Thursday, December 12, 2013

ကြက်ပဲရည်သုပ်

ကြက်ပဲရည်သုပ် .....
 
ရခိုင်ဟင်းတော့မဟုတ်ပါဘူး ..... ထမင်းပူပူကို ကြက်ပဲရည်သုပ် ၊ ရှောက်သီးသုပ်လေးနဲ့ တွဲစားရင် အရမ်းလိုက်ဖက်ပါတယ် ..... 

ချက်နည်း .......

ကြက်ခြေထောက် ၊ တောင်ပံ အစရှိသော အရိုးလေးများ နဲ့ အသည်းအမြစ်တို့ကို ရေစင်အောင်ဆေးထားပါ ...... အရိုးတွေကိုတော့ ပြုတ်ပြီးခြေရလွယ်အောင် ဓါးနဲ့ မပြတ်တပြတ်ခုတ်ပြီး ထုထားပေးပါ ...... 
ငါးငံပြာရည်နည်းနည်း ၊ ဆနွင်းမှုန့်နည်းနည်းနဲ့ ဂျင်းထောင်းထည့်နယ်ထားပြီး ပြုတ်ပေးပါ .......... 

ကျက်ရင်တော့ အရိုးလေးတွေ ဆွဲထုတ် ကျန်တဲ့အရိုးကပ်အသားနဲ့ အသည်းအမြစ်တွေကို အတုံးသေးလေးတွေ တုံးထားပေးပါ ..........

ပဲမှုန့်အစိမ်းမှုန့်ကို ရေနဲ့သေချာဖျော်ပေးထားပါ ..... ကြက်သွန်ဖြူ ဓါးပြားရိုက်ထားပေးပါ ...... ဟင်းရည်ချက်မယ့်အိုးထဲ ဆီပါတယ်ဆိုရုံထည့်ပြီး ဆနွင်းနည်းနည်းထည့် ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ ..... အနံ့လေးမွှေးပြီဆိုရင် ရေဖျော်ထားတဲ့ ပဲမှုန့်ရည်ကို ကြိုပေးပါ ....... ရေကို လိုသလောက်ထည့်ပြီး အိုးဖုံးလေးဖုံး ကြိုထားပေးပါ ......

ထည့်စားဖို့ အစာတွေကတော့ ငရုတ်သီးအစိမ်းတောင့်လေး ပါးပါးလှီး ၊ အကျက်မှုန့်လေး အသင့်ပြင် ၊ ဂေါ်ဖီပါးပါးလှီး ၊ ရှောက်ရွက်လေးပါးပါးလှီးထားပေးပြီး ၊ နံနံပင်လေးပါအဆင်သင့်ပြင်ထားပေးပါ ....... တချို့ကတော့ မဆာလာမှုန့်နည်းနည်းထည့်စားတတ်ပါတယ် ........ ကျွန်မကတော့ မကြိုက်လို့ မထည့်စားပါဘူး .......

ပြီးရင်တော့ ပြင်ဆင်မယ့်ခွက်ထဲ ကြက်ရိုးနဲ့ အသည်းအမြစ်တွေကိုထည့် ၊ အရွက်နဲ့ ငရုတ်သီးတွေကိုထည့် ၊ ငံပြာရည်နည်းနည်းထည့်ပြီး ပဲရည်လေးလောင်းထည့်ပေးရုံပါပဲ .......... သံပုရာသီးလေး ညှစ်ထည့်ပေးလိုက်မယ်ဆိုရင် အရသာအပြည့်နဲ့ ကြက်ပဲရည်သုပ်လေးရပါပြီ ........ 

အားလုံးကို ကျေးဇူးပါ ........ 

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........  :)
ကြက်ပဲရည်သုပ် ..... ရခိုင်ဟင်းတော့မဟုတ်ပါဘူး ..... ထမင်းပူပူကို ကြက်ပဲရည်သုပ် ၊ ရှောက်သီးသုပ်လေးနဲ့ တွဲစားရင် အရမ်းလိုက်ဖက်ပါတယ် ..... ချက်နည်း ....... ကြက...်ခြေထောက် ၊ တောင်ပံ အစရှိသော အရိုးလေးများ နဲ့ အသည်းအမြစ်တို့ကို ရေစင်အောင်ဆေးထားပါ ...... အရိုးတွေကိုတော့ ပြုတ်ပြီးခြေရလွယ်အောင် ဓါးနဲ့ မပြတ်တပြတ်ခုတ်ပြီး ထုထားပေးပါ ...... ငါးငံပြာရည်နည်းနည်း ၊ ဆနွင်းမှုန့်နည်းနည်းနဲ့ ဂျင်းထောင်းထည့်နယ်ထားပြီး ပြုတ်ပေးပါ .......... ကျက်ရင်တော့ အရိုးလေးတွေ ဆွဲထုတ် ကျန်တဲ့အရိုးကပ်အသားနဲ့ အသည်းအမြစ်တွေကို အတုံးသေးလေးတွေ တုံးထားပေးပါ .......... ပဲမှုန့်အစိမ်းမှုန့်ကို ရေနဲ့သေချာဖျော်ပေးထားပါ ..... ကြက်သွန်ဖြူ ဓါးပြားရိုက်ထားပေးပါ ...... ဟင်းရည်ချက်မယ့်အိုးထဲ ဆီပါတယ်ဆိုရုံထည့်ပြီး ဆနွင်းနည်းနည်းထည့် ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ ..... အနံ့လေးမွှေးပြီဆိုရင် ရေဖျော်ထားတဲ့ ပဲမှုန့်ရည်ကို ကြိုပေးပါ ....... ရေကို လိုသလောက်ထည့်ပြီး အိုးဖုံးလေးဖုံး ကြိုထားပေးပါ ...... ထည့်စားဖို့ အစာတွေကတော့ ငရုတ်သီးအစိမ်းတောင့်လေး ပါးပါးလှီး ၊ အကျက်မှုန့်လေး အသင့်ပြင် ၊ ဂေါ်ဖီပါးပါးလှီး ၊ ရှောက်ရွက်လေးပါးပါးလှီးထားပေးပြီး ၊ နံနံပင်လေးပါအဆင်သင့်ပြင်ထားပေးပါ ....... တချို့ကတော့ မဆာလာမှုန့်နည်းနည်းထည့်စားတတ်ပါတယ် ........ ကျွန်မကတော့ မကြိုက်လို့ မထည့်စားပါဘူး ....... ပြီးရင်တော့ ပြင်ဆင်မယ့်ခွက်ထဲ ကြက်ရိုးနဲ့ အသည်းအမြစ်တွေကိုထည့် ၊ အရွက်နဲ့ ငရုတ်သီးတွေကိုထည့် ၊ ငံပြာရည်နည်းနည်းထည့်ပြီး ပဲရည်လေးလောင်းထည့်ပေးရုံပါပဲ .......... သံပုရာသီးလေး ညှစ်ထည့်ပေးလိုက်မယ်ဆိုရင် အရသာအပြည့်နဲ့ ကြက်ပဲရည်သုပ်လေးရပါပြီ ........ အားလုံးကို ကျေးဇူးပါ ........ အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ 

 

No comments:

Post a Comment