Tuesday, August 25, 2015

နန်းကြီးသုပ်

နန်းကြီးသုပ်
နန်းကြီးသုတ် ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ ရိုးရိုး မုန့်လေးဖြစ်ပေမဲ့ ဒီpage လေးထဲမှာ အားလုံး စုံသွားအောင် ရေးထားတာပါ..
ကြက်သား ၁ခြမ်းခန့်ကို သန့်စင်ပြီး ဆားသင့်ရုံ နယ်ပါ.. ပြီး ရေ ၈၅၀ml ခန့်ဖြင့် ပြုတ်ပါ.. ကြက်သားများ နူးစပြုလျင် ဆယ်ထုပ်၍ အအေးခံထားပါ.. အေးသွားလျင် အမျှင်လေးများရအောင် အသားနွင်ထားပါ..
အရိုးများကို ပြုတ်ရည်အိုးထဲ ပြန်ထည့်ပြီး ရေအနည်းငယ် ထပ်ထည်၍ မီးအေးအေးဖြင့် ပြုတ်ထားပါ..
ကြက်သွန်နီ ဥကြီး၁ဥ, ကြက်သွန်ဖြူ ၃မွှာ, ငရုပ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း ၁ဇွန်း တို့ကို ရော၍ ညက်အောင်ထောင်းပါ..
ဆီ အကြမ်းပန်းကန် ၃လုံးခန့်ကို ပူစေပြီး, ထောင်းထားသည်များ ထည့်၍ ဆီသပ်ပါ.. ဆနွင်းမှုန့် 1tsp ခန့်ထည့်ပါ.. ကြက်သွန်ကြော်များ မွှေးလာလျင် မွထားသော ကြက်သားများထည့်ပါ..၁ချက်၂ချက် မွှေပြီးလျင် ငါးငံပြာရည် 1tbsp ခန့်ထည့်ပါ.. မီးအေးအေးနဲ့ အဖုံးအုပ်ပြီး တည်ကာ ဆီလုံးဝပြန်သွားလျင် မီးကိုပိတ်ထားပါ..
နန်းကြီးသုတ် တွင် မပါမဖြစ်သော မုန့်ကြွတ်ကြော် အတွက် ကျမ ယိုးဒယားဆန်ပြားခေါက်ဆွဲ ဖတ် အခြောက်ကို သုံးပါတယ်.. နို့မို့ဆို မုန့်ကြွတ်ကြော် ပြတ်နေတာနဲ့ပဲ နန်းကြီးသုတ် လုပ်စားမရတော့ပါဘူး.. အခု ဒီ ညှပ်ခေါက်ဆွဲ အခြောက်ကို ကြော်တာ အရသာက ပိုတောင်ကောင်းသေးတယ်...ဆီကိုလုံးဝပူမှ မုန့်ဖတ်ခြောက် အနည်းငယ်ကို ထည့်ကြော်ပါ.. ပွပွခြင်း မခြပဲ နဲနဲလေး အရောင်လေး ပြောင်းလာမှ မုန့်ကြွတ်ကြော်များကို ဆယ်ယူပါ..
ကြက်သွန်နီ ပါးပါးလှီးထားပါ.. သံပုရာသီး အနေတော် စိတ်ထားပါ.. နံနံပင်ခြွေထားပါ.. ပန်းကန်လုံးလေးထဲ ငရုပ်သီး အကြမ်းမှုန့် ထည့်ထားပါ.. ဆီ 2tbsp ခန့်ကို ပူစေပြီး, ငရုပ်သီး ပေါ်ဆီလောင်းချပါ..
မုန့်ဖတ်အတွက် Udon ဖတ်ကိုသုံးပါတယ်.. တယောက်စာ မုန့်ဖတ်ကို ရေနွေးဖြောပြီး ရေစစ်၍ ပန်းကန်ထဲ ထည့်ပါ.. ကြက်သားဟင်း 2tbsp ခန့်, ပဲ အကျက်မှုန့် 1tbsp, ကြက်သွန်နီ နံနံပင် ထည့် , သံပုရာသီးညှစ်, ငရုပ်သီးဆီကြော်ထည့် , ပေါ့လျင် ငါးငံပြာရည် သင့်အောင်ထည့်ပြီး သေချာစွာနယ်ပါ.. အပေါ်မှ မုန့်ကြွတ်ကြော်လေး ခြေ၍ ဖြူးပါ..
အရိုးပြုတ်ရည်ကို အပေါ့အငံ ချိန်ပြီး ပန်းကန်ထဲထည့်, ငရုပ်ကောင်းဖြူး, လှီးထားသော ကြက်သွန်မိတ်ဖြူးပြီး, စေးစေးပိုင်ပိုင် နယ်ထားသော နန်းကြီးသုတ် လေးနဲ့တွဲစားရတာ ဘယ်တော့မှ မရိုးတဲ့ အကြိုက်ဆုံး လေးပါရှင်..

No comments:

Post a Comment