Monday, August 31, 2015

ရာသီစာမုန်.လက်ကောက်ကြော်


မုန်.လက်ကောက်ကြော်ဆိုတာကလည်း..သင်္ကြန်ရာသီစာတစ်ခုဖြစ်ပါတယ်။
မြန်မာဓလေ့ထုံးတမ်းစဉ်လာအရဆို..သီတင်းကျွတ် နဲ.တန်ခူးလတွေမှာမြန်မာ
ရိုးရာမုန်.တွေ.ကိုအများဆုံးပြု လုပ်ကြတာ..အစဉ်အလာတစ်ရပ်ပါ။

ကျွန်တော်တို.ငယ်ငယ်ကတော့..အမေက အကြို နေ.ကစနှစ်ဆန်း(၁) ရက်ထိ
မုန်.တွေတစ်မျိုးစီလုပ်တတ်ပါတယ်..။

ရာသီစာမုန်.လက်ကောက်ကြော်
********************

ကောက်ညှင်းမှု န်. ........... ၆ ဆ
ဆန်မှုန်. ....................... ၁ ဆ
ထန်းလျက်
ဆီသန်.သန်.

ပထမဆုံးထန်းလျက်( ထန်းဖိုထန်းလျက်ခေါ်ပါတယ်) ကို ညောင်စေးကျလု
နီးပါးကျို ပြီးအအေးခံထားပါ ။

ကောက်ညှင်းမှု န်. ၊ဆန်မှု န်.တွေကိုရောပြီး..ရေခပ်နွေးနွေး( မပူစေရ ) နှင့်
စတင်နယ်ပါ ။

ရေအချိုး ကိုဖော်ပြဖို.အင်မတန်ခက်ခဲပါတယ်..ကောက်ညှင်းမှု န်.အပေါ်မူ
တည်တတ်လို.ပါ။

မုန်.သားက လက်မှာမကပ်တဲ့ မပျော့မမာ အနေအထားကိုရောက်အောင်
နည်းနည်းချင်း ထည့်နယ်ပေးရပါမယ်..။

မုန်.သားနယ်ပြီး ပြီဆို အ၀တ်ပါးလေးအုပ်ပြီး (၁၅) မိနစ်ခန်.နှပ်ထားပါ။

၅ မိနစ်အလိုလောက်မှာ ဆီကိုအပူပေးထားပြီး..မုန်.သားတွေကို ဒိုးပြားစာ
အရွယ်အလုံးလေးတွေမှတဆင့်. လှိမ့်ပြီး.မုန်.လက်ညှိုးပုံစံရယူပြီး..ထိပ်ဖျား
၂ ခုကိုထိမိ အောင်စပ်ကာ ဆီပူပူမှာထည့်ကြော်ပါ။

( သတိပြုရမှာက..ဆီအိုးကို ပထမဆုံးမီးပြင်းပြင်းမှာအပူပေးထားရပြီး..မုန်.
တွေထည့်ကြော်တဲ့အချိန် မီးကိုလျှော့ ချ ထားရမှာဖြစ်သလို ၊ လိုအပ်ပါက..
မီးအရှိန်ကိုပြန်လည်မြှင့်တင် ထိန်းညှိ တတ်ဖို.တော့လိုအပ်ပါမယ်..။)

မီးဖိုပေါ်မှချပြီး မကြာခင်အချိန်အတွင်းမှာ ထန်းလျက်ရည်နဲ.တို.ပြီးသုံးဆောင်ပါ။

No comments:

Post a Comment