Monday, August 31, 2015

ကြက်သား(သို.) ဘဲသားမုန်.( Chicken or Duck Puff )


တရုတ်တန်း ဘဲသားမုန်.တောင်းဆိုထားသူရှိလို.တင်ပေးလိုက်ပါတယ်..။
ဂျုံ သားနယ်ရတဲ့အလုပ်တစ်ခုကတော့..အတော်လေးလက်ဝင်ပါတယ်..။
ဝါသနာပါသူများ..စိတ်ရှည်စွာစမ်းသပ်ကြည့်နိုင်မယ့် အချိုးလေးဖော်ပြပေးလိုက်ပါတယ်..။

ကြက်သား(သို.) ဘဲသားမုန်.( Chicken or Duck Puff )
***********************************

အပြင်တစ်လွှာအတွက်
***************

ဂျုံနုမှုန်. ................၅၀၀ ဂရမ်
မာဂျ ရင်း................၁၀၀ ဂရမ်
ဆား......................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ရေအေး..................၁ ခွက်( သို.) ၂၂၀ မီလီမီတာ

ဂျုံမှုန်. ၊ ဆား ၊ တို.ကိုသမအောင်မွှေပြီး..မာဂျရင်းထည့်နယ်ပါ..။

ရေကိုအနည်းငယ်စီထည့်ပြီး..ညှက်နေတဲ့မုန်.သားတစ်ခုရအောင်နယ်ပါ။

နယ်ထားသောမုန်.သားကို ခပ်ကြမ်းကြမ်းလုံးထားပါ။

အတွင်းတစ်လွှာအတွက်
***************

ဂျုံ..................၂၅၀ ဂရမ်
မာဂျရင်း...........၁၅၀ ဂရမ်

ဒီ ၂မျိုးထဲကိုပဲအထက်ပါအတိုင်းနယ်ပြီး.. လုံးထားပါ။

ပထမအလွှာမုန်.သားကို မုန်.လှိမ့်တုံး(သို.) ပုလင်းအသုံးပြုပြီး..အနည်းငယ်
ပြန်.သွားအောင်ဖြန်.ပါ။

ဒုတိယမုန်.သားကိုလည်းထိုနည်းအတိုင်းပြုလုပ်ပြီး..ပထမအလွှာပေါ်တင်ပေး
ပါ။

ထို.နောက်မုန်.သား(၂) ခုကို ၃ - ၄ ထပ်ရအောင်လိပ်ပေးပါ။ ပလပ်စတစ်အပါးစလေးအုပ်ပြီး..ရေခဲသေတ္တာမှာ (၁၅) မိနစ်ခန်.အအေးခံထားပါ။ထိုအချိန်မှာအတွင်းသားအစာအတွက်ပြင်ဆင်ပါ
မယ်..။

အတွင်းအစာအတွက်
**************

ကြက်သား(သို.) ဘဲသား .....၅၀၀ ဂရမ်(ခပ်သေးသေးအတုံး)
အာလူး............................၂ လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
ကြက်သွန်နီ..................... ၃လုံး(.................။...................)
ငရုပ်စပ်မှုန်. .....................၁ ဇွန်း( ထမင်းစား )
မဆလာ..........................၁ ဇွန်း( လက်ဖက်ရည်)
ကြက်သွန်ဖြူ + ချင်း.............အနည်းငယ်စီ ( နုပ်နုပ်စဉ်း)
ဆား + ကြက်သားမှုန်. .......သင့်တော်သလို
သကြား..........................၁ ဇွန်း( လက်ဖက်ရည်)

ပထမဆုံးကြက်သားတွေကို အိုးကင်းပူတိုက်တဲ့ပုံစံနဲ.ရေခမ်းသွားအောင်ပြု
လုပ်ပါ..ရေခမ်းသွားရင်အအေးခံထားပါ။

ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ..အနည်းငယ်နွမ်းသွားလျှင် ၊ နနွင်းမှုန်. အနည်းငယ်နှင့်အတူ ကြက်သွန်ဖြူ + ချင်းတွေကိုပေါင်းထည့်ပါ။

အနည်းငယ်မွှေးလာပြီဆို..ကြက်သွန်နီ ၊ ကြက်သားတွေပေါင်းထည့်ပြီး..ငရုတ်စပ်မှုန်. ၊ ဆား ၊ သကြား ကြက်သားမုန်.
တို.နဲ.အရသာသွင်းပါ။ ဖြန်.ပြီးအအေးခံထားပါ..။

ထိုစဉ်အချိန်မှာ ရေခဲသေတ္တာထဲက..အအေးခံထားတဲ့ဂျုံသားလိပ်ကို ထုတ်ပြီး(၁၆) မှ (၂၀ ) ခုထိအညီအညာပိုင်းဖြတ်ပါ။

ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန်.ဖြူးထားတဲ့စားပွဲပေါ်မှာ လှိမ့်တုံးလေးအသုံးပြု ကာ..၄ လက်မ အ၀ိုင်းငယ်ရအောင်လုပ်ပါ ။ ( မုန်.သား၂ ထပ် လိပ်ထားတာ ၃-၄ ဖြစ်တဲ့အတွက်..မုန်.သားမှာအရစ် အရစ်ပုံလေးတွေပေါ်နေပါမယ်..။

လက်ကို ဂျုံ မှုန်.လူးကိုင်ပြီး..အတွင်းအစာ ကို ၁ ဇွန်းသာသာခန်.ဖြည့်ပြီး..
ခေါက်ချိုးညီခေါက်လိုက်ပါ..။

မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့်ကလေးကို ၄၅ ဒီဂရီလောက်
ခေါက်ချလိုက်ပါ..။ထိုနောက်မှတဆင့် လက်မအားကိုအသုံးပြုပြီး..မုန်.အနား
သားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင်..ညီညာလှပစွာပုံဖော်ထားတဲ့
အနားသားအစွန်းသတ်လေးတွေနဲ.လှပနေပါမယ်..။

အားလုံးထိုနည်းအတိုင်းပြုလုပ်ပြီးပြီဆိုမှ..ဆီ(သာမန်အပူချိန်) မှာရွှေအိုရောင်ရအောင်ကြော်ယူစစ်ပြီး..အအေးခံထားရပါမယ်...။

No comments:

Post a Comment