Saturday, August 29, 2015

မာဘယ်လ် အုန်းနို့ကော်ဖီကျောက်ကျောပါရှင်

မာဘယ်လ် အုန်းနို့ကော်ဖီကျောက်ကျောပါရှင်..အလွှာလိုက်လုပ်ရတာစိတ်မရှည်သူများအတွက်..မြန်လည်းမြန်..လှလည်းလှပါတယ်ရှင်..။
ပါဝင်သောပစ္စည်းများ
1. ကျောက်ကျော မှုန့် (တယ်လီဖုန်းတံဆိပ်- ၂၅ gm) ၁ ထုပ်
2. ရေ ၁.၅- ၁.၈ လီတာ
3. အုန်းနို့ ဗူးဝက် (၂၀၀ မီလီလီတာ)
4. နို့မှုန့် ၁ စားပွဲဇွန်းမောက်မောက်
5. သကြား ၄၀၀-၄၅၀ ဂရမ်
6. ဆား အနည်းငယ်
ပြုလုပ်နည်း
1. ကျောက်ကျောမှုန့်တ၀က်စီခွဲ အုန်းနို၊ နို့မှုန့် အေ၇ာနဲ့ ကြိုမည့် ဘက်ကို အနည်းငယ် ပိုထည့် ၊ ဆား၊ သကြားတ၀က်၊ ရေတ၀က် အရင်ရောပီးဖျော်၊ဇောက်နက်တဲ့ အိုးထဲမှာ မီး အပူ အလယ်လတ်နဲ့ ဆူလာအောင်ကြို၊ ပီးရင် ခွက်ခဲမှာ အအေးခံထား၊
2. ကျန်ကျောက်ကျောမှုန့်တ၀က်ကို ကော်ဖီမှုန့်နဲ့ရောမွှေပီးကြို၊ နဲနဲအေးသွားအောင်ထား၊(မမီးက brew လုပ်ထားတဲ့ ကော်ဖီရောထားတော့ ခါးတယ်..။)
3. ခဲနေတဲ့ အုန်းနို့ နဲ့နို့ အရော ကို ဗီဒီယိုထဲက အတိုင်းလှီး၊ နည်းနည်းအေးသွားတဲ့ ကော်ဖီကျောက်ကျော လောင်းထည့်၊ အအေးခံ၊ လိုရာပုံလှီးပါ၊
4. မမီးက နည်းနည်းချင်းစီလုပ်တော့ ရက်စပီက ရေးရတာ ခက်တယ်.. ကျောက်ကျောထုတ်မှာ ရေးထားတဲ့ အတိုင်း ကျောက်ကျောမှုန့် ၁ gm ကို ရေသကြားအုန်းနို့ အရော ၁၂၀ gm နဲ့ ကြိုသင့် ပါတယ်တဲ့..။ မမီးက နည်းနည်း မာချင်တော့ ရေ နည်းနည်း လျှော့ထည့်ပါတယ်..။
5. နို့ကျောက်ကျော ထဲကို ကော်ဖီကျောက်ကျော လောင်းထည့်တဲ့ အခါ နို့ကျောက်ကျောနဲ့ တညီထဲ သို့မဟုတ် အနည်းငယ်သာ ကျော်သင့်ပါတယ်..ကိုယ်အသုံးပြုမည့် ဗန်းထဲကို ရေ တိုင်းထည့်ပီးကြိုတင် ခန့်မှန်းထားသင့်ပါတယ်..။
T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီလီတာ
tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီလီတာ
C = cup= ၂၃၀ မီလီလီတာ
gm= ဂရမ် ( ၈၀ ဂရမ်= ၅ ကျပ်သား ခန့်မှန်းချေ )
ml= မီလီလီတာ
0:51/0:51
2.1k Views

No comments:

Post a Comment