Wednesday, August 26, 2015

ဖာလူဒါ

ဖာလူဒါ
ဖာလူဒါ လုပ်မယ်ဆိုရင် ice cream နဲ့ မုန့်လက်ဆောင်းဖတ် ကို ဝယ်ထားပါတယ်.. ကျန်တာတွေ က တော့ အိမ်မှာပဲ လုပ်ပါတယ်..
1. မုန့်လက်ဆောင်းဖတ် ကို ရေနွေးဖြော, ရေအေးနှင့် အေးအောင်ဆေးပြီး ဇကာနှင့်စစ်ထားပါ.. ပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..
2. ဂျယ်လီလုပ်ရန်...... ရေ 250ml နှင့် သကြား 3tbsp တို့ကို ရော၍ medium heat ဖြင့်တည်ပါ.. ရေဆူလာလျင် agar agar အမှုန့် 2g ကို ထည့်ပြီး နောက်ထပ် ၂မိနစ်ခန့် ဆူပါစေ.. အဆက်မပြတ်လဲ မွှေပေးပါ.. ပြီး အရောင် ထည့်ထားသော ခွက်၂ခွက် ထဲ မျှထည့်ပြီး အရောင်သမသွားအောင် မွှေပေးပါ.. ထို့နောက် ဂျယ်လီ လုပ်မည့် ခွက်လေးများထဲ ထည့်၍ အအေးခံထားပြီး, အေးသွားလျင် ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..
3. သာကူ..... သာကူ လက် ၃ဆုပ်ခန့်ကို ရေစိမ် ထားပါ.. ရေ 800ml ကို ဆူအောင်တည်ပြီး သာကူ များကို ရေစစ်၍ ထည့်ပါ.. သကြား 3tbsp ထည့်ပါ.. မီးအေးအေးနှင့် အဆံ ပျောက်သည်ထိ ကြိုပါ.. အဆံ ပျောက်သွားလျင် အရောင် ၂စက်ခန့် ထည့်ပြီး မွှေပေးပါ.. ပြီး ဇကာနှင့် စစ်၍ အေးသွားသည်ထိ ရေဆေးပါ.. အေးသွားမှ ရေစစ်ပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..
4. ပူတင်း လုပ်ရန်.... ဂျုံ 2tbsp, ကြက်ဥ ၃လုံး, သကြား 2tbsp, ဆား အချိုဇွန်း တဝက်, ဗနီလာ ၁စက်, နွားနို့ 350liter တို့ကို အိုးထဲ ထည့်၍ ရောမွှေပါ.. မီးအေးအေး နှင့် ပြစ်လာသည်ထိ ကြိုပါ.. အဆက်မပြတ် မွှေပေးပါ.. ( 1to 2sec မျှ ).. oven ကို200· C ဖြင့် ကြိုတင် အပူပေးထားပါ.. ပြစ်လာလျင် ထောပတ် သုပ်ထားသော ဗန်းထဲ ထည့်၍ 35 မိနစ် ဖုတ်ပါ.. မုန့်ကျက်လျင် ဗန်းကို ထုပ်၍ အအေးခံပြီး, အေးသွားမှ နှစ်သက်ရာ အတုံးသေးလေးများ လှီးပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..
5. သကြားရည်..... ရေ အကြမ်းပန်းကန် ၂လုံးစာ ကို ဆူအောင် တည်ပြီး အမှုန့်သေးသော သကြား 4tbsp ကိုထည့်၍ သကြားများ အားလုံး ပျော်ဝင် သွားအောင် တည်ပေးပါ... အနီရောင် food colouring ၁စက်, ၂စက် နှင့် နှင်းဆီအနံ 1tsp ခန့်ထည့်ပါ ( ဖာလူဒါ လုပ်ရင် နှင်းဆီနံ့ က အရေးကြီးဆုံးပါ..မပါမဖြစ် ပါရမယ် ) .. သကြားများ ပျော်ဝင်သွားမှ အအေးခံပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..
စားခါနီးတွင် ခွက်ထဲသို့ အအေးခံထားသော အရာများ ( 1to 4 ) ကို နည်းနည်းစီ ကြိုက်သလို ထည့်, ဘူး နွားနို့ အနည်းငယ် ( ကြိုက်သလောက် ) ထည့်,သကြားရည် ထမင်းစားဇွန်း ၁ဇွန်းခွဲခန့် ထည့်, နို့ဆီ 1tbsp ကိုပါ ထည့်, ပြီး အပေါ်ဆုံးတွင် ice cream ကိုထည့်ပါ..
ကဲ ဖာလူဒါ အေးအေး မွှေးမွှေး ချိုချို လေးကို အချိုပွဲ အဖြစ် လုပ်စားကြည့်ပါနော်..🍧🍦

No comments:

Post a Comment