Sunday, August 30, 2015

ဝက်သား (သို.) ကြက်သားပေါက်စီ


ဝက်သား (သို.) ကြက်သားပေါက်စီ
**********************

ပေါက်စီအတွက်ဂျုံသား
***************

ဂျုံနုမှုန်. ..........................၃ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သီးနွေးရေ.................၁ ခွက် (...................။.............)
ဂျုံပွဆေး ( Yeast ).............. ၂ ဇွန်း ( လက်ဖက်ရည်ဇွန်း )
ဆား.................................၁/၂ ဇွန်း( .............။.........)
သကြား.............................၁ ဇွန်း (..............။...........)
ဆီသန်.သန်. ......................၂ ဇွန်း ( ထမင်းစားဇွန်း )

ဇလုံခပ်ကြီးကြီးထဲမှာ ဂျုံမှုန်.မှလွဲပြီး အားလုံးပေါင်းစပ်ပါ။ Yeast (ဂျုံ ပွဆေး) ကို
ရေမှာပျော်ဝင်သည်အထိ မွှေပေးပါ...။ဆီကိုတော့ဂျုံမှုန်.နယ်တဲ့အချိန်မှ...
အနည်းငယ်စီထည့်ပေးရပါမယ်....။

ထို.နောက် သန်.ရှင်းသောစားပွဲတစ်ခုပေါ်မှာ ဂျုံမှုန်.ကို အလယ်မှဖောက်ချပြီးဖျော်စပ်ထားသောအရည်ကို ဖြည်းညှင်းစွာလောင်းထည့်ပြီးရောနယ်ပါ...။

ရေနဲ.ဂျုံမှုန်.သမစွာပေါင်းစပ်သွားရင်တော့..လက်သီးဆုပ်နဲ.မုန်.သားကျ
အောင်ထိုးနယ်ပေးရပါမယ်...။

မှုန်.သားအသားကျအောင်နယ်ပြီးရင်တော့...၅ မိနစ်ခန်.အ၀တ်ပါးလေးအုပ်ပြီးအချဉ်ဖောက်လာအောင်ထားပေးရပါမယ်...။

ထိုမှတဆင့် မိမိပြုလုပ်လိုတဲ့ အလုံးအရွယ်လေးတွေလုံးပြီး..ဗန်းတစ်ခုမှာဂျုံမှုန်.
ပါးပါးဖြူးကာ..နောက်ထပ် (၁၅ ) မိနစ်ခန်. ပွလာအောင်ထားပေးရပါမယ်..။

ထို(၁၅) မိနစ်အတွင်း အတွင်းသားအစာကိုပြုလုပ်ရပါမယ်...။

Filling လို.ခေါ်တဲ့အတွင်းသားအတွက်
************************

ပဲပင်ပေါက် ............၁ ကီလို
မှိုဖြူ (သို.) မည်း.....၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်နီ........... ၁ခွက် ( ................။...............)
မုန်လာဥနီ.............၁/၂ ခွက် (..............။...............)
ကျုတ်ဆိုင်..............၁ ခွက် ( ................။..............)
ကြက်သွန်မြိတ်.........၁ ခွက် ( ................။..............)

ပဲပင်ပေါက် ၊ ကြက်သွန်မြိတ်၊ ကျုတ်ဆိုင်တို.ကိုတော့ ၁လက္မအရွယ်လောက်ပိုင်း
ဖြတ်ပြီး...မှို ၊ မုန်လာဥနီ ၊ ကြက်သွန်နီ တို.ကိုတော့...၂ စင်တီမီတာလောက်ပိုင်းဖြတ်ပြီးအားလုံးကိုသမအောင်မွှေပေးထားပါ....။

ဝက်သား( သို. ) ကြက်သားနုပ်နုပ်စဉ်း ၅၀၀ဂရမ်လောက်ကို...ဒယ်အိုးတစ်လုံး
မှာ နှမ်းဆီ ၁ ဇွန်းလောက်ကို အပူပေးပြီး..ကြက်သွန်ဖြူနုပ်နုပ်စဉ်း ၂ ဇွန်းလောက်နဲ့ ဆီသတ်ပါ..။ပဲငံပြာရည်အကြည်၊သကြားအနည်းငယ် ၊ ငရုတ်ကောင်းမှုန်.တို.နဲ့အရသာသွင်းပြီး..ရေခမ်းသည်အထိ ကြော်ပေးပြီးအအေးခံပါ...။

ထို.နောက် ပာင်းသီးပာင်းရွက်များနှင့် ပေါင်းစပ်ပါ...။

ပွလာသောဂျုံသားလုံးတစ်ခုကိုယူပြီး လက်ဖ၀ါးပေါ်မှာ အနည်းငယ်ချိုင့်ခွက်သွားအောင်ပြင်ဆင်ယူပြီး..အတွင်းကို.ထမင်းစားဇွန်း ၂ ဇွန်းခန်.အစာကိုဖြည့်ပါ....

ဂျုံမှုန်.အနားသားလေးတွေကိုညီမျှစွာဆွဲယူပြီး...မိမိကျွမ်းကျင်သလို..၃ ခုမှ ၅ခုအထိလိမ်ပြီး..အနားသိမ်းလိုက်ပါ....။အနားသိမ်းထားသောအပိုင်းကိုအပေါ်ဖက်မှာထားပြီး....လက်ဖ၀ါးထက်ကအပိုင်းမှာမုန်.လုံးရဲ.၂ ဆ လောက်ရှိ တဲ့စက္ကူလေးကပ် ပြီး...ပေါင်းမယ့်အိုးထဲမှာ နေရာချထားပါ...။

ဂျုံသားမုန်.လုံးမှာမပေါက်အောင်ဂရုစိုက်ပေးရပါမယ်....။

ပေါင်းအိုးဆန်.သလောက်အရေအတွက်ရရင်တော့..အငွေ.လုံအောင်ပိတ်ပြီး.
(၁၀) မိနစ်မှ....( ၁၅) မိနစ်ခန်.ပေါင်းပေးရပါမယ်...။

ပေါက်စီကို ငရုတ်သီးဆီချက်နဲ.တွဲစားရတာအလိုက်ဖက်ဆုံးပါ..။

ငရုတ်သီးဆီချက်အတွက်
****************
ငရုတ်ခြောက်တောင့်တွေကိုလှော်ပြီးညှက်နေအောင်
ထောင်းပါ။ နှမ်းကိုလည်း လှော်ပြီး..လုံးခြမ်းကွဲရုံလောင်းထောင်းပြီး..ငရုတ်သီးလှော်မှုန်.နဲ.ရောမွှေထားပါ....။

ဆီ ၃၀ မီလီ လောက်ကို အိုးတစ်လုံးမှာ အငွေ.ထွက်သည်အထိအပူပေးပြီး....
ငရုတ်သီးလှော်မှုန်.ပေါ်ကို ၁ ဇွန်းချင်းလောင်းချပြီး...သမအောင်မွှေပေးပါ။

No comments:

Post a Comment