Monday, August 31, 2015

ငါးရောင်ခြယ်ကျောက်ကျော


ငါးရောင်ခြယ်ကျောက်ကျော
******************

ထိုင်းကျောက်ကျောမှုန်.(တယ်လီဖုန်းတံဆိပ်).....၁ ထုပ်
သကြား....................................................၅၀ ကျပ်သား
လိမ္မော်ရည်အပျစ်.....................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
စပျစ်ရည်အပျစ်........................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
သစ်ခွဖျော်ရည်........................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
နို.စိမ်း.....................................၁ ၁/၂ ဗူး

တကယ်တော့ကျောက်ကျောတစ်ထုပ်အတွက်ရေက တရုတ်ထမင်းစားပန်းကန်လုံး(၁၃) မှ(၁၄) လုံးပါ။ အုန်းနို.ကျောက်ကျောဆို
လည်း..အုန်းနို.ရည်ကိုအရင်ချိန်ပြီးမှ..လိုအပ်တဲ့ရေကိုထပ်မံဖြည့်စွက်ပေးရ
ပါတယ်..။

ဒီအညွှန်းကကျောက်ကျောအမာလွန်ခြင်း ၊ရေများလို.မခဲခြင်းစတာတွေ
အတွက်မျက်စိစုံမှိတ်နိုင်တဲ့အနေအထားပါ။

ဒီနည်းမှာ..အချိုရည်(၃) မျိုးက ၁ ခွက်ခွဲရှိပြီး..နို.စိမ်းက (၂) ခွက်ရှိနေပါတယ်။

ဒါကြောင့် ရေကို အနည်းဆုံးတရုတ်ထမင်းစားပန်ကန်လုံး(၁၁) လုံးစာကိုဆူ
အောင်တည်ပြီး..သကြားပေါ်လောင်းချကာသကြားရည်ဖျော်လိုက်ပါ

၎ ပုံအညီအမျှရအောင်ခွဲထားပါ။ကျောက်ကျောမှုန်.ကိုလည်း. ၄ ပုံအညီအမျှ
ခွဲပြီး..ပျော်သည်ဆိုရုံလေးရေထည့်ဖျော်ပါ။

မိမိလိုချင်တဲ့အရောင်အစဉ်လိုက်ကျိုလို.ရပါတယ်...။

ကျွန်တော်ကပထမဆုံး ၄ ပုံခွဲထားတဲ့သကြားရည်နဲ.အတူသစ်ခွရည်ကိုရော
ကျိုပါတယ်..။ဆူစပြုလာပြီဆိုတာနဲ.အရည်ဖျော်ထားတဲ့ကျောက်ကျော(၁)
ချိုးထည့်ကာ..လုံးဝပျော်ဝင်သွားပြီဆို..ဗန်းထဲမှာထည့်ပြီးအအေးခံထားပါ
တယ်။

ဒုတိယ နို.စိမ်းနဲ.သကြားရည်ကိုရောပြီး..ပထမနည်းလမ်းအတိုင်းကျိုပါတယ်။

ပထမဆုံးအလွှာရဲ.မျက်နှာပြင်တင်းပြီဆိုမှ...နို.စိမ်းကျောက်ကျောရည်ကို
လောင်းပါတယ်...။

ထိုနည်းအတူ လိမ္မော် ၊ နောက်ဆုံး မှစပျစ်ရည်ကိုလောင်းချအအေးခံပါတယ်။

အသုံးပြုတာ(၄) ရောင်ဆိုပေမယ့်..တကယ်ခဲသွားတဲ့အခါ (၅) ရောင်ရရှိနေ
မှာဖြစ်ပါတယ်...ရေနဲ.ကျောက်ကျောရောစပ်တဲ့အကြည်ရောင်လေးအပါအ
ဝင် (၅) ရောင်ခြယ်ကျောက်ကျောပါ။

No comments:

Post a Comment