Monday, August 24, 2015

ပီလောပီနံဆနွင်းမကင်း

ပီလောပီနံဆနွင်းမကင်း
****************
ပီလောပီနံတွေ ပေါချိန်မို့ ပီလောပီနံ ဆနွင်းမကင်းလေး လုပ်စား ပါတယ် ။ လုပ်ရတာအလွန် လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ် ။ စားလို့ လည်းကောင်းပါတယ် ။် လုပ်စား ကြည့်ပါ fri တို့ ရေ အဆင်ပြေရင် မိတ်ဆွေများလည်းမျှဝေ လိုက်ပါနော် ။
ပါဝင်ပစ္စည်း
********
ပီလောပီနံ ..၁ ပိဿာ ၅၀ကျပ်သား(အခွံ ခွှာရေဆေးပြီး အမျှင်လေးဖြစ်အောင်ခြစ်ထားပါ)
သကြား..၂၀ ကျပ်သား
အုန်းသီး..၁လုံး(ခြစ်ပြီး အရည်ညှစ်ပါ)
(သို့ ) coconut milk ... ၁ ဘူး
နွားနိ့  ..တဖန်ခွက်
ဘိန်းစေ့..အနည်းငယ်
ဆီ..၅ ကျပ်သား ဆား..လက်ဖက်ဇွန်း (၁ဇွန်း)
ပြုလုပ်ပုံ
******
၁ ။ ခြစ်ပြီးသား ပီလောပီနံ များကျု သကြား ဆား အုန်းနို့ နဲ့ ရောနယ်ပါ။
၂ ။ ဖုတ်မည့် ဘန်း ထဲသို့ ထောပတ်(သို့) ဆီသုတ်ပြီး နယ်ပြီး သား ပီလောများကို လောင်းထည့်ပါ ။ အပေါ်ကိုညီအောင်ညှိပြီး ဘိန်းစေ့ဖြူးပါ ။
၃ ။ အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ဖုတ်ပါ ။ အပေါ်ယံနီပြီးးမွှေးလာရင် ဒါးလေးနဲ့ အထဲကို အောက်ထိ ထိုးကြည့်ပါ။ ဒါးမှာ ပီလောကပ် ပါမလာရင် ကျက်ပါပြီ ။ အအေးခံပြီး လိုသလို လှီှးှဖြတ်စားသုံးနိုင်ပါ တယ် ။
Oven ရှိလျင် Oven ထဲထည့် ဖုတ်ပါ။
အိမ်မှာတော့ Oven မရှိ အပေါ်မီး အောက်မီး လည်းမရှိ(ဂက်(စ်)မီးဖိုနဲ့ ချက်တဲ့အတွက် ဆီမကပ်တဲ့ ဒယ်ပြန့် ထဲကို ဆီသုတ်ပြီး ပီလောထည့်ပြီး မီးအနည်းငယ်နဲ့ မိနစ် ၃၀ ခန့် တင်ပြီး ဒယ်ပြန့် နဲ့ အရွယ်တညီ တည်း ဘန့်း ထဲကို ဆီသုတ်ပြီး .,မှောက်ချလိုက်ပါ ။ မီးဖိုပေါ်ကို မီးအေးအေးနဲ့၁၅ မိနစ်ခန့် ပြန်တင်ပါတယ် ။ အအေးခံပြီး လိုသလိုလှီးဖြတိ စားသုံးနိင် ပါတယ်။်
=========================================

No comments:

Post a Comment