
ကလေးများရဲ့ အိမ်ပြန်ခရီး
မိုးတွင်းမဟုတ်ရင်တော့ ကုန်းကြောင်း ကသွားလို့ အဆင်ပြေကြသေးတယ်တဲ့။ လမ်းက ဆိုင်ကယ်၊ စက်ဘီး တွေသွားလို့ ရတယ်တဲ့၊ အနည်းဆုံးတော့ ခြေကျင်လျောက်လည်း အဆင်ပြေတယ်ပေါ့နော်။
မိုးတွင်းဆိုရင်တော့ ခုလို လယ်ကွက်တွေကြားက ရိုးထဲ ရေပြည့်ရင် လှေလေးတွေနဲ့ ပေါ့။ စက်လှေရှိတဲ့သူတွေဆိုရင်တော့ ပိုအဆင်ပြေ၊ မြန်တာပေါ့လေ။
...
မိုးတွင်းရေတက်လည်း ရေစူးက အလွန်ဆုံးနက်လှမှ ၃ ပေ ၄ ပေလောက်ရှိတာရယ်။
ဒုက္ခအရောက်ဆုံး အချိန်က စပ်ကူးကာလလေ။ မိုး မကျတကျဆိုရင်၊ လမ်းတွေက ဗွက်ထ၊ ဆိုင်ကယ် စက်ဘီးမပြောနဲ့ လမ်းတောင် ဗွက်တောထဲက ရုန်းလျောက်ကြရတာတဲ့၊ မိုးကလည်း အပြည့်အ၀ မရွာသေးတဲ့ အချိန်ဆိုတော့ ရိုးထဲမလည်း ရေက မပြည့်။စက်လှေ၊ လှေတွေသွားဖို့ က မဖြစ်နိုင်တော့ ဗွက်တောထဲပဲ ရုန်းကြရတာတဲ့။
No comments:
Post a Comment