Tuesday, December 10, 2013

မြန်မာ့ရိုးရာဂမ္ဘီရနည်းဖြင့် အဆီချခြင်း

မြန်မာ့ရိုးရာဂမ္ဘီရနည်းဖြင့် အဆီချခြင်း

စာရေးသူအမည်သိသူများ ပြောပြပေးပါ



မြန်မာ့ရိုးရာဂမ္ဘီရနည်းဖြင့် အဆီချခြင်းအကြောင်းကိုတင်ပြချင်ပါတယ်။ဤနည်းကိုအသုံးပြု
္က၍ အမှန်တကယ် ကျွန်တော့်ပတ်ဝန်းကျင်ရှိလူများ ၀ိတ်ကျသွားကြပါသည်။အ၀လွန်သူများဟာ ယခုခေတ်မှရှိတာမဟုတ်ပါ
ဘူး။ရှေးခေတ်တွေကလည်း ၀တဲ့လူတွေအတော်များခဲ့ပါတယ်။သူ့ ခေတ်နဲ့ သူ့ အခါအလျောက် ပိန်အောင်လုပ်တဲ့နည်း
တွေရှိခဲ့မှာပါ။ယခုတင်ပြမယ့် မြန်မာ့ရိုးရာဂမ္ဘီရနည်းနဲ့ အဆီချခဲ့တာကတော့ ရှေးနန်းသုံးဖြစ်ပြီး ထိရောက်မှုလည်းရှိပါတယ်။
လူလည်းမပင်ပန်းပါဘူး။များသောအားဖြင့် အမျိုးသမီးများ အသုံးပြုခဲ့ကြတယ်လို့  သိရှိပါတယ်။ရှေးတုန်းကတော့ အ၀လွန်
သူကို ဆူလွန်နာလို့ ခေါ်ခဲ့ကြပါတယ်။Obesity ပေါ့။အပြင်းအထန်ဝလွန်းသူတွေပါ။သိပ်ဝလွန်းတဲ့အတွက် အားကစား
လေ့ကျင့်ခန်းလုပ်ဖို့လည်းခက်ပြီလေ။ခြေထောက်နာ ၊ ဒူးနာ ၊ခါးနာ ၊အမောဆို့ စသည်ဖြင့် ပြဿနာတွေအများကြီးပါ။
ရှေးခေတ်က အစားအသောက်ကောင်းမှလွဲပြီး ဇိမ်ခံပစ္စည်းတွေမပေါ်သေးတော့ ဒီအစားအသောက်ကိုပဲဇိမ်ခံကြလေ့ရှိရာက
ဆူလွန်နာတွေဖြစ်လာကြပါတယ်။ဒီဆူလွန်နာကို မပင်ပန်းဘဲ လျှော့ချဖို့ အတွက် ဂမ္ဘီနည်းကို ရွေးချယ်ခဲ့ကြပါတယ်။
ဒီနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။နံ့ သာဖြူ၊ သံပုရာသီးနဲ့  နံသာပုဌက်ပျောသီးတို့  ဖြစ်ပါတယ်။နံ့ သာဖြူသနပ်ခါးကို
သွေးပြီး ခွက်တစ်ခုမှ ထည့်ထားပါ။အဲဒီထဲကို သံပုရာသီးတစ်လုံးညှစ်ထည့်ပြီးရောမွှေလိုက်ပါ။အဲဒီအဖျော်ကိုခန္ဒာကိုယ်အနှံ့ 
မှာလိမ်းပေးရပါတယ်။ဒါကတော့ ခန္ဒာကိုယ်ရဲ့ အပြင်ဘက်မှအဆီချတဲ့နည်းပါ။ခန္ဒာကိုယ်အတွင်းဘက်ကလည်းအဆီချရပါဦး
မယ်။အဲဒါကတော့ နံသာပုဌက်ပျောသီးကို စားရတာပါပဲ။အဲနောက်တော့ သံပုရာရည်ချဉ်ချဉ်လေးကိုလည်း သောက်ရပါ
တယ်။ညနေဖက်ကို ထမင်းမစားတော့ပဲ နံ့ သာပုဌက်ပျော်သီးကိုသာစားရမယ်လို့ ဒီလိုယူဆပါတယ်။ဘာကြောင့်လဲဆိုတော့
နေ့ လည်စာ ထမင်းဟင်းကတော့ စားရမှာသေချာပါတယ်။တစ်နေ့ ထမင်းတစ်နပ်မှ ကောင်းကောင်းမစားရင်လည်း ကြာ
တော့ အာဟာရပြတ်ပြီး ရောဂါဖြစ်နိုင်လို့ ပါ။နံ့ သာပုဌက်ပျောသီးကတော့ အားရှိပါရဲ့ ။
အထက်ပါအတိုင်း ခန္ဒာကိုယ်အပြင်ဘက်မှ နံသာဖြူလိမ်းခြင်း ၊သံပုရာသီး
လိမ်းခြင်း ၊ခန္ဒာကိုယ်အတွင်းဘက်ကို နံ့သာပုဌက်ပျော်သီးစားခြင်း ၊သံပုရာရည် သောက်ခြင်းတို့ ဖြင့် အတွင်းအပြင်
စီမံလိုက်ခြင်းဖြင့် ခန္ဒာကိုယ်မှ မကောင်းတဲ့အဆီဓါတ်များဟာ တဖြည်းဖြည်းလျော့လျော့လာပြီး အဆီကျအသားကျစ်
ကျန်းမာသွယ်လျလာပါလိမ့်မယ်တဲ့။ဟုတ်ပါ့မလား။ဒီလို သက်သက်သာသာအဆီကျရင်တော့ လူတိုင်းလုပ်မှာပေါ့။စမ်းကြည့်
လိုက်ပေါ့ဗျာ။တစ်ကယ် ဟုတ်မဟုတ်ဆိုတာ လက်တွေ့ သိသွားမှာပါ။တစ်ကယ်လက်တွေ့ မှယုံတယ်ဆိုတဲ့လူတွေအတွက်
ဒီပစ္စည်းဟာ သိပ်ရှာရမခက်ပါဘူး။ဈေးထဲမှာအလွယ်တကူဝယ်လို့ ရပါတယ်။လက်တွေ့ စမ်းကြည့်ကြစေချင်ပါတယ်။ဇွဲရှိ
ရှိ နဲ့ တော့ လုပ်ရမှာနော။ယခု ရေတွင်းတူး၊ယခုရေကြည်သောက်လို့ တော့ မရပါဘူး။သူက တဖြည်းဖြည်းနဲ့ ကျမှာမို့ 
ရက်ရှည်သုံးသွားရပါလိမ့်မယ်။ဘာကြောင့်မို့  ဒီလို အစွမ်းထက်စေလဲဆိုတာရှင်းပြမှရပါလိမ့်မယ်။လောကမှာမမြင်နိုငတဲ့
အစွမ်းသတ္တိတွေ အများကြီးရှိပါတယ်။ဒါတွေကိုတော့ ဂမ္ဘီနည်းပညာများလို့ ခေါ်ပါတယ်။ကဲ အခု အသုံးပြုလိုက်တဲ့ ပစ္စည်း
များကို ဂမ္ဘီရနည်းနဲ့  နေ့ နံကိန်းဂဏန်းချကြည့်ရအောင်။သံပရာ သံ(၆)၊ ပ(၅)၊ရာ (၄) ကိန်းဂဏန်းများဟာကြီးရာ
ကငယ်သွားပါတယ်။တစ်နည်းအားဖြင့်လျော့ကျသွားပါတယ်။အဲဒီလျော့တဲ့ဓါတ်နဲ့ ကုစားလိုက်တာပါ။နောက်တစ်ခါ နံ့ သာပု
ဌက်ပျောသီးကလည်း ဒီလိုပါပဲ မကောင်းတဲ့အတိုက်အခိုက် ၊ အနှောင့်အယှက်များ အမျိုးမျိုးကျရောက်လာတာနဲ့  နံ့ သာ
ပုအုန်းပွဲ ဌက်ပျောပွဲကို သာသနာပွဲပြင်ပြီး တံခွန်ကုက္ကားအစုံနဲ့  ဘုရားတင်ကာပဌာန်း၊ပရိတ်များရွတ်ဖတ်ပြီး မကောင်း
တဲ့ဓါတ်တွေကို ဖြေနိုင်တာတွေ့ ရပါတယ်။နံ့ သာဖြူကလည်း မကောင်းဆိုးဝါးများ နှောင့်ယှက်က အိမ်အနှံ့  အောင်
သပြေခက်ဖြင့် ပက်ဖြန်းခြင်းစသည်တို့ ကို ရှေးကတည်းကပင် အိမ်တွေမှာလည်းကောင်း ၊စီးပွားရေးလုပ်တဲ့နေရာတွေ
မှာလည်းကေငာ်း လုပ်ခဲ့ကြပါတယ်။ဒီပစ္စည်းတွေကို အားလုံးကို ခြုံကြည့်လိုက်ရင် မကောင်းတဲ့ဓါတ်တွေကို ယုတ်လျော့
သွားစေတဲ့ ဂမ္ဘီရအဖြေဓါတ်ကိုသွားတွေ့ ရပါတယ်။ကျွန်တော်တို့ ငယ်စဉ်က မြန်မာအမျိုးသမီးတော်တော်များများဟာ နံ့
သာဖြူကို တစ်ကိုယ်လုံးလိမ်းလေ့ရှိပါတယ်။ဘယ်နေရာသွားသွား မြန်မာအမျိုးသမီးများထံမှ နံ့ သာဖြူနံသင်းပျံနေတာပါပဲ။
ဒီလိုလုပ်လို့ မှ ဗိုက်နေရာက မကျသေးရင် ဗိုက်ပူနေသေးတယ်ထင်ရင်တော့ အဲဒီပူနေတဲ့ ဗိုက်ကို "နလင်ကျော်"သွေး
ပြီးလိမ်းပေးပါ။နလင်ကျော်ကလည်း အဖြေဓါတ်ဖြစ်ပါတယ်။မကြာပါဘူး အဲဒီဗိုက်ကြီးချပ်သွားမှာပါ။

No comments:

Post a Comment