Thursday, December 11, 2014

ငါးခေါင်းဟင်းချို

ချက်ကြည့်ကြစို့


ငါးခေါင်းဟင်းချို

ငါးကြင်းခေါင်း ၂ခေါင်း(ရေဆေးသန့်စင်ထားပါ)
ငုံးဥ ၁၀လုံး(ပြုတ်ထားပါ)
ငါးဖယ် ၅ကျပ်သား
ကြက်ဥအကာ ၁လုံး
ဂျုံမှုန့် ၂ဇွန်း(စားပွဲတင်)
ကောက်ရိုးမို ၅ကျပ်သား
မိုခြောက် ၁ကျပ်သားခန့်
မုန်လာဥနီ ၁တောင့်
ပန်းပွင့် (၁)ဝက်
မုန်လာထုပ် (၅)ဖတ်
ပဲပြား ၁တုံး
ရှမ်းနံနံ ၄ပင်
စပါးလင် ၁ပင်
ဂျင်း လက်(၁)ဆစ်
ကြက်သွန်ဖြူ ၁မွှာ
ခနောချဉ်စပ်ခဲ ၁ခဲ
မျှစ်(မိုး)သေး ၁ထုပ်
ငရုတ်ပုထောင်း အနည်းငယ်
ငံပြာရည် ။
ကြက်သားမှုန့် ။
နှမ်းဆီးမွှေး ။
ငရုတ်စိမ်း/သံပုရာ ။

-ငါးခေါင်းကို ရေဆေးထားပါ။ကြက်သွန်ဖြူ ဂျင်းထောင်းထား
ပါ။မုန်လာဥ ပန်းပွင့် မုန့်ညှင်းထုပ် ပဲပြား မို တို့ကို ရေစင်စင်
ဆေးပြီးလှီးထားပါ။
-ငါးဖယ်လုံး လုပ်ရန် ငါးဖယ်ကို ဓား (သို့)ငရုတ်ဆုံဖြင့်ထောင်း
ထားပြီး ကြက်ဥ အကာ ဂျုံမှုန့် ဆားသကြား နှမ်းဆီမွှေး
ကြက်သွန်ဖြူ ဂျင်းရည် တို့ဖြင့် စေးအောင်ပြန်နယ်ပြီးထားပါ။
-မျှစ်ကို တစ်ရည်ပြုတ်ပြီးသွန်ပစ်ပါ။အနေတော်လှီးထားပါ။
-ဆီအနည်းထည့်၍ နနွင်းထည့်ပါ။ထောင်းထားသောကြက်
သွန်ဖြူ ဂျင်း ဓားပြားရိုက်ထားသောစပါးလင်ထည့်ပါ။ရဲခါနီး
လျှင် ငရုတ်ပုထာင်း အနည်းငယ်ထည့်ပါ။ငါးခေါင်းထည့်ပါ။ ငံပြာရည်ထည့်၍မွှေကာရေခန်းသည်အထိထားပါ။ရေခန်းလျှင် ရေထပ်ထည့်၍တည်ပါ။ဆူပြီးလျှင်ငါးဖယ်ကိုလုံး၍ထည့်ပါ။ငါးဖယ်ပေါ်၍ ခဏ ကြာလျှင် မျှစ် မို ထည့်ပါ။ပဲပြား ငုံးဥ ဥနီ ပန်း
ပွင့် မုန်လာထုပ် ထည့်ပါ။ခနောချဉ်စပ်ခဲထည့်ပါ။ငံပြာရည် ကြက်သားမှုန့်တို့ဖြင့် အရသာပြင်ပါ။ပွက်ပွက်ဆူပြီး အရသာ
အနေတော်ဖြစ်လျှင် ရှမ်းနံနံ ငရုတ်စိမ်း ထည့်ပါ။ချကာနီး
သံပုရာသီး ၁စိတ်လောက်ညှစ်ထည့်ပါ။

No comments:

Post a Comment