Wednesday, August 26, 2015

သာကူပြင်

သာကူပြင်
ပါဝင်သောပစ္စည်းများ
1. သာကူစေ့ ၂၀၀ gm
2. ဆန်မှုန့် ၂၅ gm 
3. သကြား ၁၀၀ gm
4. ဆား သင့်ရုံ
5. အုန်းနို့ ၂၄၀ ml (သာကူနှင့်ရော ကြိုရန်)
6. ရေ ၁၂၀ ml
7. ဘိန်းစေ့ ၁ ၁/၂ tsps
8. ဆီ အနည်းငယ် (ဒါး၊ မုန့်ဖုတ်ခွက် တို့ကို သုတ်ရန်)
9. အုန်းနို့ ၁၆၀ ml ( မျက်နှာပြင် အတွက် သုံးရန်)
10. သကြားညို ၁ T (မျက်နှာပြင်ကို ဖြူးရန်)
11. ဆန်မှုန့် ၂ T
ပြုလုပ်နည်း
1. သာကူကို ၂ နာရီ*** ရေစိမ်ပါ၊ မကြိုခင်မှာ ရေ ၂ ပြန်ဆေးပြီး ဇာကာဖြင့်စစ်ထားပါ။ (တချို့သာကူ ရေစိမ်တာနဲ့ ပြဲထွက်သွားတတ်)
2. ဆန်မှုန့် နဲ့ ရေ ကို ရောပြီးဖျော်ထားပါ။
3. သာကူချက်မည့်အိုးထဲတွင် အုန်းနို့ ၁၆၀ ml ကို သကြား ၁ T ၊ ဆန်မှုန့် ၂ T ဖြင့် သမအောင်မွှေပါ၊ သမသွားလျှင် Medium low heat ဖြင့် လုံးထွေးလာသည်အထိ အဆက်မပြတ်မွှေပေးပါ၊ ခွက်တစ်ခုထဲဖယ်ထားပါ၊ (အုန်းနို့ လျှော့စားလိုပါက ယ္ခုအဆင့်ကို ပြုလုပ်ရန်မလိုပါ၊)
4. အုန်းနို့ ၂၄၀ ml ကြိုပါ၊ သကြား၊ဆား တို့ကို အုန်းနို့ထဲထည့်မွှေပါ။ သာကူကို ရေကုန်အောင် ဇကာဖြင့် စစ်ပြီး ဆူနေသည့် အုန်းနို့အိုး ထဲထည့်မွှေပါ။ ရေဖျော်ထားတဲ့ ဆန်မှုန့် ရောထည့်မွှေပါ၊ အကျက်ညီအောင် အဆက်မပြတ်မွှေပေးနေရပါမည်။ Medium heat/ low medium ဖြင့်ချက်ပါ။
5. သာကူစေ့ ရဲ့ ၂/၃ လောက်က ကြည်ကြည်လေးဖြစ်လာပြီ၊ မုန့်သားလည်းထွေးလာပြီ ဆိုရင်၊ မီးပိတ်၊ မီးဖိုပေါ်ကချပြီး မုန့်ဖုတ်မဲ့ ခွက်ထဲပြောင်းထည့်ပါ။ ဖြန့်တဲ့ အခါ ယောင်းမကို ဆီဆွတ်ပြီးဖြန့်ပါ၊
6. မုန့်ဖုတ်ခွက် အရွယ်၂.၇၅x ၅.၅x ၅.၅ လက္မ့ရှိပါတယ်။ သာကူပြင်ပြည့်လုနီးပါး ရပါတယ်၊
7. အပေါ်ကနေ ဆန်မှုန့်နဲ့ အုန်းနို့ ချက်ထားတာ ဖြန့်ထည့်ပြီး (အုန်းနို့ မသုံးလိုလျှင် သကြားညို ၁ T ဖြူးပြီး) ဘိန်းစေ့ဖြူးပါ။
8. oven ရဲ့ ဒုတိယ အဆင့်မှာထားပြီး ၃၇၅ F နဲ့ ၅-၈ မိနစ် (သို့မဟုတ်) အပေါ်မျက်နှာပြင် ရွှေအိုရောင်ဖြစ်လာတဲ့ အထိ အပေါ်မီးဖြင့် ဖုတ်ပါ။
9. လုံးဝအေးသွားတဲ့အခါ ဒါးကို ဆီဆွတ်ပြီး လှီးမှ အတုံးလှလှ ရပါမယ်။
အချို ကြိုက်သူတို့ အတွက် သကြား အနည်းငယ်ပိုထည့်ရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။ (သာကူ စထည့်ချိန်မှစပီး ၅ မိနစ်ခန့်သာမွှေရတတ်ပါတယ်..မီး အပူ ပမာဏ ကွာခြားမှုအပေါ်မူတည်ပီး မွှေရတဲ့ အချိန်ကွာခြားနိုင်ပါတယ်) ရေများသွားလျှင် သာကူပြင် ပျော့ပျော့ကြီးဖြစ်မည်။ သာကူစေ့ ပျောက်သည့် အထိ ကြိုလျှင် သာကူပြင် ပျော့ပျော့ကြီးဖြစ်မည်။ သာကူစေ့ အမျိုးစားပေါ်မူတည်ပီး ရေစိမ်ရသော အချိန်ကာလ ကွာခြားပါသည်၊ တချို့ သာကူမှာ ရေနဲ့ ထိထိချင်း ပွလာတတ်လို့ ၁၀-၁၅ မိနစ်ခန့်သာ ရေစိမ်ဘို့ လိုပါသည်။ ပထမဦးဆုံး စမ်းလုပ်သူများ အဘို့ ပေးထားသော အချိုး ရဲ့ တ၀က်ကို သာ လုပ်သင့်ပါတယ်။
T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီလီတာ
tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီလီတာ
C = cup= ၂၃၀ မီလီလီတာ
gm= ဂရမ်
ml= မီလီလီတာ
၂၇.၅ ကျပ်သား = ၁ ပေါင် = ၄၅၄ ဂ၇မ်
၁၀ ဆယ်သား = .၃၆ ပေါင် = ၁၆၅ ဂရမ်
၅ ကျပ်သား = .၁၈ ပေါင် = ၈၂ ဂရမ်
၂ကျပ်ခွဲသား = .၀၉ ပေါင် = ၄၁ ဂရမ်

No comments:

Post a Comment