ဝက်သုံးထပ်သား အကြွပ်ကြော် ကြော်နည်း
------
------
ဒီတခါ ၀က်သားကြိုက်နှစ်သက်မယ့် သူငယ်ချင်းတွေအတွက် ၀က်သုံးထပ်သားအကြွပ်ကြော်လေးလုပ်စားရအောင်။ ၀က်သား မစားတဲ့သူတွေအတွက် နောက်မှ စားစရာ တင်ပေးပါ့မယ်။
Ovenနှင့် ကင်စရာမလိုပဲ ဆီများများလေးနှင့် အကြွပ်ကြော်ထားတာပါ။ ၀က်ခေါက်ကင်ထားတဲ့ အရသာအတိုင်း အခေါက်လေးက ကြွပ်ကြွပ်လေးနှင့် အရမ်းစားလို့ ကောင်းပါတယ်။
ဝက်သား ၀ယ်ရင် အခေါက်ထူတာလေးဆို ပိုကောင်းပါတယ်။
ဝက်သား ၀ယ်ရင် အခေါက်ထူတာလေးဆို ပိုကောင်းပါတယ်။
ဒီအကြွပ်ကြော်လေးကို ထမင်းပေါင်းထဲ ထည့်ထည့်၊ ကြက်သွန်နီပါးပါးလှီးပြီး ချဉ်ငံစပ်ကလေး သုပ်စားစား၊ ဒီအတိုင်း အချဉ်ရည်လေးနှင့် တို့ စားစား အမယ်စုံ ပြင်ဆင်စားလို့ ရပါသေးတယ်။
Ingredients:
ဝက်သုံးထပ်သား ၂၅ ကျပ်သား
ငရုတ်ကောင်းမှုန့် အနည်းငယ်
တရုတ်မဆလာ ထမင်းစားဇွန်း ၁ဇွန်း
ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း
ဆား အနည်းငယ်
ဆီ ၃၀ကျပ်သား
ဝက်သုံးထပ်သား ၂၅ ကျပ်သား
ငရုတ်ကောင်းမှုန့် အနည်းငယ်
တရုတ်မဆလာ ထမင်းစားဇွန်း ၁ဇွန်း
ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း
ဆား အနည်းငယ်
ဆီ ၃၀ကျပ်သား
အချဉ်ရည်အတွက်
ငရုတ်ရှည်အနီ ၅တောင့်
ကြက်သွန်ဖြူ ၃မွှာ
နံနံပင် အနည်းငယ်
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
မန်ကျည်းရည် ထမင်းစားဇွန်း ၂ဇွန်း
ငရုတ်သီးအကျက်မှုန့်  အနည်းငယ်
သကြား အနည်းငယ်
ငရုတ်ရှည်အနီ ၅တောင့်
ကြက်သွန်ဖြူ ၃မွှာ
နံနံပင် အနည်းငယ်
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
မန်ကျည်းရည် ထမင်းစားဇွန်း ၂ဇွန်း
ငရုတ်သီးအကျက်မှုန့်  အနည်းငယ်
သကြား အနည်းငယ်
Preparation Method:
၁) ၀က်သုံးထပ်သားကို သန့် စင်ပြီး ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် နယ်ပြီး ၁၅မိနစ်ခန့် နှပ်ပါ။
၂) အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ၀က်သားမြုပ်တဲ့ ရေပမာဏ ဖြစ်ရပါမယ်။ ပြီးလျှင် ၀က်သားထည့်ပြီး နာရီဝက်ခန့် ပြုတ်ပါ။
၃) ၀က်သားကို ဆယ်ယူပြီး ခက်ရင်းဖြင့် အခေါက်ကို နေရာအနှံ ထိုးဖောက်ပါ။ ဆား၊ တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ရှာလကာရည်တို့ဖြင့် အသားထဲစိမ့် ဝင်အောင် နယ်ပါ။ နာရီဝက်ခန့်  နှပ်ပြီးလျှင် အသားကို ဓားဖြင့် အမြှောင်းကြီးကြီး လှီးပါ။ Kitchen Towel ဖြင့် ရေခြောက်အောင် သုတ်ပါ။
၎) အိုးထဲသို့  ဆီများများထည့်ပြီး တည်ပါ။ အနည်းငယ်ပူလာလျှင် အသားကို ထည့်ကြော်ပါ။ ဆီမပေါက်အောင် အဖုံးအုပ်ထားပါ။ ဆီဆူလာတာနှင့် အသားထဲမှ အရည်ထွက်ပြီး ဆီအရမ်းပေါက်ပါတယ်။ ဆီပေါက်သံ အရှိန်လျှော့သွားလျှင် နောက်တစ်ဖက် ပြောင်းပါ။ လိုချင်တဲ့အနေအထား ရပြီဆိုလျှင် ဆယ်ယူပြီး ဆီစစ်ပါ။
၅) ကြွပ်ကြွပ်လေး စားချင်လျှင် နောက်တစ်ကြိမ် ပြန်ကြော်ပြီး ဆီစစ်ပါ။

ချဉ်ငံစပ် အချဉ်ရည်လေးနှင့် ၀က်သုံးထပ်သား အကြွပ်ကြော် မြည်းကြပါဦးရှင်။
p.s chili sauce နှင့်လည်း လိုက်ဖက်ပါတယ်။
Credit : KaeKae's FoodPalace

No comments:
Post a Comment