ညစာအတွက် အရမ်းကြိုက်တဲ့ ရှမ်းဟင်းထုပ်ကို ကြက်သားထည့်ပီးလုပ်ထားပါတယ်
ညီမ Lin Thawdar ရဲ့ နည်းနဲ့ လုပ်ထားတာပါရှင်
ဆန်မှူန့်အစိမ်း ၁၅၀ g
ကြက်သွန်မိတ် ၁ စည်း(အကြီး)
ဆီ ထမင်းစားဇွန်း ၁ ဇွန်း
ဆား အနဲငယ်
ကြက်သားမှူန့် အနဲငယ်
သကြား အနဲငယ်
ရေ လိုသလောက် (ဆန်မှူန့်ပျစ်ပျစ်အနေအထား)
ကြက် သို့ ဝက် ပြုတ်ပီးသားပါးပါးလှီး အနဲငယ်
အားလုံးကို ဇလုံတခုထဲ ရောနယ်ပီး ငှက်ပျောဖက်ကို မီးကင်ပီး ထုပ်ပါ
ပေါင်းအိုးထဲ ထည့်ပီး မိနစ်၄၀ ခန့် မီးပြင်းပြင်းနဲ့ပေါင်းပါ
ရရင် ကြက်သွန်ဖြူ ဆီချက် ငရုပ်ဆီချက် ဂျူးမြစ် ကြက်သွန်မိတ် နံနံပင်တို့နဲ့ စားပါရှင်

No comments:
Post a Comment