Monday, August 31, 2015

ရွှေကြည်ဆနွင်းမကင်း


ရွှေကြည်ဆနွင်းမကင်း
**************

ရွှေကြည်မှုန်. ...........၂ ၁/၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)
အုန်းနို.....................၁ ဗူး ( ၄၂၅ ဂရမ်)
နို.စိမ်း..................... ၁ဗူး (.........။.....)
သကြား....................၃ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြက်ဥ.....................၁ လုံး
ထောပတ်..................၃- ၄ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ဆား........................ဇွန်းဝက် ( လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့...................၁/၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)

ရိုးရိုးရွှေကြည်မှုန်.ဆိုရင်သန်.စင်ဖို.လိုပါမယ်..။အသင့်သုံးတွေကတော့သန်.
စင်ပြီးသားပါ။ ဘိန်းစေ့လည်းထိုနည်းအတူပါပဲ..။

ပထမဆုံးမီးအေးအေးမှာရွှေကြည်မှုန်.တွေကိုရွှေရောင်သန်းပြီးမွှေးလာအောင်
လှော်ပြီးဖြန်.ကာအအေးခံထားပါ။

အုန်းနို.၊ နို.စိမ်း ၊ ကြက်ဥတို.ကို သမအောင်( ကြက်ဥအမျှင်ပြတ်အောင်ထိ)
ခေါက်ပါ။

မုန်.ထိုးမယ့်အိုးမှာ ထောပတ် ၄ ပုံ ၃ ပုံကိုအပူပေးပြီး..ရွှေကြည်မှုန်.တွေစတင်ထည့်ပါ။ ဆား ၊သကြားလဲထည့်ပေါင်းပါ။

အနည်းငယ်မွှေးလာပြီဆိုရင်...ရောခေါက်ထားတဲ့ အုန်းနို.+နို.စိမ်း+ကြက်ဥရည်ကိုထည့်ပြီး..မွှေပေးပါ။

ကြက်ဥပါတဲ့အတွက်သစ်သားယောင်းမနဲ.အဆက်မပြတ်မွှေပေးရပါမယ်
ထိုသို.မမွှေပေးလျှင်ကြက်ဥတွေကအဖတ်များအဖြစ်ပြောင်းသွားတတ်ပါတယ်

မုန်.သားတွေဟာ..ဒယ်အိုး(သို.) သစ်သားယောင်းမမှာမကပ်တော့ဘူးဆိုရင်.
မုန်.သားကျက်တဲ့အနေအထားပါ။ မီးဖိုပေါ်မှချပြီး..လက်ကျန်ထောပတ်သုတ်
လိမ်းထားတဲ့...မုန်.ဖုတ်ဗန်းမှာလောင်းထည့်ပါ။

အပေါ်ကနေဘိန်းစေ့လေးတွေကို နှံ.အောင်ဖြူးပေးပါ..။

သံဖြူပြားဖုံးပြီး..အပေါ်မီး ၂ ဆ အောက်မီး ၁ ဆနဲ. နာရီဝက်မှ ၄၅ မိနစ်အထိ
ပြန်ဖုတ်ပေးပါ။

Oven အသုံးပြုသူများကတော့..အလူမီနံယံဖိုင်လ် ခွက်ကို အသုံးပြုပြီး..အပူ
ချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်မှာ ၁၅ မိနစ်ခန်. ဖုတ်ပေးရပါမယ်..။

မှတ်ချက် ။ အကောင်းဆုံးကတော့..မီးသွေးမီးကျီခဲက မုန်.အရသာကိုပိုမိုစေ
ပြီးရနံ.လည်းထူးခြားပါတယ်..

photo credit >>> Google Search
မူရင်းဓါတ်ပုံပိုင်ရှင်အား..ကျေးဇူးအထူးတင်ရှိပါကြောင်း..။

No comments:

Post a Comment