Thursday, December 11, 2014

နေ့လည် အပျင်းပြေစားဖို့ ကြက်ဥလိပ်

ချက်ကြည့်ကြစို့


နေ့လည် အပျင်းပြေစားဖို့ ကြက်ဥလိပ် လေးတင်ပေးမယ်နော်

ကြက်ဥ ၃လုံး
နွားနို့ ၃၀ml
သကြား ၁ဇွန်း
ဆား အနည်းငယ်
ကြက်သွန်မိတ် ၃ပင် (နုတ်နုတ်စင်း)
မုန်လာဥနီ ၁ ဝက်(ခြစ်ထားပါ)
ငရုတ်ကောင်း အနည်းငယ်

-ကြက်ဥကို နွားနို့ ဆား သကြား ထည့်ပြီး ခလောက်ကာ ဇကာနှင့် စစ်ချပါ။ပြီးလျှင် ကြက်သွန်မိတ် မုန်လာဥနီ ရော ခလောက်ပါ။
-အိုးထဲသို့ ဆီအနည်းငယ် အိုးပေရုံလောက် ထည့်၍ ခလောက် ထားသော ကြက်ဥ ၁ဇွန်းထည့်၍ ဒယ် အိုးကို လက်ဖြင့် လှည့်၍ ဝိုင်းပြီး အပြားလိုက်ကြော်ပါ။ရလျှင် ၂/၃ ခန့် လိပ်ပြီး ဘေး တစ်ဖက်သို့ ကပ်၍ ကျန်သော ဖက်သို့ ကြက်ဥ၁ဇွန်းထပ်ထည့်ကြော်ပြီးရလျှင် စောစောကလိပ်ထား
သော အလိပ်ကို ဆက်လိပ်၍ အပေါ်က အတိုင်းချန်၍ ထပ်
ကာ ထည့်၍ အထက်ပါ အတိုင်းဆက်လိပ်ပါ။
-ရလျှင် ဓားထက်ထက်ဖြင့် လှီးပြီး ကြိုက်နှစ်သက်ရာ ဆောစ့်
မရိုးနစ့် ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီရှင်။

No comments:

Post a Comment