Tuesday, August 25, 2015

ငချိတ်ပေါင်း





ငချိတ်ပေါင်း
************

ငချိတ်ပေါင်းရတာကာက်ညှင်းပေါင်းရသလိုပါပဲအချိုးအစားမရှိသလို မခက်ခဲပေမယ့်....စစ်မှန်တဲ့ငချိတ်ဆန်၊အသုံးပြုတဲ့ပေါင်းအိုးမှန်ကန်ဖို.နဲ.မီးအရှိန်ကိုထိန်းညှိတတ်ဖို.ပဲလိုပါတယ်...။

ငချိတ်ဆန်က ထမင်းလို သိပ်မပွားတတ်ပဲ..အလွန်ဆုံးတစ်ခွက် ပဲပိုပွားမှာပါ။ ဥပမာ (၁) ခွက်ပေါင်းရင် (၂) ခွက်စာလောက်ပဲရမှာပါ။

ငချိတ်ဆန် ကို မိမိပေါင်းလိုသလောက်ရေဆေးပြီးအနည်းဆုံး( ၆) နာရီ( သို.) တစ်ညအိပ်ရေစိမ်ထားပါ။

ပေါင်းအိုးအောက်ခြေမှာရေတစ်ဝက်ခန်.ထည့်ပြီး..ပေါင်းအိုးဇကာမှာပိတ်စပါး
လေးကိုရေစွတ်ပြီးဖြန်.ခင်းပါ။

ရေစိမ်ထားတဲ့ငချိတ်ဆန်တွေကို ရေစင်နေအောင်စစ်ပြီး..ပိတ်စပါးထဲဖြန်.ထည့်ကာ..အငွေ.ကောင်းစွာရရှိစေရန်အပေါက်ငယ်များ(၄-၅) ခုဖောက်ပေးပါ။

ပိတ်စအနားလေးတွေကို လုံအောင်ပြန်ဖုံးပေးပါ..။
(ဒီအဆင့်ကိုပေါင်းအိုးပေါ်ရောက်မှပြုလုပ်ပေးရပါမည် )

ပေါင်းအိုးအဖုံးသေချာလုံအောင်ဖုံးအုပ်ပါ။

မီးဖိုပေါ်တင်ပြီး(၄၅) မိနစ်မှ (၁) နာ၇ီအတွင်းမီးအရှိန်ပြင်းပြင်းမှာပေါင်းပေးပါ။

No comments:

Post a Comment