားနိုင်သည်။
ထမင်းသုပ်ထဲထည်.ပြီးသုပ်လဲကောင်းတာပါပဲရှင်..

Credit : Myanmar Foods & Other

No comments:
Post a Comment