Monday, August 31, 2015

ရွှေရင်အေး..


ရွှေရင်အေး..
********

ရွှေရင်အေးပြုလုပ်ရာမှာ..ကျောက်ကျောကိုခဲအောင်ကျို ရတာကလွဲအချိုး
ဆိုတာမသေချာ လှပါဘူး..မိမိနှစ်သက်သလိုထည့်စားလေ့ရှိတဲ့အတွက်
ဖြစ်ပါတယ်..။

ပါဝင်ရမယ့်အရာတွေကတော့....

မုန်.လက်ဆောင်းဖတ်
သာကူစေ့
အုန်းနို.ကျောက်ကျော
အရောင်ပါကျောက်ကျော ( ၁ ၊ ၂ ၊ ၃ မျိုး)
ပေါင်မုန်.အလွတ်
ကောက်ညှင်းပေါင်း

ပထမဆုံးကောက်ညှင်းကို ပေါင်းပါ။

ကျောက်ကျောကိုအညွှန်းပါရေနဲ.အတူ အုန်းနို.နဲ.တစ်မျိုး ၊ အရောင်ပါကျောက်ကျောတွေကိုကျို ပြီးအအေးခံခဲထားပါ။

အုန်းနို.ရည်အတွက်..အုန်းသီးကိုခြစ်ပြီးအ၀တ်စပါးလေးနဲ.အုန်းနို.ရည်ညှစ်
ယူကာ သကြားနဲ.အတူရောကျို ပြီးအအေးခံထားပါ။

သာကူစေ့ကို ပထမရေနွေးဆူဆူမှာပြုတ်တစ်ဝက်ကျက်ရင်..ဇကာထဲလောင်း၊
ရေအေးလောင်း..အအေးခံပါ ။ ထိုနည်းတူ ဒုအကြိမ်ထပ်ပြုတ်ပါ။

ရွှေရင်အေးပြင်ဆင်မယ်ဆို ၊ မုန်.လက်ဆောင်းဖတ်(၁) ဇွန်း ၊ သာကူပြုတ်
(၁) ဇွန်း ၊ အုန်းနို.ကျောက် ကျော (၂) တုံး ၊ အရောင်ပါ ကျောက် ကျော
အနည်းငယ် ၊ ကောက်ညှင်း ၊ ပေါင်မုန်.တွေထည့်ပြီး..အအေးခံထားတဲ့
အုန်းနို.အချို ရည်လောင်းထည့်ရုံပါ။

ရေခဲသီးသန်.မသုံးလိုသူများ ၊ အုန်းနို.ကို အအေးခံထားနိုင်သလို ၊ မုန်.လက်
ဆောင်းဖတ် ၊ သာကူ တို.ကိုရေခဲရိုက်ထားနိုင်ပါတယ်..။

No comments:

Post a Comment