မကြာခင်....ပြာသိုလကုန်ပြီး ..တပို.တွဲလဆန်းကာ ထမနဲပွဲကြီးစတင်ပါတော့
မယ်..။ ထမနဲ
ဆိုတာ..အနည်းအကျဉ်းလေးလုပ်ရ င်ရပေမယ့်..လူအများစုက
တော့ထမနဲကို အပျင်းပြေတောင်လုပ်စားလေ့မရှိတတ်ကြပါဘူး..။
တပို.တွဲလ ထမနဲပွဲ ဆိုတာနှင့်အညီ..ပွဲတော်ချိန်ရောက်မှ..အိမ်တိုင်း ၊ ဘုန်းကြီးကျောင်းတိုင်း ထမနဲပွဲတော်ကိုဆင်ယင်ကျင်းပ လေ့ရှိကြသလို..
ရပ်ထဲ ၊ရွာထဲမှာလည်း..တစ်ဦးချင်း ဖြစ်စေ...စုပေါင်းဖြစ်စေ..အ လှူဒါနပြုလေ့
ရှိတတ်ကြပါတယ်..။
ကျွန်တော်ကတော့..ကြိုတင်ပြင်ဆင်လို.ရအောင်..ထမနဲ ထိုးနည်းအပြင်..
ရှေးကဗျာလေးပါ လက်ဆောင်ပါးလိုက်ပါတယ်...။
ထမနဲထိုးနည်းကဗျာ
*************
ထမနဲ ထိုးရန်ဖို.. စာချိုးလို.မှာခဲ့မယ်...
တစ်စိတ်ဆန်သည်ကောက်ညှင်းရယ် နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ...။
( အမည်မသိ )
ထမနဲ အချိုး
********
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့် ကမ်းလာတဲ့အချိုးဖြစ်သလို
ဆရာမကြီးခင်ခင်ထူးရဲ.မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ.ရ
ပါတယ် ( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.................... ...(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ... . (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်.............. (၂၀) ကျပ်သား..
(၆) ဆား....................... ..(၇) ကျပ်သား.
(၇) ချင်း..................... .....(၁၅) ကျပ်သား
ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကိုရေဆေးပြီးအနည်းဆုံး (၃) နာရီခန်.
ကြိုတင်ရေစိမ်ထားရပါမယ်...။
မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်ေ နအောင်သန်.စင်ပါ ။ ၂ ခြမ်းကွဲသွား
အောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။
(အလွယ်သုံးမြေပဲဆားလှော်တွေ မသုံးပါနှင့် )
နှမ်းတွေကိုလည်း သန်.စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ
(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်းထားပါ။
ချင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတွေလှီးပါ။
ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ ။
ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရ အောင်
ကြော်ပြီးဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်တွေထည့်ပေါင်း ကာ...သစ်သားယောင်းမအရှည်နှင့်မွှေပေး
ပါ ( ကြော်ချင်ဟန်ပြု ပါ )
ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေ အကြောတင်းသွားပြီဆိုမှ...ဆားဖြင့်အရသာ
သွင်းပါ ၊
ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန်.ထည့်ပြီး..စကောကြီြး ကီးများ
ကိုလက်ကိုင်ကွင်းတပ်ထားသောအ ဖုံးများနှင့် ဖုံးထားပါ ။
ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ.နှံ..အောင်မွှေ
ပေးရပါမယ်..။
ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး ...ငှက်ပျောဖက်အုပ်
အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်
ပြီးမွှေသူ၂ဦးရဲ.ယောင်းမအရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေး
ရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်း ကျင်သူအိုးသူကြီးများတာဝန်ယူ
တာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတို င်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ..
ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။
(မှတ်ချက်)ကျွန်တော့်ငယ်ဘ၀နှစ်စဉ်အိမ်မှာထမနဲ ထိုးတော့..မိုးဗြဲဒယ်ကြီး
တွေတည်ဖို. မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ.ခနောက်ဆိုင် ပြုလုပ်ကာ
မီးဖို(ယာယီပြုလုပ်တတ်ပါတယ် )
ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမှုကိုသက်သာစေသလို လေတိုက်နှုန်းတွေကြောင့်မီး ညွန်.တွေမလှုပ်ရှားစေပဲထိရောက်တဲ့အပူရှိန်ကိုရရှိစေတယ် လို.ဆိုပါတယ်
နယ်တဲ.အချိန်လည်းထိုကြွင်းမျိုးမှာပြုလုပ်လေ့ရှိပါတယ်။
အားနဲ.အင်နဲ.ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုး ဖင်ငြိမ်ပြီးမွှေသူရော၊
ကြိတ်ချေသူကိုပါ သက်သာစေသလို မုန်.ကိုလည်းမိမိလိုချင်တဲ့ အနေအထား
ရောက်တယ်လို. ထမနဲအိုးသူကြီးများထံမှမှတ် သားဖူးပါတယ်..။
photo credit >>> Google Search
မူရင်းဓါတ်ပုံပိုင်ရှင်အားေ လးစားစွာအသိအမှတ်ပြုပါကြောင်းနှင့်ကျေးဇူးအထူး
တင်ရှိပါကြောင်း
Admin ( ဟင်းချက်နည်းများ )
မယ်..။ ထမနဲ
ဆိုတာ..အနည်းအကျဉ်းလေးလုပ်ရ
တော့ထမနဲကို အပျင်းပြေတောင်လုပ်စားလေ့မရ
တပို.တွဲလ ထမနဲပွဲ ဆိုတာနှင့်အညီ..ပွဲတော်ချိန
ရပ်ထဲ ၊ရွာထဲမှာလည်း..တစ်ဦးချင်း
ရှိတတ်ကြပါတယ်..။
ကျွန်တော်ကတော့..ကြိုတင်ပြင
ရှေးကဗျာလေးပါ လက်ဆောင်ပါးလိုက်ပါတယ်...။
ထမနဲထိုးနည်းကဗျာ
*************
ထမနဲ ထိုးရန်ဖို.. စာချိုးလို.မှာခဲ့မယ်...
တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ...။
( အမည်မသိ )
ထမနဲ အချိုး
********
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင်
ဆရာမကြီးခင်ခင်ထူးရဲ.မအိမ်က
ပါတယ် ( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည
(၂ )မြေပဲ....................
(၃)နှမ်းဆီ(သို.)မြေပဲဆီ...
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............
(၆) ဆား.......................
(၇) ချင်း.....................
ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကိုရေဆေးပြ
ကြိုတင်ရေစိမ်ထားရပါမယ်...။
မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်ေ
အောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။
(အလွယ်သုံးမြေပဲဆားလှော်တွေ
နှမ်းတွေကိုလည်း သန်.စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ
(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်
ချင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတေ
ရေစိမ်ထားတဲ့ကောက်ညှင်းတွေက
ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရ
ကြော်ပြီးဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်တွေထည့်ပေါင်း
ပါ ( ကြော်ချင်ဟန်ပြု ပါ )
ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေ
သွင်းပါ ၊
ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန်.ထည့်ပြီး..စကောကြီြး
ကိုလက်ကိုင်ကွင်းတပ်ထားသောအ
ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ.န
ပေးရပါမယ်..။
ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး
အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုက
ပြီးမွှေသူ၂ဦးရဲ.ယောင်းမအရင
ရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်း
တာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတို
ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။
(မှတ်ချက်)ကျွန်တော့်ငယ်ဘ၀န
တွေတည်ဖို. မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ.ခနောက်ဆိုင်
မီးဖို(ယာယီပြုလုပ်တတ်ပါတယ်
ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမ
နယ်တဲ.အချိန်လည်းထိုကြွင်းမ
အားနဲ.အင်နဲ.ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုး
ကြိတ်ချေသူကိုပါ သက်သာစေသလို မုန်.ကိုလည်းမိမိလိုချင်တဲ့
ရောက်တယ်လို. ထမနဲအိုးသူကြီးများထံမှမှတ်
photo credit >>> Google Search
မူရင်းဓါတ်ပုံပိုင်ရှင်အားေ
တင်ရှိပါကြောင်း
Admin ( ဟင်းချက်နည်းများ )


No comments:
Post a Comment