Thursday, December 11, 2014

၃လွှာကျောက်ကျော

ချက်ကြည့်ကြစို့


၃လွှာကျောက်ကျော

ထောပတ်သီး ၁လုံး(ဖျော်ထားပါ)
သဘောင်္သီးအသေး ၁ခြမ်း( ။ )
နို့စိမ်း ၁ဘူး
သကြား ၃၀သား
ဆား အနည်းငယ်
ရေ 1500ml
ကျောက်ကျော ၁ထုပ်

-ကျောက်ကျောကို ၃ပုံ ပုံပါ။သကြား ၁၀သားစီရောထည့်ထား
ပါ။ဆားအနည်းငယ်စီထည့်ပါ၊
-ပထမသဘောင်္သီးအလွှာအတွက်သဘောင်္သီးကိုရေအနည်း
ငယ်သာထည့်ကြိတ်ထားပြီး(200ml)ကို ခွက်နှင့်ထည့်ထား
ပါ။ကျန်ရေ (300ml)ကိုဆူအောင်တည်ပြီး ဆားသကြားနှင့်
ကျောက်ကျော ရောထားတာထည့်ကြိုပါ။၁၀မိနစ်ခန့်ကြာကြိုပြီးလျှင်ဗန်းထဲထည့်ပါ။သဘောင်္သီးလောင်းထည့်၍ဖြေးဖြေးချင်းမွှေပေးပြီခဲထားပါ။
-နောက်တစ်လွှာနို့စိမ်းအတွက် နို့စိမ်းအပါအဝင် ရေ 500ml
ကို သကြား ကျောက်ကျော ထည့်၍ ၁၀မိနစ်ခန့်ကြို၍လောင်း
ထည့်ပါ။
-ထောပတ်သီးအလွှာအတွက် သင်္ဘောသီးအလွှာပြုလုပ်သ
လိုပဲ လုပ်၍ ဖြေးဖြေးချင်း လောင်းချ၍ အအေးခံကာရပါပြီရှင်။

သကြားကတော့ အချိုကြိုက်တဲ့အပေါ်မှာပြင်ပြီးထည့်ပါနော်

No comments:

Post a Comment