Monday, August 31, 2015

ရွှေဖရုံသီး ၊ ကန်စွန်းဥ နှင့်အုန်းနို.သာကူချို


ရွှေဖရုံသီး ၊ ကန်စွန်းဥ နှင့်အုန်းနို.သာကူချို
***************************

ရွှေဖရုံသီး.......................၅၀၀ ဂရမ်
ကန်စွန်းဥ၀ါ....................၅၀၀ ဂရမ်
ပုလဲသာကူ....................၁၇၅ ဂရမ်(တစ်ထုပ်)
နို.ဆိမ်း........................၁ ဗူး
အုန်းသီး.......................၁ လုံး
ဆား............................အနည်းငယ်
ဆွမ်းမွှေးရွက်................၂ ရွက်
သကြား......................မိမိနှစ်သက်သလို

ပထမဆုံးအုန်းသီးကိုခြစ်ပြီး အ၀တ်ပါးလေးထဲထည့်ကာရေခပ်နွေးနွေးလေးနဲ.
လောင်းပြီးအုန်းနို.ရည်ညှစ်ထုတ်ပါ။( ဒီနည်းလမ်းကအုန်းနို.ကိုနွားနို.ရောင်ကဲ့
သို.ရရှိစေပါတယ်။

ရွှေဖရုံသီး ၊ ကန်စွန်းဥ၀ါတို.ကို အနေတော်အတုံးများ တုံးပြီး တစ်ဝက်ကျက်လောက်အောင်ပေါင်းပါ။

ရေနွေးပွက်ပွက်ဆူမှာ..သာကူစေ့တွေကိုထည့်ပြုတ်ပြီးသစ်သားယောင်းမ
လေးနဲ.မွှေပေးပါ။ တစ်ဝက်ကျက်( အထဲမှာမျက်ဆံတစ်ဝက်ကျန်) မှာဇကာ
ထဲလောင်းချပြီး..ရေအေးလောင်းပါ။

အုန်းနို. ၊ သကြား ၊ ဆား ၊ဆွမ်းမွှေးရွက်တို.ကိုမီးအေးအေးမှာတစ်ပွက်ဆူ
စတည်ပါ( မီးပြင်းပါက အူန်းနို.များသည်အဆီအဖြစ်သို.ကူးပြောင်းသွားတတ်
သည်ကိုသတိပြု ပါ )

အုန်းနို.တစ်ပွက်ဆူလာပြီဆိုတာနဲ. တစ်ဝက်ကျက်ပြုတ်ထားတဲ့သာကူစေ့တွေ
ထည့်ပါ။သာကူစေ့တွေ..အားလုံးကျက်ခါနီးမှာပေါင်းထားတဲ့ကန်စွန်းဥ ၊
ရွှေဖရုံသီးတွေထည့်ပါ။

နောက်ဆုံးနို.စိမ်းလေးလောင်းရင်..အုန်းနို.သာကူမှာပါဝင်တဲ့အရာအားလုံး
ကျက်ပြီးဖြစ်သလို စေးထွေးထွေးကြီးဖြစ်မနေတဲ့..သာကူချိုလေးရရှိမှာပါ။

No comments:

Post a Comment