Sunday, August 30, 2015

ဂျပန်ရိုးရာကန်စွန်းဥမုန်. ( Sweet Potato Cakes)


ဂျပန်မုန်.လုပ်နည်းစာအုပ်တစ်အုပ်ဖတ်ပြီး...မုန်.လုပ်နည်းလေးတစ်ခုရလို.
လုပ်စားကြည့်တာ...အဆင်ပြေလွယ်ကူလွန်းတာမို.ဝေမျှလိုက်ပါတယ်..။

ဂျပန်ရိုးရာကန်စွန်းဥမုန်. ( Sweet Potato Cakes)
********************************

ပါဝင်ပစ္စည်းများ...

ကန်စွန်းဥအဖြူ.......................၉၀၀ ဂရမ်
သကြား................................၂၅၀ ဂရမ်
ရေ......................................၂ လီတာ
ကျောက်ကျောမှုန်...................၄ ဂရမ်
ဆား....................................အနည်းငယ်

ကန်စွန်းဥတွေကိုလုံးဝနှူးအိသည်အထိ..အငွေ.ခံပေါင်း( သို.) ပြုတ်ပြီး
အအေးခံပါ။

အခွံတွေခွါပြီး...ညှက်နေအောင်ချေထားပါ။

ရေကိုအပူပေးပြီး..သကြားနှင့်ဆားကို ထည့်ကျိုပါ( သကြားမသန်.လျှင်
အနည်စစ်ပေးဖို.လိုအပ်ပါမည်...)

မီးဖိုပေါ်မှ..ခဏတာဖယ်ရှားပြီး..ကျောက်ကျောမှုန်.ကိုရေဖျော်ကာ..ထည့်
ပြီးမွှေပေးပါ..။

နောက်ဆုံး..ချေထားတဲ့ကန်စွန်းဥတွေကို ရောထည့်ပြီး..သမအောင်မွှေပေး
ပါ..။ထိုအချိန်မှာ..အနည်းငယ်စေးထန်းလာမှာဖြစ်တဲ့အတွက်ဂရုပြုပြီးမွှေ
ပေးရပါမယ်....။

ကျောက်ကျောဗန်းငယ်တစ်ခုမှာ၁လက်မခွဲ အထူလောက်ကိုမှတ်သားထားပြီး
ထိုမုန်.ရည်ကိုလောင်းချအအေးခံပါ။

ပုံမှန်အပူချိန်မှာအေးခဲသွားပြီဆိုလျှင်..ရေခဲသေတ္တာသာမန်အအေးခန်းမှာ.
(၁၅) မိနစ်လောက်အအေးခံပြီး...စတုရန်း(သို.) စတုဂံပုံစံလေးတွေလှီးဖြတ်
သုံးဆောင်ပါ။
 — with May Oo.

No comments:

Post a Comment