တရားအားထုတ်ခြင်းသည် အိမ်မက်ရှည်မှ နိုးထနှိုင်ဖို့...
ကျွှန်တော်တို့ တရားအားထုတ်သူများ တရားရှုမှတ်တဲ့အခါမှာ…
"သိစရာမှန်သမျှဟာ သိနေရတာဟာ အနှောက်အယှက်တွေ၊
အရာရာဟာ ဒုက္ခတွေလို့ထင်သွားခြင်း" ဟာ "ပယ်"တဲ့ သဘောဖြစ်သလို၊
သိစရာလုပ်စရာတွေကို သိမှလုပ်မှဖြစ်မယ်ဆိုပြီး တရားကို
သိစရာ လုပ်စရာ တစ်ခုခုအနေနဲ့ သိဖို့လုပ်ဖို့ ကျိုးစားနေတာဟာလဲ "တွယ်"နေတဲ့သဘောပါ၊
ပယ်နေ တွယ်နေတာ ပယ်စရာ တွယ်စရာ တကယ်မရှိတာကို မသိသေးတာပါ၊ တကယ်တော့...
တရားရှုမှတ်တာဟာ တစ်ခု တစ်ယောက် တစ်ချိန် တစ်နေရာ ဘာလို့မှ ယူစရာမရှိတာသိပြီး အယူကင်းဖို့ပါ
အဟုတ်ထင်မှု အထင်မှားမကင်းသေးရင် တွယ်ရင်တွယ် မတွယ်ရင်ပယ်တာ သဘာဝပါ..၊
ဘာမှမရှိတာကို သိတယ်ဆိုတာဟာ...
တကယ်ရှိတဲ့ စိတ် ခန္ဒာ ရုပ် နာမ် ဝေဒနာ အရာရာဆိုတာတွေက
ဖေါက်ပြန်ပျက်ဆီးနေတာ မဟုတ်ဘဲ၊ ဘာလို့မှ ယူစရာမရှိအောင်
တသမတ်ထဲသော မပြတ်တရစပ် ပြုပြင်ပြောင်းလဲ ဖေါက်ပြန်နေမှုဖြစ်တဲ့..၊
ကိုယ်သိတဲ့ ကိုယ်ပြုတဲ့ ဘာညာက ဖြစ်တဲ့ပျက်တဲ့ သင်္ခါရ မဟုတ်တဲ့..၊
တကယ်အမြဲ ဖြစ်နေသည့် ဘုရားရှင် ရှာဖွေဖေါ်ထုတ်ပေးခဲ့တဲ့ ဘာလို့မှ ယူလို့မရသော
တကယ့်အဖြစ်စစ် နဂိုရှိ သင်္ခါစစ်(သင်္ကတ ပရမတ်)သက်သက်သာရှိတာကို သိသွားလို့...
ကျွှန်တော်တို့အားလုံး မသိမှုက စိတ် ခန္ဒာ ရုပ် နာမ် ဝေဒနာဘာ ညာ
(ကိုယ်)ငါ သူ အရာရာ ဆိုတာတွေအဖြစ် တကယ်ရှိတယ်လို့ ယူထားတဲ့
မိမိအပါဝင် တလောကလုံးဆိုတာဟာ တကယ်အရှိမဟုတ်တဲ့ အပေါ်ယံသတ်မှတ်ချက်
နာမည် ပညတ်သက်သက်သာဖြစ်မှန်း တကယ်နားလည်သွားတဲ့ အသိ(ဥာဏ်)
ပေါ်ပေါက်လာလို့ တကယ်ရှိတာကိုသိသွားတော့မှ အသိမှားကြောင့် အထင်မှားဖြစ်ပြီး
အရှိအဟုတ် ယူထားသမျှဟာ တကယ်တမ်းကျတော့ ဘာမှမရှိတာကို သိသွားတဲ့
သိမှု(ဥာဏ်)သင်္ခါရ သက်သက်ကြောင့် မြင်လာတဲ့ သဘောဖြစ်တဲ့
ဘာမှမရှိတာ(သုညတ)ကို သိတာကို ဆိုလိုရမှာပါ၊
တရားအားထုတ် ရှုမှတ်လိုက်လို့ စိတ် ခန္ဒာ ရုပ် နာမ် ဝေဒနာ ဘာ ညာ
ငါ သူ အရာရာ ဆိုတာတွေက ပြိုကွဲသွားပြီး ဘာမှမရှိတော့တာ မဟုတ်ရပါဘူး
အဲဒီလိုမြင်ရင်လဲ အဲဒီအရာရာတွေကို အဟုတ်ထင်နေမှုကတော့ ကင်းမသွားပါဘူး
တကယ်တော့ စိတ် ခန္ဒာ ရုပ် နာမ် ဝေဒနာ ဘာ ညာ ငါ သူ အရာရာ ဆိုတာတွေက
နဂိုကထဲ တကယ်ရှိနေတာတွေ မဟုတ်ပါဘဲ..အသိမှားကြောင့် ဖြစ်တဲ့ အထင်မှားက
သတ်မှတ်ဖန်တီးထားတဲ့ အပေါ်ယံ (နာမည်) ပညတ်သက်သက်တွေပါ...၊
"အိပ်ပျော်နေချိန် အသိမှန်စိတ် ကင်းလွတ်နေလို့ အိမ်မက် မက်တဲ့အခါ
မသိစိတ်ကဖန်တီးတဲ့ အိမ်မက်ထဲကအရာရာကို အိမ်မက်က မနိုးမချင်းတော့
အဟုတ်ထင်နေတဲ့ သဘောလို"ပါဘဲ.. တကယ့်အဖြစ် မဟုတ်တဲ့ အမြင်မှားတွေပါ၊
ဘာတွေ ညာတွေကို အဟုတ်ထင်မှုနဲ့ ဘာတွေ ညာတွေရဲ့ ဖြစ်ပျက်ကို ရှုမှတ်ပြီး
ဘာမှမရှိဘူးလို့ သိသွားရတာ မဟုတ်ပါဘူး၊ အဲဒီလိုသိသွားတာက ငါ သူ
"တစ်ယောက်ယောက်အနေနဲ့" ဘာမှမရှိဘူးဆိုတဲ့ "တစ်ခုခုကို"သိတာမို့
အတ္တအယူဘဲ ဖြစ်နေပြီး အယူမှား ဒိဌိမကင်းနှိုင်သလို
အစွဲ(တဏှာ) တကယ်မကင်းနှိုင်တဲ့ နည်းတူ...
"ကိုယ့်အလုပ် သင်္ခါရ"တွေကို ရှုမှတ်နေရင်လဲ ငါ သူ တစ်ယောက်ယောက် အနေနဲ့
ဘာလုပ်တယ်မလုပ်ဘူးဆိုတဲ့ တစ်ခုခုကိုသိတာမို့ အတ္တအယူဘဲ ဖြစ်နေပြီး
အယူမှားဒိဌိမကင်းနှိုင်သလို အစွဲ(တဏှာ)တကယ်မကင်းနှိုင်ပါ၊ အဲလိုသိနေတာတွေဟာ...
အိပ်မက်တစ်ခုကနေ နောက်တစ်ခု ပြောင်းမက်သွားလို့ မြင်မက်ပုံ ပြောင်းသွားပေမဲ့
အိပ်မက်မက်နေရင်း အိမ်မက်ထဲမှာ အရာရာကို အဟုတ်ထင်နေမှုကတော့ အတူတူပါ။
အိပ်မက်က နိုးလို့ အမှန်တိုင်းမြင်တော့မှသာ အဟုတ်ထင်မှု အလိုလိုကင်းသွားမှာပါ
အစွဲတကယ်ကင်းဖို့အတွက် အယူမှား တကယ်ကင်းဖို့ လိုသလို
အယူမှားတကယ်ကင်းဖို့ အတ္တကင်းရမှာဖြစ်ပြီး အတ္တကင်းဖို့ကလဲ
အနတ္တကို တကယ်နားလည်တဲ့ဥာဏ် ပေါ်ပေါက်မှ ရမှာမို့ အနတ္တဥာဏ် ဖြစ်ပေါ်ဖို့အတွက်
ကိုယ်သိတဲ့ သင်္ခါရ၊ ကိုယ့်အလုပ် သင်္ခါရမဟုတ်တဲ့...
ဘုရားရှင် ရှာဖွေဖေါ်ထုတ်ပေးခဲ့တဲ့ "နဂိုရှိ ပရမတ်သင်္ခါရအစစ်"ကို နားလည်တဲ့အထိ..
တရစပ်ပြုပြင်ပြောင်းလဲ ဖေါက်ပြန်နေမှုကြောင့် ပညတ်(သတ်မှတ်မှု)အနေနဲ့သာ
သုံးရုသက်သက်သုံးလို့ရပြီး ဘာလို့မှဆုပ်ကိုင်မရတဲ့ အနတ္တကို တကယ်နားလည်ဖို့
ကိုယ့်ကိုယ် ကိုယ်ဘ၀နဲ့ ကိုယ့်အသိ ကိုယ့်အလုပ် တရားရှုမှတ်နေမှု တင်မက အမှန် အမှား ဘာကိုမှ
ဆုပ်ကိုင်မထားဘဲ အမှန်တရားကို နားလည်ဖို့အတွက် အရာရာအသုံးချရုံသက်သက် သုံးသွားနှိုင်မှသာ
ငြိတွယ်နေမှုကင်း၍ အိပ်မက်ရှည်မှ နိုးထနှိုင်ကာ လိုရင်းရောက်နှိုင်မည်ဟု နားလည်ရပါသည်.....။
ငြိမ်းချမ်းပါစေ.....
No comments:
Post a Comment