Tuesday, August 25, 2015

焼き物 (やきもの) (yaki mono) ➖ (ဂျပန်) အကင်/အကြော် အစားအစာများ

ဂျပန်အစားအစာ ကြိုက်သူများအတွက် ဂျပန်
အစားအစာ အခေါ်အဝေါ်များ
焼き物 (やきもの) (yaki mono) ➖ (ဂျပန်) အကင်/အကြော် အစားအစာများ
ဂျပန်အစားအသောက်အကြောင်းပြောရင် အကင်/အကြော် အစားအစာ 焼き物 (やきもの) များကို ချန်ထားလို့ မရပါဘူး။ နာမည်ကြီး 焼き物 (やきもの) အကင်/အကြော် (ဂျပန်) အစားအစာများထဲက တချို့ကတော့ ::
၁) Gyoza = ဖက်ထုပ်ကြော်
၂) Takoyaki = (အနီးစပ်ဆုံး ပြောရရင်မြန်မာမုန့်လင်မယား နဲ့ ခပ်ဆင်ဆင်) (တူတော့ လုံးဝမတူပါဘူး) (たこ焼)
၃) Teriyaki = (အချို) အသားကင်/ကြော် (照り焼き)
၎) Okonomiyaki = ဂျပန် pancake (お好み焼き)
၅) Yakiniku = (ကိုးရီးယား) BBQ (焼肉)
၆) Yakitori = ကြက်ကင် (焼き鳥)
စသည်ဖြင့် အမျိုးမျိုးတွေ့ရမှာပါ။
ဒီနေရာမှာ 焼き (やき) (yaki) (ကြော်ချက်ခြင်း) ဆိုတဲ့ စကားလုံးက 焼 (shou/yaku/yaki/yakeru) ခန်းဂျီးလေးကို လေ့လာချင်ပါတယ်။
"焼" ခန်းဂျီးရဲ့ မူရင်း အဓိပ္ပာယ်က "ကင်/ဖုတ် ခြင်း - bake" နဲ့ " လောင်ကျွမ်းခြင်း-burning" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
JLPT Level 2 အဆင့် ခန်းဂျီးလို့ ပြောပါတယ်။
မကြာခဏတွေ့ရတဲ့ ခန်းဂျီး စကားလုံးတခုလည်းဖြစ်ပါတယ်။
အသံထွက်အားဖြင့်
on-ဖတ်နည်း: ショウ (shou)
Kun-ဖတ်နည်း: やく (yaku), やき (yaki), やける (yakeru) တို့ဖြစ်ပါတယ်။
ဒီ ခန်းဂျီး "焼" မှာ ပါဝင်တဲ့ အဓိက အပိုင်းတွေကတော့ 儿 (ခြေထောက်), 十 (တစ်ဆယ်), 火 (မီး) တို့ ဖြစ်ပါတယ်။
Bushu (radical) က fire "火" ပါ။ "Han" bushu တခုပါ။ (Bushu အကြောင်း မဖတ်လိုက်ရရင် ဒီ link လေးမှာ ဖတ်နိုင်ပါတယ်။)
ဒီ ခန်းဂျီးကို မမေ့အောင်မှတ်နည်းကတော့ -- "ခြေ သုံးဆယ့်တစ်ချောင်း ကို မီးပေါ်မှာ ကင်ခြင်း" ဆိုပြီး မှတ်နိုင်တယ်လို့ ဆိုပါတယ်။
焼(や)ける ように 熱(あつ)い。
It is broiling hot.
私(わたし) は 日焼け(ひやけ) を したくない。
I don't want to get a suntan.
このパンは 焼(や)き 立(た)て で ある。
This bread is fresh from the oven.

No comments:

Post a Comment