Saturday, December 14, 2013

ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် …

ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် …
ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကို နားလည်ရမယ်။
ဥပမာ…
' အရဟံ ' ဆိုရင် ကိလေသာခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာ
ဘုရားလို့ အာရုံပြုရမယ်။ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်
ပြီး စဉ်းစားရတယ်။
အော်… ငါ့မှာ လောဘဆိုတာ ရှိတယ်။
ဒေါသဆိုတာလည်း ရှိတယ်။
မောဟဆိုတာလည်း ရှိတယ်။
မာနဆိုတာလည်း ရှိတယ်။
မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး။ဒေါသဆိုတာ
လည်း မရှိဘူး။မောဟဆိုတာလည်း မရှိဘူး။မာနဆိုတာလည်း
မရှိဘူး။ ကိလေသာမှန်သမျှ လုံးဝကင်းစင်နေပါကလားလို့ ဒီလို
ယှဉ်ကြည့်ပြီး နှလုံးသွင်းရင် အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင် 
ထင်ရှားလာနိုင်တယ်။မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ
နစ်ဝင်နေရမယ်။ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဖြစ်မယ်။
အဲဒီလို မဟုတ်ပဲ ဂုဏ်တော်ကို ရွတ်ပြီး ပုတီးလုံးချနေလို့ ပုတီး
အပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော် အပေါ် စိတ်မရောက်
ဘူးဆိုရင် ဗုဒ္ဓါနုဿတိလို့ ပြောလို့ရမှာ  မဟုတ်ဘူး။ဘုရားရဲ့ 
တကယ့်ဂုဏ် အရည်အသွေးပေါ် အာရုံရောက်မှ ဝမ်းမြောက်မှု 
ပါမောဇ္ဇ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ  ဖြစ်လာနိုင်တယ်။

( ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ  )

ဆရာတော်ဟောကြားတော်မူသော သမထနှင့် ဝိပဿနာတရား
တော်မှ ကောက်နုတ်ထားပါသည်။

Posted by Words of Buddha
ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် … ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကို နားလည်ရမယ်။ ဥပမာ… ' အရဟံ ' ဆိုရင် ကိလေသာခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာ ဘုရားလို့... အာရုံပြုရမယ်။ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ် ပြီး စဉ်းစားရတယ်။ အော်… ငါ့မှာ လောဘဆိုတာ ရှိတယ်။ ဒေါသဆိုတာလည်း ရှိတယ်။ မောဟဆိုတာလည်း ရှိတယ်။ မာနဆိုတာလည်း ရှိတယ်။ မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး။ဒေါသဆိုတာ လည်း မရှိဘူး။မောဟဆိုတာလည်း မရှိဘူး။မာနဆိုတာလည်း မရှိဘူး။ ကိလေသာမှန်သမျှ လုံးဝကင်းစင်နေပါကလားလို့ ဒီလို ယှဉ်ကြည့်ပြီး နှလုံးသွင်းရင် အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင် ထင်ရှားလာနိုင်တယ်။မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်။ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဖြစ်မယ်။ အဲဒီလို မဟုတ်ပဲ ဂုဏ်တော်ကို ရွတ်ပြီး ပုတီးလုံးချနေလို့ ပုတီး အပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော် အပေါ် စိတ်မရောက် ဘူးဆိုရင် ဗုဒ္ဓါနုဿတိလို့ ပြောလို့ရမှာ မဟုတ်ဘူး။ဘုရားရဲ့ တကယ့်ဂုဏ် အရည်အသွေးပေါ် အာရုံရောက်မှ ဝမ်းမြောက်မှု ပါမောဇ္ဇ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ ဖြစ်လာနိုင်တယ်။ ( ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ) ဆရာတော်ဟောကြားတော်မူသော သမထနှင့် ဝိပဿနာတရား တော်မှ ကောက်နုတ်ထားပါသည်။ Posted by Words of Buddha

No comments:

Post a Comment