Tuesday, August 25, 2015

ပင်လယ်စာချို စပ် ချက်နည်း



ပင်လယ်စာချို စပ် ချက်နည်း
***************
ပုစွန်ခွာပြီး..................၁၀ကျပ်သား
ပြည်ကြီးငါး.................၁၀ကျပ်သား
ငါးအသားလွှာ..............၁၀ကျပ်သား
ငရုတ်သီးစိမ်းတောင့်နီ....၁၀တောင့်ခန့်
ကြက်သွန်ဖြူ.................၅တက်ခန့်
နံနံပင်အရိုး+အမြစ်......အနည်းငယ်
သကြား......................၃ဇွန်း
ငါးငံပြာရည်.................၃ဇွန်း
မန်ကျည်းသီးမှည့်အနှစ်.၁ဇွန်း
နှမ်းဆီ.......................အနည်းငယ်
ပင်လယ်စာ ၃မျိုးကို...အနေတော်အတုံးငယ်များ
တုံးပြီး..ချင်းဓားပြားရိုက်၊သံပုရာရည်အနည်းငယ်
ပါသောရေနွေးဆူဆူမှာ ၂မိနစ်ခန့်ပြုတ်ပြီးစစ်ကာ
ရေအေးလောင်းအအေးခံထားပါ။
ငရုတ်တောင့်နီ၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်တို့ကို
ညှက်နေအောင်ရောထောင်းပါ။
မန်ကျည်သီးမှည့်ကိုရေနွေးစိမ်ပြီးအနှစ်တိုက်ထားပါ။
ဒယ်အိုးတစ်လုံးကိုဆီအနည်း.ငယ်ဖြင့်အပူပေးကာထောင်းထားသောအရောကိုဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်၊သကြား၊မန်ကျည်းမှည့်အနှစ်၊ငါးငံပြာရည်တို့ဖြင့်အရသာသွင်းပြီး
မိမိနှစ်သက်တဲ့အရသာရပြီဆိုမှ..ပြုတ်ထားတဲ့ပင်
လယ်စာတွေထည့်ပြီးသမအောင်မွှေပေးပါ။
နောက်ဆုံးနှမ်းဆီလေးလောင်းချပြီး..နံနံပင်လေးအုပ်ကာသုံးဆောင်ပါ။
Credit to ပာင်းချက်နည်းများ
----------
ချက်နည်းပြုတ်နည်းမျိုးစုံနှင့် ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်တို့ကို အမြဲတင်ပေးနေတဲ့ ( ကောင်းထက်ကျော်- မြန်မာဒံပေါက်) ဆိုတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။

No comments:

Post a Comment