
မဆလာနံ့သင်းသင်းလေးနဲ့ကြက်သားပဲ
ရည်သုပ်လေးပါ။
ကျမဒီ့ကြက်သားပဲရည်သုပ်နည်းလေးကိုအရင်တခါကတင်ဖူးပါတယ်။အခုနည်းလေးကနောက်တနည်းပါ ။ကြက်အရိုးအသားများကိုဆား ၊ကြက်သားမှုန့်၊နနွင်းမှုန့်များများလေးနှင့်နယ်ထားပါ။ထိုနောက်ဆီနည်းနည်း( အိုးမကပ်ရုံ) ထည့်ကာနာနာပွင့်၊လေးညှင်းပွ င့်အနည်းငယ်နှင့်အတူနယ်ထားေ သာကြက်သားထည့်ကာလုံးပါ။ကြက်သားအပေါ်ယံတင်းကာကျတ်ပါကရေေ နွးထည့်ကာပြုတ်ပေးပါ။ကြက်သားကျတ်ပါကပန်းကန်တခုထဲသို့ ဆယ်ထားကာနွှင်ထားပါ။ ကျန်ရှိသောကြက်သားပြုတ်ရည်တွင်ကုလားပဲမှုန့်အစိမ်းကို ရေအေးဖြင့်ဖျော်ကာထည့်ပေးပါ ။ဆား၊ကြက်သားမှုန့်၊မဆလာလေးထ ည့်ပေးပါ။မပျစ်မကျဲလေးဖြစ်ပါကသုံးဆောင်ရန်အတွက်ဟငိးရည်လေးရပါပြီရှင်။အသုပ်အတွက် ကိုတော့ပါးပါးလှီးထားသောဂေါ်ဖီ၊ကြက်သွန်နီ၊ငရုတ်သီးစိ မ်းနှင့်အတုပါးပါးလှီးထားေ သာပူစီနံ( ကျမကတော့ပါးပါးလှီးထားသောရှောက်ရွက်နှင့်ပျဉ်းတော်သိမ် ရွက်) တွင်သံပုရာရည်ညှစ်ကာ နွှင်ထားသောကြက်သားလေးနှင့်တွဲဖက်သုံဆောင်နိုင်ပါတယ်ရှင်။
မှတ်ချက်။ချက်နည်းလေးကိုမျှဝေပေးတဲ့ချစ်စရာကောင်းတဲ့မ မင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ရည်သုပ်လေးပါ။
ကျမဒီ့ကြက်သားပဲရည်သုပ်နည်
မှတ်ချက်။ချက်နည်းလေးကိုမျ

No comments:
Post a Comment