Tuesday, August 25, 2015

ရခိုင်မုန့်တီ (အာပူ လျှာပူ ။အသုပ် အရည်)






ရခိုင်မုန့်တီ (အာပူ လျှာပူ ။အသုပ် အရည်)
ပါဝင်ပစ္စည်း
********
မုန့်ဖတ်ခြောက်...၁ ထုပ်(ပြုပ်ပြီး ရေဆေးပြီးစစ်ထားပါ )
(သို့)မုန့်တီဖတ်...၁ ပိဿာ
ငါးကြင်းဖြူ...၃၀ ကျပ်သား(ဆား ဂျင်း ငရုပ်ကောင်း အနည်းငယ် ထည့်ပြီးပြုပ်ထားပါ)
ငရုပ်ကောင်း...လက်ဖက်ဇွန်း ၂ဇွန်း
ပဒဲကောအမှုန့်...လက်ဖက်ဇွန်း ၃ဇွန်း
ပုဇွန်ငါးပိ...ထမင်းစားဇွန်း ၃ဇွန်း(ရေ ကော်ဖီခွက် တစ်ခွက်ထည့်ြ ပီးဖျော်ထားပါ)
ငါးငပိ...ထမင်းစားဇွန်း ၃ဇွန်း (ကျိုထားပါ)
ငရုပ်သီးစိမ်း ...၅ ကျပ်သား(ညက်အောင်ထောင်းပြီး ဆား အနည်းငယ် ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းထည့်ပြီး စိမ်ထားပါ ငရုပ်သီးမဲမသွားဘဲ ကြာကြာအထားခံပါတယ်)
ငါးဖယ် ...၂၅ ကျပ်သား( ဆား ဂျင်း ကြက်သွန်ဖြူ နဲ့ရော ထောင်းပြီး အပြားလေးတွေလုပ်ပြီးကြော်ထားပါ)
နံနံပင် ...အနည်းငယ်(သင်ထားပါ)
ဟင်းခတ်မှုန့် ...(သုံးရင်ထည့်ပါ)
ဆား ။ ငံပြာရည်...(အနည်းငယ်)
ဆီ...၁၀ ကျပ်သား (ဆီချက် ချက်ရန်)
သံပုရာသီး...၄-၅ လုံး(လိုသလောက်)
ပြုလုပ်ပုံ
******
၁ ။ ကြက်သွန်ဖြူ ထောင်းပြီးသား တစ်ဝက်ကို ကြွပ်နေ အောင်ကြော်ပြီး ဆီဒယ်အိုးဖင်ကပ် ချန်ထားပြီး ဆယ်ထားပါ ။
၂ ။ ပြုပ်ပြီးငါးကို ဆယ်ပြီးအသားထွင်ပါ ။ ၁ ပုံကိုချန်ထားပြီး ၂ ပုံကို ဒယ်အိုးဖင်ကပ်ကျန်တဲ့ ဆီနဲ့ ဆား ငံပြာရည်ထည့်ပြီး အနည်းငယ် ခြောက်အောင် လှော်ထားပါ ။
၃ ။ လှော်ပြီးသားငါးအနည်းငယ်ချန်ထားပြီး ငါးငပိရည်ကျိုပြီးသား လောင်းထည့်ပါ ။ ငရုပ်သီးစိမ်းထောင်းပြီးသားစိတ်ကြိုက်ထည့်ပါ။
၎ ။ ပုဇွန်ငါးပိ မီးဖုတ်ကို ကြက်သွန်ဖြူ အနည်းငယ်နဲ့ ငရုပ်သီးစိမိး စိတ်ကြိုက်ထည့်ထောင်းပြီး ရေထမင်းစားဇွန်း ၁ဇွန်း နဲ့ ဖျော် ထားပါ ။
၅ ။ "မုန့်တီ အရည် ချက်ပါမယ်"ငါးပြုပ်ရည်ကို ရေစိတ်ကြိုက်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူရင် ကြက်သွန်ဖြူ ထောင်းပြီးသား ပဒဲကော ငရုပ်ကောင်း ချန်ထားတဲ့ ငါးထွင်ပြီးသား ၁ပုံ ထည့်ပါ။ရေဖျော်ထားတဲ့ ပုဇွန်ငါးပိ အပေါ်ယံအရည်ကြည်ထည့်ပါ ( အောက်ကအနည်တွေမထည့်ရပါ) ဆားအပေါ့ အငန် စိတ်ကြိုက်ထည့် ဆူအောင်တည် ဒါဆိုရင် ရပါပြီ ( ပူပူကြိုက်လျှင် ပဒဲကော ပိုထည့်ပါ ။ ပဒဲကောအပင်ရှိရင် ထည့်ပါ မရှိရင် အမှုန့်ထည့်လို့ ရပါတယ်)
၆ ။ "ရခိုင်မုန့်တီအသုပ်အတွက် " မုန့်ဖတ်ထည့် ကြက်သွန်ဖြူ ကြော် ငါးဖယ်ကြော် ငါးငပိငရုပ်သီးစိမ်းချက် ပုဇွန်ငါးပိဖျော် နံနံပင် အားလုံးစိတ်ကြိုက်ထည့်ပြီး သံပုရာသီးချဉ်ချဉ်ညှစ် မုန့်တီ ဟင်းရည် အနည်းငယ် ထည့်ပြီး ရောနယ်ပါ ရပါပြီ။်
၇ ။ "မုန့်တီ အရည်အတွက"် စားမည့်ပန်းကန်ထဲကို မုန့်ဖတ်ထည့် ငရုပ်သီးစိမ်းထောင်းထည့် ကြက်သွန်ဖြူ ကြော်ထည့် ငါးမှုန့် ကြော်ထည့် ငါးဖယ်ကြော်ထည့် သံပုရာသီးချဉ်ချဉ် ညှစ် နံနံပင်ထည့် ပွက်ပွက်ဆူနေတဲ့ မုန့်တီ ဟင်းရည် လောင်းထည့် "ရခိုင်မုန့်တီ (အာပူလျှာပူ)" ရပါပြီ ။ ငါးငပိဖျော်နဲ့ ပုဇွန်ငါးပိ ဖျော်က တမျိုးဆိုရင် ရပါတယ် ။ စုံအောင် နှစ်မျိုး လုပ်ပေးထား တာပါ ။ ငါးဖယ်ကြော်ကလည်း အပိုလုပ်တာပါ ။ မထည့်လည်းရပါတယ် ။
=====================================
Credit . Than Than Lae

No comments:

Post a Comment