ဒီနေ့မှာ ထူးထူးခြားခြား ရလာမိတဲ့ အသိတရား
ဒီနေ့ ဂျပန်ကနေ iPad ကိုအသုံးပြီး Application တွေနဲ့ BIM တွဲဖက်ပြီး Coordination နဲ့ Collaboration တွေဘယ်လိုလုပ်တယ် ဆိုတာသင်တန်းတက် လိုက်ရတယ်။ မတက်ခင်က ကိုယ်တွေ ဟိုးလွန်ခဲ့တဲ့ နှစ်တော်တော်များများကတည်းက Autodesk ရဲ့ BIM 360, BIM 360 Glue, BIM 360 Field, A360 တို့ Gehry Technologies ရဲ့ Gteam, Aconex ရဲ့ Collaborative BIM တို့ သင်တန်းတွေလည်းတက်ဖူး သုံးလည်း အသုံးချခဲ့ဖူးတော့ ခပ်ပေါ့ပေါ့ပဲနေမိတယ်။
ဘယ်ဟုတ်မလဲ ဂငယ်တွေက ကိုယ်ပိုင် BIM Application တွေကိုတောင် ဖန်တီးနေပြီပဲဆိုတာ တွေ့လိုက်ရတယ်။ ဟိုးအရင် ၆ နှစ်လောက် ကိုယ့်ကို သူတို့အလုပ်မှာခန့်ခဲ့တုန်းက ဂငယ်တွေ BIM မှာ အဲလောက်မဟုတ်သေးဘူး ဒါကြောင့် ကျွန်တော်ကိုလည်း သူတို့ကိုယ်တိုင် US ကသင်တန်းတွေကို တက်ခိုင်းခဲ့တာ.............အခုတော့ ရှေ့ကပြေးနေတဲ့ US, UK, Aussie, နောက်ကို မှီတော့မယ်။ ဘာသွားတွေ့လဲဆိုတော့ R&D လို့ခေါ်တဲ့ Research လုပ်တဲ့နေရာမှာ ဂငယ်တွေကို ဘယ်သူမှ မှီမယ်မထင်ဘူး ဒါကြောင့် တရှိန်ထိုးတိုးတက်နေတာ။
ဒီတစ်ခါလည်း သူတို့ပေးတဲ့ 4G iPad Air 2 လေးအလကားရတာတောင် ဟိုးတုန်းကလို ပီတိမဖြစ်မိဘဲ သံဝေဂ လိုလို ဘာလိုလိုရလာတယ်။ သင်တန်းပေးနေတုန်းလည်း စိတ်မ၀င်စားတော့ဘဲ စဉ်းစားမိလာတွေက ကိုယ်က စွတ်စက်ပြီး BIM တွေ Green တွေ Lean တွေနောက်လိုက်လိုက်ရင်း တစ်နေ့ မြန်မာပြည်ပြန်လည်း ဘာမှလုပ်လို့မရလောက်ဖူးလို့ စဉ်းစားမိလာပြန်ရော ဒီနိုင်ငံတွေမှာလည်း မနေနိုင်။ အနာဂါတ်အတွက် တစ်ခုခုတော့ လုပ်သင့်ပြီလို့ အသိတရားဝင်လာမိတယ်။ လူလည်း ဒီနည်းပညာတွေနောက် လိုက်လိုက်ရင်း နေရာတော်တော်များများမှာ လစ်ဟင်းမှုတွေ အများကြီးပဲဆိုတော့ တွေ့ရတယ်။ ဆယ်စုနှစ်တစ်ခုလောက် နေ့မအိပ် ညမအိပ် လေ့လာအားထုတ်မိပြီး အခု အားလျော့လာတာလား စိတ်ပဲပျက်လာတာလားမသိတော့ဘူး။
ဘာပဲဖြစ်ဖြစ်ပေါ့ လက်ရှိဒီလောကမှာ ကျင်လည်တုန်းလေး သိသလောက်မျှခဲ့ဦးမှာပါ။ BIM 01, BIM 02, BIM 03 သင်တန်း ကိုလည်း ညီငယ်တွေ ညီမငယ်တွေလက်ထဲ ထည့်လိုက်ပါပြီ။ ဘယ်မှာမှ မသင်ဖူးသေးတဲ့ BIM 04 (Project Planning) ကို 4D Tool တွေဖြစ်တဲ့ Revit, Naviswork, Vico တို့နဲ့ Primavera P6 or Microsoft Project တွဲဖက်ပြီး တစ်တန်း Glodon, Cost X, Builtsoft, တွဲဖက်ပြီး BIM 5D တစ်တန်း နောက်ဆုံး လက်ရှိ စလုံး လေဆိပ်တွေရဲ့ စင်္ကာပူ ပထမဆုံး BIM 6D အတွေ့အကြုံတွေ BIM Project Facility Management သင်ခဲ့ပေးမယ် စိတ်ကူးပါတယ်။
iPad ရှိသူများ သာမာန်သုံးရုံထက်မက အများကြီး အသုံးချဖို့ လင့်တွေပေးလိုက်ပါတယ်။ BIM လောကမှာ ကျင်လည်မယ်ဆိုရင် ပိုက်ဆံလည်း ကုန်ပါတယ် နည်းပညာနဲ့ ပစ္စည်းတွေကို စမ်းရလွန်းတော့ ရတာလည်း ဘယ်ရောက်သွားမှန်းမသိဘူး။ ကိုယ်တစ်ယောက်ထဲ R&D လုပ်တာကိုး....တစ်လ တစ်လ စာအုပ်ဖိုး၊ Hardware ဖိုး တွေနဲ့ မနည်းတော့ဘူးဆိုတာလည်းတွေ့လိုက်ရတယ်။ ဒါတောင် ကျေင်းတွေက Software တွေအလကားပေးသုံးထားလို့............
iPad များမှာ 3D နဲ့ BIM Application တစ်ချို့လေ့လာဖို့ ရှယ်ပေးလိုက်ပါတယ်။
LCi Sightspace3D
http://limitlesscomputing.com/sightspace
http://limitlesscomputing.com/sightspace
BIManywhere
http://bimanywhere.com/
http://bimanywhere.com/
Revizto View
http://revizto.com/en/
http://revizto.com/en/


No comments:
Post a Comment