ရှမ်းခေါက်ဆွဲ ချက်နည်း
ရန်ကုန်က ရွှေပဲရွက်တွေ ၀ယ်လာလို့  ရှမ်းခေါက်ဆွဲလေး လုပ်စားဖြစ်ပါတယ်။ ရှမ်းချဉ်အစား ဂေါ်ဖီချဉ်လေးနဲ့ ပြောင်းပြီး တွဲစားပါတယ်။ သူငယ်ချင်းတွေလည်း အိမ်မှာ လုပ်စားလို့ ရအောင် ကဲကဲရဲ့ ရှမ်းခေါက်ဆွဲ ပြင်ဆင်ပုံလေးကို share ပါမယ်ရှင်။
Ingredients:
ဆန်ခေါက်ဆွဲ ၁ထုပ်
မြေပဲဆံလှော် ၅ကျပ်သား
ရှမ်းချဉ် ၅ကျပ်သား
ကြက်သွန်မိတ် ၁စည်း
ငရုတ်သီးဆီကြော်
ပဲငံပြာရည်အပျစ် အနည်းငယ်
တို့ ဖူးကြော်
ဝက်ခေါက်ကြော်
ပဲပုပ်စေ့လှော်ထောင်းပြီးသား အနည်းငယ် (optional)
ပဲရွက် အနည်းငယ်
မြေပဲဆံလှော် ၅ကျပ်သား
ရှမ်းချဉ် ၅ကျပ်သား
ကြက်သွန်မိတ် ၁စည်း
ငရုတ်သီးဆီကြော်
ပဲငံပြာရည်အပျစ် အနည်းငယ်
တို့ ဖူးကြော်
ဝက်ခေါက်ကြော်
ပဲပုပ်စေ့လှော်ထောင်းပြီးသား အနည်းငယ် (optional)
ပဲရွက် အနည်းငယ်
*ကြက်သွန်ဖြူဆီချက်
ကြက်သွန်ဖြူ ၄မွှာ
တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း
နှမ်းဖြူ အနည်းငယ်
ကြက်သွန်ဖြူ ၄မွှာ
တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း
နှမ်းဖြူ အနည်းငယ်
*ကြက်သားဟင်းအနှစ်
ကြက်သားရင်ပုံသား ၂ခု
ကြက်သွန်နီအနေတော် ၄လုံး
ခရမ်းချဉ်သီးအနေတော် ၆လုံး
ကြက်သွန်ဖြူ ၈မွှာ
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၂ဇွန်း
ဆား အနည်းငယ်
ပဲငံပြာရည်အကျဲ ၂ဇွန်း
ကြက်သားရင်ပုံသား ၂ခု
ကြက်သွန်နီအနေတော် ၄လုံး
ခရမ်းချဉ်သီးအနေတော် ၆လုံး
ကြက်သွန်ဖြူ ၈မွှာ
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၂ဇွန်း
ဆား အနည်းငယ်
ပဲငံပြာရည်အကျဲ ၂ဇွန်း
Preparation Method:
၁) ကြက်သားရင်ပုံသားများကို သန့် စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ ဆားအနည်းငယ်တို့နှင့်  ရောနယ်ပါ။
၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ ကို ပါးပါးလှီးပါ။
၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့် တို့ ထည့်ပြီး ဆီသတ်ပါ။
၎) အနံ့ မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့် ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။
၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။
၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။
၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့်  ကြီုစိမ်ပါ။
၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။
၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။
၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့ နှင့် ပြုတ်ထားပါ။
၁၂) မုန့် ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။
ပြင်ဆင်ပုံ
စားနိုင်သလောက် မုန့် ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။
ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။
Credit to KaeKae's FoodPalace
----------
ချက်နည်းပြုတ်နည်းမျိုးစုံနှင့် ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်တို့ကို အမြဲတင်ပေးနေတဲ့ ( ကောင်းထက်ကျော်- မြန်မာဒံပေါက်) ဆိုတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။


No comments:
Post a Comment