Thursday, December 11, 2014

ပဲကြာဇံကြော်

ချက်ကြည့်ကြစို့


ပဲကြာဇံကြော် 

ပဲကြာဇံအသေး ၂ထုပ်(ယိုးဒယား)
ပုစွန် ၂၀သား
ကြက်အူချောင်း ၄ချောင်း
ကြက်သား ၁၅ကျပ်သား
ဥနီ ၁လုံး
ရွှေပဲ ၅ကျပ်သား
မုန်ညှင်ထုပ် ၆ ရွက်
ပန်းပွင့် ၁ပွင့်(အသေး)
ပြောင်းဖူးသေး ၃ထုပ်
ထိုင်ဝမ်မုန့်ညှင်း ၂ပင်
ကြက်သွန်မိတ် ၃ပင်
တရုတ်နံနံ ၃ပင်
ငရုတ်ပွနီ အနည်းငယ်
ငရုတ်ပွဝါ ။
ကြက်သားမှုန့် ။
ပဲအနောက်ရည် ။
သကြား ။
နှမ်းဆီမွှေး ။
နှမ်းမဲ ။
ငရုတ်ကောင်း ။
ကြက်သွန်ဖြူ ၅မွှာ

-ပဲကြာဇံကို၁နာရီခန့်ရေစိမ်ထားပါ။ပြီးလျှင်ရေနွေးဆူဆူ
လောင်းထည့်၍၃မိနစ်ထားပြီးရေအေးစိမ်၍ရေစစ်ထားပါ။ပဲ
အနောက်ရည်ဖြင့် နယ်ထားပါ။
-အသီးအရွက်များကို အနေတော်စိတ်ကြိုက်လှီးထားပါ။
-ပုစွန်ကို အခွံခွာ ဂျီးထုတ် ရေဆေး ရေစစ် ဆားအနည်းဖြင့်
နယ်ထားပါ။ကြက်သားကို အသားလွှာ ၍ အပြား ပါးပါးလေး
များ လှီးထားပါ။ကြက်အူချောင်းကိုလဲ လှီးထားပါ။
### အိုးထဲသို့ ဆီ အနည်းငယ်ထည့်၍ကြက်သွန်ဖြူ ၅မွှာ ဓားပြားရိုက်ထည့်ပါ။ကြက်သားထည့်ပါ။၃မိနစ်နေလျှင်ပုစွန်
ထည့်ပါ။နှမ်းဆီမွှေး၁စက်ခန့်ထည့်၍မွှေပါ။ပြီးလျှင်ကြက်အူ
ချောင်းထည့်ပါ။အသီးအရွက်များထည့်၍ကြက်သားမှုန့်သကြားထည့်ကာအဖုံးခဏအုပ်ထားပါ။(အသီးအရွက်များနူးတာကြိုက်လျှင် ရေအနည်းငယ်ထည့်ပါ)၂/၃မိနစ်ခန့်ကြာလျှင်ပဲကြာဇံ ထည့်ပါ။ပဲအနောက်ရည်ထည့်၍မွှေပါ။အရသာအနေတော်ဖြစ်လျှင်တရုတ်နံနံကြက်သွန်မိတ်ငရုတ်ကောင်းနှမ်းဆီမွှေးထည့်၍ မွှေပြီးချပါ။နှမ်းမဲ ဖြူးပြီသုံးဆောင်နိုင်ပါပြီရှင်။
 (写真4枚)

No comments:

Post a Comment