Tuesday, August 25, 2015

သီးစုံထမင်းကြော်......။




Fried Rice with Mixed Vegetables...
*************************
သီးစုံထမင်းကြော်......။
***************

သီးစုံထမင်းကြော်လေးပါ...။Buffet Partyလုပ်ချင်သူများအဆင်ပြေပါမယ်....။

ပါဝင်ပစ္စည်းများ.....။

၁။ ထမင်းဖြူ (ထမင်းကို...အနည်းငယ်မာမာလေးချက်တာကကြော်ရတာအဆင်ပြေပါမယ်.

၂။ အသီးရွက်စုံ..( ready packet တွေကိုသယ်ရနိုင်.မုန်လာဥနီ၊ပြောင်းဖူး၊ ပဲစိမ်းလုံးပါဝင်ပါတယ်..။ကိုယ်တိုင်လဲ...လတ်ဆတ်တဲ့သီးနှံတွေကိုဝယ်ယူအသုံးပြုနိုင်ပါတယ်...။

၃။ စပျစ်ခြောက်၊သီပိာုဠ်စေ့.(အနည်းငယ်ကြော်ထားပေးရပါမယ်...)

၎။ ကြက်သွန်နီ၊ခရမ်းချဉ်သီး...(အတုံးသေးသေးလေးတွေလှီးစိတ်)

ထမင်းကို..ပဲငံပြာရည်..ကြက်သားမှုန်.တို.ဖြင့်အနည်းငယ်မွှေပါ။
ဒယ်အိုးကိုဆီအနည်းငယ်၊ထောပတ်(သို.)မာဂျရင်းအနည်းငယ်ဖြင့်အပူပေးပြီး...ကြက်သွန်ဖြူနုပ်နုပ်စဉ်းကိုဆီသတ်ပါ..။
Mixed vegetables ထည့်ပြီးရောမွှေပါ။ပြီးလျှင်ထမင်းထည့်ကြော်ပေးရပါမယ်...
အတန်ကြာကြော်ပေးပြီး..သမသွားလောက်ချိန်မှာတော့စပျစ်ခြောက်၊သီပိာုဠ်စေ့၊.ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ကြက်သွန်မြိတ်တို.ကိုရောထည့်ပေးပြီး...ငရုတ်ကောင်းမှုန်.ဖြူးလိုက်ရင်တော့...စားသုံးလို.၇ပါပြီ....။

ရွှင်လန်းချမ်းမြေ.ကြပါစေ......။

No comments:

Post a Comment