ယိုးဒယား ပင်လယ်စာ အုန်းနို့ချက်
ပုစွန်ကျား ၃၀သား
ပြည်ကြီးငါး ၃၀သား
ကြက်သွန်နီ ၁လုံး(နုတ်နုတ်စင်းထားပါ)
ကြက်သွန်ဖြူ ၅မွှာ( ။ )
ဂျင်း အနည်းငယ် ( ။ )
အုန်းနို့မှုန့် ၂ဇွန်း
ကြက်ဥ ၁လုံး
မဆလာ အနည်းငယ်
ငံပြာရည် ။
ပင်စိမ်း ၃ပင်
စပါးလင် ၁ပင်(ပါးပါး ၄ ခု ထောင်းထားပါ)
ရှမ်းနံနံ ၂ပင်
-ပုစွန် ကို အခွံခွာ ဂျီးထုတ် ရေဆေး ရေစစ်ထားပါ။ပြည်ကြီးငါ
ကိုလဲ အခွံခွာ ခြေထောက်ဖြုတ် ဆား သံပုရာသီးတိုနှင့် နယ် ရေဆေး ရေစစ်ထားပါ။ကန့်လန့်ဖြတ်ဓားနှင့်မွှန်းပြီးအနေတော် အရွယ်လေးများ ဖြတ်ထားပါ။
-ပုစွန်ကို ဆား နနွင်း အနည်းငယ်ဖြင့် နယ်ထားပါ။
-ဆီအနည်းငယ်ထည့် နနွင်း ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ငရုတ်ပုထောင်းအနည်းငယ်မဆလာနှင့်ဆီသတ်ပါ။ခရမ်းချဉ်သီးထည့်၍ရေအနည်းငယ်ထည့်ပါ။ခရမ်းချဉ်သီးလိပ်ကြေသွားလျှင် အုန်းနို့မှုန့် ထည့်၍ အနှစ်ဆူပြီးမွှေးလာသည်အထိ၅မိနစ်
ခန့် တည်ပါ။ရလျှင် ပုစွန် ပြည်ကြီးငါး ထည့် ၍ လုံးပါ။ငရုတ်ပွ ထည့်ပါ၊ငံပြာရည်ထည့်ပါ။ခလောက်ထားသောကြက်ဥ၂ဇွန်းခန့်ထည့်ပါ။ခဏနေလျှင် ရှမ်းနံနံ ပင်စိမ်း ငရုတ်ကောင်း ထည့်၍
သုံးဆောင်နိုင်ပါပြီ
အချိုမှုန့် သုံးလျင်ထည့်ပါရှင်။seafoodကအချိုဓာတ်ရှိလို့ ထည့်မချက်ထားဘူးနော်။

No comments:
Post a Comment