Sunday, February 1, 2015

ကျောင်းသားသပိတ်နဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဗလောင်းဗလဲ စစ်အစိုးရ


ကျောင်းသားသပိတ်နဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဗလောင်းဗလဲ စစ်အစိုးရ
စစ်သားစိတ် စစ်သားမာနတပြားသားမှမရှိတဲ့ အခွက်ပြောင်တင်း သောက်ရှက်ကင်းတဲ့ စစ်အာဏာရှင်တို့ရဲ့ ရှေ့နောက်မညီ အော့နှလုံနာစရာ အလိမ်အညာ စရိုက်ဆိုးကို ဒီနေ့မြင်လိုက်ရပြန်ပါပြီ။ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို ရက်ပေါင်း(၆၀) ကျော် ပမာမထားဂရုမစိုက် ပေလျကန်ပစ်ထားပြီး ကျောင်းသားတွေလမ်းပေါ်တက်လာမှ လုပ်နေကျထုံးစံ စေ့စပ်မယ်ညာခေါ် အချိန်ဆွဲ သပ်လျှို သွေးခွဲမယ်လို့ကြံတယ်။
တကယ်စကားပြောတော့ ကလေးတွေလို့လျော့တွက်ထားတဲ့ ကျောင်းသားတွေက မူနဲ့အရိုးခံနဲ့ဆက်ဆံတော့ သူတို့လုပ်နေကျ အလိမ်အညာမာယာ ဖော်မြူလာက အလုပ်မဖြစ် သုံးမရတော့ဘူး။ သမဂ္ဂလွတ်လပ်စွာဖွဲ့ခွင့်ကိုမပြောနဲ့ သမဂ္ဂ ဆိုတဲ့ စကားလုံးကိုတောင် သဘောမတူနိုင်ဘူး။ ထင်သလိုဖြစ်မလာတော့ အောင်မင်းဆီကသဘောထားမှန်ပွင့်ကျလာတယ်။ "ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှု ကော်မတီကို ဆွေးနွေးဘက်အဖြစ် ကျနော့်တို့ဘက်က အသိအမှတ်ပြုပေးတာကိုက နည်းတဲ့အခွင့်အရေးလား"တဲ့။ ဒီမိုကရေစီဖြစ်နေပါပြီပြောနေပြီး လူထုတွေ ကျောင်းသားတွေက သူတို့အခွင့်အရေးသူတို့ ရဖို့ကို သူတို့ပေးချင်မှ လိုက်လျောမှ ရရမယ်ဆိုတဲ့ အာဏာရှင်စရိုက်က ဖုံးမနိုင်ဖိမရပြန်ပေါ်လာတယ်။
သမတဆိုတဲ့ သိန်းစိန်ကလဲ တဖက်မှာလူထုကိုလေပြေထိုးပြီး ကျောင်းသားတွေကို လူထုနဲ့တိုက်ပေးဖို့ကြိုးစားတယ်။ ဘာတဲ့ "လက်ရှိ ကာလဟာ စာမေးပွဲရာသီ ဖြစ်တဲ့အတွက် ကျောင်းတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲများ ရွှေ့ဆိုင်းရခြင်း၊ ကျောင်းများ ပိတ်ရခြင်းများ ဖြစ်ပေါ်လာမှာကို ကျောင်းသား မိဘများအနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေကြတာကိုလည်း ကြားသိရပါတယ်။" မပြုံးပဲနဲ့ဝါးလုံးကွဲရီစရာ။
အတော်အခွက်ပြောင်တဲ့ စစ်အစိုးရ။ ပူးတွဲပါဓါတ်ပုံတွေထဲက ခိုကိုးရာမဲ့ဖြစ် သွားတဲ့ မိသားစုတွေကို မရှက်ဖူးလား ဦးသိန်းစိန်.. ပူပူနွေးနွေးပြီးခဲ့တဲ့ (၂) ရက်ကပဲ ဆိပ်ကမ်းမြို့နယ်ထဲက လူနှစ်ထောင်ကျော်မိသားစုတွေကို ကျူးကျော်ဆိုပြီး ဘူဒိုဇာထိုးနဲ့ထိုးကလော်ပြီး အိုးခြေအိမ်ခြေမဲ့ဘဝကို ပို့ပေးပြီးပြီ။ အဲတုန်းကတော့ ကျောင်းသားမိဘတွေက ကလေးတွေစားမေးပွဲဖြေပြီးတဲ့ထိဆိုင်းပေးပါ၊ ကလေးတွေစာမေးပွဲ ဖြေပြီးရင်သူတို့ဟာသူတို့ပြောင်းရွေ့ပေးပါ့မယ်လို့ တောင်းပန်အသနားခံတာကိုတောင် မငဲ့ညှာ ဇွတ်အဓမ္မဖျက်ဆီးခဲ့ကြတယ်။ ခုကျောင်းသားတွေ သူတို့တောင်းဆိုချက်မရလို့ လမ်းလျောက်ချီတက်နေတာကိုတော့ စာမေးပွဲတွေရှိလို့ မိဘပြည်သူတွေ စိုးရိမ်ပူပန်နေတယ်တဲ့။
နိုင်ငံတော်ရဲ့ သမတ ဆိုပြီး ရှေ့စကားနောက်စကားမညီ အတော်ကို ဗလာင်းဗလဲနိုင်လှပါပေတယ်။ ရာဇဝင်အစုတ်အပဲ့တွေလဲပေါပါတယ်.တတ်လဲတတ်နိုင်လွန်းပါတဲ့ ကိုသိန်းစိန်..ဗြောင်လိမ် ဗြောင်လိမ်..

No comments:

Post a Comment