ငါးချဉ် ငါးဖယ်ချဉ် ပုဇွန်ချဉ်လုပ်နည်းအစုံ
ကြိုက်ရာနည်း လုပ်စားပါ
လုပ်နည်းပြောပြကြတဲ့ အမတွေကို
ခရက်ဒစ် တဦးချင်းစီပေးထားပါတယ်
ကြိုက်ရာနည်း လုပ်စားပါ
လုပ်နည်းပြောပြကြတဲ့ အမတွေကို
ခရက်ဒစ် တဦးချင်းစီပေးထားပါတယ်
လိုရင်းမှတ်ချက်
===
ပုဇွန် အခွံချွတ်စရာ မလို/လို ကိုယ့်သဘော
ပုဇွန်ခေါင်း ချိုးလဲရ မချိုးလဲရ
===
စားတဲ့အခါကြတော့ ပုဇွန်လေးဘဲစားလို့ရတယ်
ပုဇွန်တွေပဲ ရွေးသုပ်လဲရတယ်။
ထမင်းအနှစ်လေးလဲ ထည့်သုပ်တော့
ပိုချဉ်တော့ ပိုကောင်း
===
ယမ်းစိမ်းထည့်ဖို့မလို
ထမင်း+ဆား+ပုဇွန် ပါပဲ
===
ပုဇွန် တစ်ကီလို (၆၀ သားလောက်) ကို
ဆန်တစ်ဗူးစာ ချက်ထားတဲ့ ထမင်းနဲ့
ဆား စတီးဇွန်း ၂ ဇွန်းခွဲလောက်နဲ့
ရောနယ်တာပါပဲ။
===
ထမင်းကအပူလား၊ အအေးလားဆိုတော့
အရမ်းအပူကြီးနဲ့ မလုပ်ပါဘူး။
ကိုင်သာရုံ ခပ်နွေးနွေးနဲ့လဲ ရပါတယ်။
ထမင်းကြမ်း၊ ထမင်းအေးနဲ့လဲ လုပ်လို့ရ။
===
ကြိုက်ရာ ငါးကြီး ငါးသေး ငဖယ် ပုဇွန်ထုတ် ပုဇွန်ကျော့
အချဉ်တည်နည်း အကုန်လုပ်နည်းတူတူပဲ
ငါးကြီးရင် သင့်လျှော်အောင်တုံးပေးပါ
===
ကွာတာ
ထမင်းများမလား
ငါး ပုဇွန်များမလား
အာ့ပဲ ကွာတယ်
ကုန်ကျစရိတ်မှာ
အများကြီးကွာလိမ့်မယ်
===
ရာသီဥတု အပူအအေးပေါ်မူတည်ပြီး
ရက်အတိုးအလျှော့ရှိပါတယ်။
===
သန့်သန့်ရှင်းရှင်း မကိုင်တွယ်ရင်..
အသုံးပြုတဲ့ ပစ္စည်းတွေ မသန့်ရင်..
အချဉ်မပေါက်ဘဲ မှိုတက်သွားတာ၊
ပုတ်သွားတာမျိုးဖြစ်တတ်ပါတယ်။
iodine ပါတဲ့ ဆားကို မသုံး/သုံးသုံး တူတူပါပဲ
မကွာပါ လုပ်ကြည့်ပြီးပါပြီ
===
ပုဇွန် အကောင်သေးလေးတွေက အခွံက မည်းတယ်..
အချဉ်ပေါက်သွားတာတောင်မှ အခွံက နီမသွားဘဲ..
မည်းမည်းကြီး နဲ့ စားချင်စဖွယ် မရှိဘူး..။
ပုဇွန်ချဉ် ပန်းဆီရောင်အနီရောင် ရချင်ရင်
အကောင်ကြီးကြီးကို အခွံချွှတ်ပီး သုံး
===
ဆိုးဆေးမထဲ့ပါ
အချိုမှုန့်မထဲ့ပါ
===
ကဲ စကြစို့

Excellent- Foods Corner
by Moe Wai
ပုဇွန်ချဉ် လုပ်နည်း
----------------------
by Moe Wai
ပုဇွန်ချဉ် လုပ်နည်း
----------------------
ပုဇွန်ချဉ်လုပ်ဖို့အတွက် အခွံပါးပြီး ချိုတဲ့ white prawn ကို ၀ယ်ပါတယ်။
ကျမကတော့ ပုဇွန်ခေါင်းကို အကုန်မဖြုတ်ပစ်ပဲ
ခေါင်းထိပ်က အချွန်တွေ အမျှင်တွေကို
ကတ်ကျေးနဲ့ ညှပ်ပစ်လိုက်ပါတယ်။
ပုဇွန်တွေ အားလုံး ခေါင်းထိပ် ညှပ်ပီးသွားရင်
ခဏလောက် ရေစစ်ထားလိုက်ပါတယ်။
ကျမကတော့ ပုဇွန်ခေါင်းကို အကုန်မဖြုတ်ပစ်ပဲ
ခေါင်းထိပ်က အချွန်တွေ အမျှင်တွေကို
ကတ်ကျေးနဲ့ ညှပ်ပစ်လိုက်ပါတယ်။
ပုဇွန်တွေ အားလုံး ခေါင်းထိပ် ညှပ်ပီးသွားရင်
ခဏလောက် ရေစစ်ထားလိုက်ပါတယ်။
ပုဇွန် တစ်ကီလို (၆၀ သားလောက်) ကို
ဆန်တစ်ဗူးစာ ချက်ထားတဲ့ ထမင်းနဲ့
ဆား စတီးဇွန်း ၂ ဇွန်းခွဲလောက်နဲ့ ရောနယ်တာပါပဲ။
နယ်ရင်းနဲ့ ပုဇွန်ခေါင်းထဲက ပုဇွန်ဆီတွေနဲ့
ထမင်းနဲ့ ထိတွေ့သွားတဲ့အနံ့လေးက တော်တော် မွှေးတာပါ။
ပုဇွန်လဲ မကျေရအောင် ဆုပ် ဆုပ်ပြီး နယ်ပါတယ်။
နယ်ပြီးသွားရင် သိပ်မယ့်အိုးထဲ ခပ်သိပ်သိပ်လေး ထည့်။
ကျမကတော့ ရှိတဲ့ ပလတ်စတစ်ပုလင်းထဲ ထည့်ပါတယ်။
ထည့်ပြီးပြီဆိုရင် ကျွတ်ကျွတ်အိတ်အသန့်တွေကို
အပေါ်ကနေ ထိုးသိပ်ထည့်လိုက်တာပါပဲ။

နောက် ကျွတ်ကျွတ်အိတ်တွေအပေါ်ကနေ
ပုလင်းအ၀နားမှာ တခါသုံး ၀ါးတူကို
ချိုးထည့်ပြီး ဂုပ်နှိပ်လိုက်တာပါ။
နောက်နေ့လောက်ဆိုရင် နယ်ထားတဲ့
ထမင်းနဲ့ ပုဇွန်တွေကနေ အရည်လေးတွေ
စထွက်လာပါမယ်။
အဲဒီအချိန်လောက်ကျရင် ပုလင်းကို အောက်ကနေ
စကာလေး ဇလုံလေးခံပြီး မှောက်ထားလိုက်တာပါပဲ။

အရည်တွေက တစိမ့်စိမ့် ကျနေပေမယ့်
ကျွတ်ကျွတ်အိတ်တွေ ခံထားပြီး
ဝါးတူနဲ့လဲ ပိတ်ထားတာမို့ နယ်ထားတာတွေ မထွက်ကျပါဘူး။
၂ ရက်လောက်ဆို စ ချဉ်ပါပြီ။
အပြင်မှာ ၃ ရက်နဲ့အထက် ရက်ကြာကြာ ထားမိရင်
အချဉ်စူးပြီး အနံ့ကလဲ ကစော်နံ့ ပေါက်တတ်ပါတယ်။
ကျမကတော့ ၂ ရက်လောက် စချဉ်ပြီဆိုတာနဲ့
ရေခဲသေတ္တာထဲ (ရေခဲခန်း မဟုတ်) ထည့်ထားလိုက်ပါတယ်။
အအေးဓာတ်နဲ့ အချဉ်ကို ထိန်းထားတော့
ရက်ကြာလဲ ကွာလတီ မပြောင်းပါဘူး။

Chaw Su's Food Friends
သဘာဝ ပုဇွန်ချဉ်
သဘာဝ ပုဇွန်ချဉ် အတွက် လိုအပ်တာလေးတွေ…
သဘာဝ ပုဇွန်ချဉ်
သဘာဝ ပုဇွန်ချဉ် အတွက် လိုအပ်တာလေးတွေ…
1. ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ် – 250 g
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၁ ဇွန်းခွဲ
3. မပျော့လွန်း၊ မမာလွန်းသော
ချက်ထားသည့် (သို့) ပေါင်းထားသည့်
ကောက်ညင်း – ထမင်းစားဇွန်း ၂ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၁ ဇွန်းခွဲ
3. မပျော့လွန်း၊ မမာလွန်းသော
ချက်ထားသည့် (သို့) ပေါင်းထားသည့်
ကောက်ညင်း – ထမင်းစားဇွန်း ၂ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ်လေးများ ကို
ရေဆေး၊ ရေစစ်ပြီးလျှင် tissue towel များဖြင့်
ဖွဖွလေးဖိကာ ရေတတ်နိုင်သမျှခြောက်အောင်လုပ်ထားပါ။
(ရေခြောက်ဖို့လိုပါတယ်။)
ရေဆေး၊ ရေစစ်ပြီးလျှင် tissue towel များဖြင့်
ဖွဖွလေးဖိကာ ရေတတ်နိုင်သမျှခြောက်အောင်လုပ်ထားပါ။
(ရေခြောက်ဖို့လိုပါတယ်။)
ပုဇွန်များရေခြောက်လျှင် ကောက်ညင်း၊ ကြက်သွန်ဖြူ နှင့်
ဆားကိုထည့်ကာ အိပြီးစေးလာအောင်
ရေဆေးပြီးခြောက်အောင်သုပ်ထားသော လက်ဖြင့်
၇ မိနစ်ခန့် ဖိဆုပ်ပြီး နာနာနယ်ပေးပါ။
(စေးစေးလေးဖြစ်ဖို့ပြောသလို နယ်ပေးဖို့ လိုပါတယ်ရှင်။)
ဆားကိုထည့်ကာ အိပြီးစေးလာအောင်
ရေဆေးပြီးခြောက်အောင်သုပ်ထားသော လက်ဖြင့်
၇ မိနစ်ခန့် ဖိဆုပ်ပြီး နာနာနယ်ပေးပါ။
(စေးစေးလေးဖြစ်ဖို့ပြောသလို နယ်ပေးဖို့ လိုပါတယ်ရှင်။)
အိပြီးစီးလာလျှင် သန့်ပြန်သော ပလတ်စတစ်ဗူးထဲ ဖိပြီးထည့်ကာ
အဖုံးလုံအောင်ဖုံးပြီး အခန်းအပူရှိန်အများဆုံးနေရာဖြစ်သော
မီးဖိုချောင်ထဲတွင် ၃ ရက်ထားပါ။ (နေပူမလှမ်းပါနှင့်။)
အဖုံးလုံအောင်ဖုံးပြီး အခန်းအပူရှိန်အများဆုံးနေရာဖြစ်သော
မီးဖိုချောင်ထဲတွင် ၃ ရက်ထားပါ။ (နေပူမလှမ်းပါနှင့်။)
တစ်ရက်ပြည့်ပြီးနောက် အရောင်စပြောင်းကာ၊
အရည်အနည်းငယ် ထွက်လာပါမယ်။
အရည်အနည်းငယ် ထွက်လာပါမယ်။
၃ ရက်မြောက်နေ့မှာတော့ အနှံ့မွှေးလာတဲ့
ပုဇွန်ချဉ်လေးတွေထဲမှ ထွက်လာသော အရည်အနည်းငယ်ကို
ဇွန်းဖြင့်ဖိ၍ သွန်ပစ်ပြီး ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
(ချက်ချင်းမစားနိုင်သေးလျှင် အရည်သွန်ပြီးနောက်
အဖုံး ဖုံးကာ ရေခဲသေတ္တာထဲ ၅ ရက်ခန့် သိမ်းထားနိုင်ပါတယ်။)

ရာသီဥတု အပူအအေးပေါ်မူတည်ပြီး ရက်အတိုးအလျှော့ရှိပါတယ်။
===
===
ပုဇွန်ချဉ်၊ငါးချဉ်လုပ်ရအောင်
Farozah Mohamad Musa
မနီ
နိုင်ငံခြားရောက်နေတဲ့သူတချို့
ပုဇွန်ချဉ်ငါးချဉ်လေးများစားချင်ရင်ဝယ်လို့ကလဲမရ
အဲ့လူတွေအတွက်ကိုယ်တိုင်လဲအမြဲလုပ်စား၊ဖြစ်လဲဖြစ်တဲ့
ပုဇွန်ချင်ငါးချဉ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပုဇွန်ကျော့ရရ.ထုတ်ရရပေါ့
ပုဇွန်ကိုခေါင်းချိုးရေဆေးးပါ.။
ပုဇွန်ထုတ်ဆိုရင်တော့မခွံခွာပါနော်။ပုဇွန်ကျော့လေးတွေဆိုရင်တော့မခွာပါနဲ့
ပြီးရင်ရေစင်စင်ဆေးပါ။ရေစစ်ထားပါ။
ဆာားအနေတော်နဲ့နယ်ပါမယ်။ပြီးရင်တညသိတ်ထားပါ။
ညထဲကဆန်ကြမ်းကိုထမင်းခပ်မာမာလေးချက်ထားပါနော်၊
မနက်ကျရင်ဆားနယ်ထားတဲ့ပုဇွန်ကိုရေနဲ့တခါလောက်ဆေးလိုက်ပါ။
ပြီးရင်ညကချက်ထားတဲ့ထမင်းနဲ့ရောနယ်ပါနော်။
ပြီးရင်ကော်ဘူးဆိုပိုကောာင်းပါတယ်။အဲ့ထဲကိုသိတ်ထည့်ပါ။
။ကြပ်ကြပ်လေးသိတ်ပါ။။ပြီးရင်လုံအောင်ပိတ်ပြီးထားလိုက်ပါ။။
သုံးရက်လောက်ဆိုချဉ်ပါပြီ။
အဲ့အခါမှာအဖုံးဖွင့်ပြီးဘူးကိုဇကာလေးခံလို့မှောက်ထားလိုက်ပါ။
။အရည်တွေစစ်သွားအောင်လို့ပါ။
နေ့တ၀က်လောက်မှောက်ထားလိုက်ရင်ရပါပြီ။
ပြီးရင်တော့ဖန်ပုလင်းဖြစ်ဖြစ်နှစ်သက်ရာဘူးနဲ့
လှယ်ထည့်ပြီးရေခဲသေတ်တာထဲထည့်သိမ်းနိုင်ပါတယ်။
။လိုသလောက်ယူသုတ်စားပေါ့။နံနံပင်။ပင်စိမ်း၊ရှမ်းနံနံ၊
တမျိုးမျိုးနဲ့ကြက်သွန်ဖြူနီငရုပ်စိမ်းလေးနဲ့ဆီလေးဆမ်း။ပြီးသုတ်။
။ထမင်းမြိန်ပါ့ရှင်။

ငါးဆိုရင်လဲကိုယ်လုပ်ချင်တဲ့ငါးကို
လိုသလိုတုံးဖြတ်ပြီးဒီနည်းအတိုင်းပဲလုပ်နော်။
လိုသလိုတုံးဖြတ်ပြီးဒီနည်းအတိုင်းပဲလုပ်နော်။
===
Meemeetofu
မမီး
ပုဇွန်ချဉ်
Meemeetofu
မမီး
ပုဇွန်ချဉ်
ပါဝင်သောပစ္စည်းများ
1. ပုဇွန် ၁၅၀ ဂရမ်
2. ထမင်းကြမ်း ၈၀ ဂရမ်-၁၀၀ ဂရမ်
3. ဆား ၁ ၁/၂ လက်ဘက်ရည်ဇွန်း
4. ဌက်ပျောဖက် ၄ ရွက် (၁၀ x ၈ လက္မ )
5. ပလပ်စတစ် အိပ် သို့မဟုတ် wrapper
1. ပုဇွန် ၁၅၀ ဂရမ်
2. ထမင်းကြမ်း ၈၀ ဂရမ်-၁၀၀ ဂရမ်
3. ဆား ၁ ၁/၂ လက်ဘက်ရည်ဇွန်း
4. ဌက်ပျောဖက် ၄ ရွက် (၁၀ x ၈ လက္မ )
5. ပလပ်စတစ် အိပ် သို့မဟုတ် wrapper
ပြုလုပ်နည်း
1. ပုဇွန်ကို အခွံချွတ်ပီး ခေါင်းဖြုတ်ပါတယ်။
1. ပုဇွန်ကို အခွံချွတ်ပီး ခေါင်းဖြုတ်ပါတယ်။
2. ရေနဲ့ ၂ ပြန်လောက်ဆေးပီး ရေစစ်ပါတယ်။ ရေဆေးတဲ့ အခါ ပုဇွန်ဆီတွေ လုံးဝ ပြောင်စင်သွားရပါမယ်၊
ဆားကြမ်းနဲ့ (Kosher salt) ၂ မိနစ်လောက် နာနာ နယ်ပီးရင် စက်ထဲမှာ ညက်ပီး စီးလာအောင် ကြိတ်ပါတယ်။
ဆားကြမ်းနဲ့ (Kosher salt) ၂ မိနစ်လောက် နာနာ နယ်ပီးရင် စက်ထဲမှာ ညက်ပီး စီးလာအောင် ကြိတ်ပါတယ်။
3. ကြိတ်ထားတဲ့ ပုဇွန်ကို ခပ်မာမာ ချက်ထားတဲ့ ထမင်းကြမ်းနဲ့ နယ် ပေးတယ်၊
ပလပ်စတစ်အိပ် အသစ်ထဲ လေမခိုအောင် ဖိသိပ်ထည့်ပီး သွားကြားထိုးတံနဲ့ အိပ်ကို အပေါက်ဖောက်ပေးထားတယ်။
ပလပ်စတစ်အိပ်ရဲ့ အပြင်ဘက်ကနေ ငှက်ပျောဖက်နဲ့ ၃-၄ ထပ်လောက် တင်းတင်းကြပ်ကြပ်ထုတ်ပီး နှီး
သို့မဟုတ် သားရည်ပင်နဲ့ တင်းတင်းကြပ်ကြပ် စီးပါတယ်၊

4. ပုဇွန်ထုတ်ကို လေးတဲ့ အရာနဲ့ဖိထားလိုက်တယ်၊ နွေးပီး ခြောက်သွေ့ သန့်ရှင်းတဲ့နေရာမှာ ထားတယ်၊
အချဉ်ပေါက်လာတဲ့ အခါ ထမင်းတွေ ကြေသွားပီး အရည် ထွက်လာတယ်၊
ဖိထားတာကြောင့် ရေတွေ စစ်ထွက်သွားတော့ မာမာလေးဖြစ်လာမယ်၊
အချဉ်ပေါက်လာတဲ့ အခါ ထမင်းတွေ ကြေသွားပီး အရည် ထွက်လာတယ်၊
ဖိထားတာကြောင့် ရေတွေ စစ်ထွက်သွားတော့ မာမာလေးဖြစ်လာမယ်၊
5. အခန်း အပူချိန် ၈၀ ကနေ ၉၀ံ F ရှိရင် ၃ ရက်လောက်ဆိုအချဉ်ပေါက်ပါပီ၊
ချက်ခြင်း မစားသေးရင် အချဉ်စူးမသွားအောင်ေ၇ခဲသေတ္တာထဲ ထည့် သိမ်းပါ။
ချက်ခြင်း မစားသေးရင် အချဉ်စူးမသွားအောင်ေ၇ခဲသေတ္တာထဲ ထည့် သိမ်းပါ။
သိစေချင်တာလေးတွေ…
သန့်သန့်ရှင်းရှင်း မကိုင်တွယ်ရင်..
အသုံးပြုတဲ့ ပစ္စည်းတွေ မသန့်ရင်..
အချဉ်မပေါက်ဘဲ မှိုတက်သွားတာ၊
ပုတ်သွားတာမျိုးဖြစ်တတ်ပါတယ်။
iodine ပါတဲ့ ဆားကို မသုံးရပါ။
မမီးတို့ဆီက ပုဇွန် အကောင်သေးလေးတွေက အခွံက မည်းတယ်..
အချဉ်ပေါက်သွားတာတောင်မှ အခွံက နီမသွားဘဲ..
မည်းမည်းကြီး နဲ့ စားချင်စဖွယ် မရှိဘူး..။
အဲဒါကြောင့် မမီး ပုဇွန် အကောင်ကြီးကြီးကို အခွံချွှတ်ပီး သုံးထားတယ်

Yadana Cooking
ပုဇွန်ချဉ်ကြော်
ပုဇွန်ချဉ်ကြော်
ပါဝင်ပစ္စည်း
၁.ပုဇွန်ချဉ်
၂.ကြက်သွန်နီ ပါးပါးလှီးထားပါ.
၃.ကြက်သွန်ဖြူ ထောင်းထားပါ.
၎.အချိုမှုန့်. ငံပြာ၇ည်.ဆီ.င၇ုတ်နှစ်.ဆနွင်း
၁.ပုဇွန်ချဉ်
၂.ကြက်သွန်နီ ပါးပါးလှီးထားပါ.
၃.ကြက်သွန်ဖြူ ထောင်းထားပါ.
၎.အချိုမှုန့်. ငံပြာ၇ည်.ဆီ.င၇ုတ်နှစ်.ဆနွင်း
၅.င၇ုတ်သီးစိမ်း. နံနံပင်
ပုဇွန်ချဉ် ကိုေ၇ဆေးစစ်ထားပါ.
ဒယ်အိုး ထဲကိုဆီထည့်ပူလာလျှင်ကြက်သွန်နီဆနွင်းထည့်ကြော်ပါ
.ကြက်သွန်ဖြူ ထည့်ပြီးလိပ်အောင်ဆီသတ်ပါ.
င၇ုတ်နှစ်ထည့်ပါ.ပုဇွန်ချဉ် ထည့်ပြီး
အချိုမှုန့်ငံပြာ၇ည်အနည်းငယ်ထည့်ပါ.
င၇ုတ်သီးစိမ်းထည့်ပါ.အ၇သာစိတ်ကြိုက်ဖြစ်လျှင်
နံနံပင်အုပ်ပါ.
အ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည်.

No comments:
Post a Comment