Monday, December 9, 2013

လက်တွေ့အသုံးချ ဆေးမြီးတို​များ

လက်တွေ့အသုံးချ ဆေးမြီးတို​များမျက်စိတိမ်သလ္လာစွဲနေသူတွေ (နုသေးရင်ပေါ့)
==========================
ဆီးစေ့ကိုသွေးပြီး မျက်စဉ်းခတ်ပေးပါ။ သက်သာ ပျောက်ကင်းစေပါတယ်။ မျက်စိမှုန်သူ၊ မျက်ရည်ပူယိုလွယ်သူ၊ အမြဲတမ်း မျက်စိကျိန်းတတ်သူများ ဆိုရင် ရက်မကြာခင် သက်သာပျောက်ကင်းစေပါတယ်။ ရေ၀၀ချိုးပါ။ ရေ၀၀သောက်ပါ။ နံနက် စောစော အိပ်ရာမှထစေပြီး ဇလုံကြီးအတွင်း ရေအပြည့်ထည့်၍ မျက်စိ၊ မျက်နှာကို ရေစိမ်ပေးပါက မျက်စိရောဂါဝေဒနာများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
 
နှလုံးရောဂါ လေးဘက်နာ(တိုင်းရင်းဆေး)
==========================
နှလုံးရောဂါ လေးဘက်နာရောဂါအတွက် ကြွက်နားရွက်မှိုကို စားပါ။ ( ဘိုးဘွားနားရွက်လို့ခေါ်သည်)
ငါးရက်တခါ၊ တကြိမ်ကို မှိုခြောက် တကျပ်သား ကုန်အောင် စားရသည်။ ဟင်းချက်စား၊ သုပ်စား၊ အမျိုးမျိုး စီမံပြီး စားပါ။ တလအတွင်း ခြောက်ကျပ်သား ၀မ်းထဲဝင်ရင် ရပြီ။
အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေသည်။
ကြွက်နားရွက်မှို သုပ်စားလိုသော်---
မှိုခြောက်ကို ရေနွေးစိမ်ပါ၊ တနာရီကြာလျှင် ရေစင်အောင် ဆေး၍ ဓား၊ ကတ်ကြေးဖြင့် ပါးပါးလှီး ညှပ်ထားပါ။ ကြက်သွန်နီတဥကို ဆီချက်ချက်၍ အအေးခံထားပါ။ ကျန်တလုံးကို ပါးပါး လှီးထားပါ။ စားခါနီးတွင် မှို၊ ပုစွန်ခြောက်မှုန့်၊ ပဲအကျက်မှုန့်၊ ဂေါ်ဖီလှီးပြီးသားများ ကြက်သွန်နီ လှီးပြီးသားတို့ကို အချို၊ အငန် သင့်ရုံ၊ ဆီချက်၊ သံပုရာရည်ဆမ်း၍ နယ်ကာ စားသုံးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် အကျက်မှုန့် သုံးနိုင်ပါသည်။
 
သွေးစုနာ (ခ) မွေးကျွတ်နာအတွက်ဆေးနည်း
==========================
ကျွန်တော်၏ ကိုယ်တွေ့ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ လွန်ကဲ့ သော (၈) တန်း ကျောင်းသား ဘ၀ လောက်ကပါ။ ကျွန်တော်၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ သို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။ မအူပင်မှ ရေလဲကလေးသို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။ ကားမှာ သံဖင်ထိုင်ခုံဖြစ်ပြီး လမ်းကလည်း ဂ၀ံအတုံးကြီးများ ခင်းသည့်လမ်းဖြစ်ပါသည်။ အသွားအပြန် ဒီကားပဲစီးပြန်ရ၏။ အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင် ပေါက်ပါသည်။ ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ -
ထုံးသန့်သန့် (၁) ထုပ်၊
ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့် (အနည်းငယ်စီ)။
၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တစ်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။
 
ဝမ်းချုပ်သော် မခက်လော
===============
မြန်မာ့ ဆေးဝေါဟာရလောက၌ အသက်ရှည်သောအပင်(၄)မျိုးရှိသည်ဟု သတ်မှတ်ထားပါသည်။
၁။ ငုသီး၏ အနှစ်သည် နှစ်ပေါင်းများစွာကြာသော်လည်း ပုပ်သိုးခြင်း၊ ခြောက်သွေ့ ခြင်း မဖြစ်ပါ။
၂။ ဆင်တုံးမနွယ်ပင်သည် ခုတ်ထစ်ပိုင်းဖြတ်၍ နှစ်ပေါင်းများစွာထားသည့်တိုင်အောင် အညွန့်၊ အညှောက်များ ထွက်လာနိုင်သည်။
... ၃။ ရှားစောင်းလက်ပပ်ပင်သည် မြေမှနုတ်၍ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စိုပြည်လျက်ပင် နေနိုင်၏။
၎။ ပျားရည်သည် နှစ်ပေါင်းများစွာ မပုပ်မသိုး၊ မပျက်မစီး တည်နေနိုင်သည်။
ထို့ကြောင့် မြန်မာ့ဆေးလောကတွင် အသီးတွင်ငု၊ အပင်တွင် ဆင်တုံးမနွယ်၊ အရွက်တွင် ရှားစောင်း လက်ပပ်၊ အရည်တွင် ပျားရည်၊ အသက်ရှည်ဆေး(၄)ပါးဟု အထူးဖော်ပြထားပါသည်။
စာရေးသူ ယခုတင်ပြလိုသည်မှာ ၀မ်းချုပ်နေသူများအတွက် ငုသီး၏အသုံး ဖြစ်ပါသည်။
ဆေးနည်းမှာ မန်ကျည်းသီးမှည့်နှင့် ငုသီးတို့ကို အမျှစီယူ၍ ညဥ့်ဦးတွင်ရေနှင့်စိမ်ပြီး ညဥ့်အိပ်ရာဝင် တွင် စစ်၍သောက်ရန် ဖြစ်ပါသည်။ နံနက်မိုးလင်းလျှင် ၀မ်းကောင်းစွာသွားပါလိမ့်မည်။
သီတာထက် (နတ်မောက်)
သူရဇ္ဇမဂ္ဂဇင်း (မတ်လ ၂၀၀၉)
လည်ချောင်းနာရောဂါရှိသူများ
=================
နံနက်စောစော အိပ်ရာမှထစေပြီး ရေ၀၀သောက်ပါ။ ရေ၀၀ချိုးပေးပါ။ နနွင်းမှုန့်စစ်စစ်နှင့် ထုံးရေကြည် အနည်းငယ်ရောစပ်ပြီး လည်ပင်းတ၀ိုက် ခပ်ပါးပါး လိမ်းပေးပါက နာကျင်နေသောရောဂါ ဝေဒနာများ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါ သည်။
 
နှာခေါင်းသွေးလျှံတတ်သူများ
=================
ကြိတ်မှန်ရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရေ၀၀ ချိုးစေပြီး ရေ၀၀သောက်ပေးရပါမည်။ နှာခေါင်းသွေးယိုနေစဉ် ကြက်သွန်နီဥကို ပါးပါးလှီးစေပြီး ရှူရှိုက်ပေးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။
 
နားပြည်ယိုသူတွေ၊ နားထိုင်းသူတွေ (နုသေးရင်ပေါ့)
=============================
နားမှာ အပုပ်နံ့ထွက်နေသူတွေအားလုံး မုရိုးရွက်ကိုပြုတ်ပါ။ ခပ်နွေးနွေးပြု၍ ဖန်ရည်ဆေးပေးပါ။ ပြီးလျှင် မုရိုးရွက် ပြာချစေပြီး အုန်းဆီနှင့် ရောစပ်ပြီး နားအတွင်း ကြက်တောင်နှင့် ကျပ်ပေးပါက နားရောဂါများ သက်သာပျောက်ကင်းပါတယ်။ နောက်တနည်းက မိမိ နံနက်စောစော အိပ်ရာမှထပြီး မိမိပေါက်သော ကျင်ငယ်ရေကို ခွက်သန့်သန့်နဲ့ ခံယူပြီး မီးဖြင့်အပူပေးပါ။ နာရီဝက်ခန့် အအေးခံပါ။ ပြီးလျှင် နားအတွင်းသို့ မကြာခဏ လောင်းထည့်ပေးပါက နားရောဂါများ သက်သာပျောက်ကင်းစေပါသည်။
 
မှတ်ချက်- ၄င်းဆေးမြီးတိုများသည် သက်ဆိုင်ရာ ရောဂါများအတွက်သာဖြစ်ပါသည်။ ခေါင်းလိမ်းဆီကဲ့သို့
              ခေါင်းမှာပေါက်သောဆံပင် အပြင်တခြား နေရာများတွင်သုံးသလို သုံး၍မရပါ။

နှလုံးရောဂါ လေးဘက်နာ(တိုင်းရင်းဆေး)
==========================
နှလုံးရောဂါ လေးဘက်နာရောဂါအတွက် ကြွက်နားရွက်မှိုကို စားပါ။ ( ဘိုးဘွားနားရွက်လို့ခေါ်သည်)
ငါးရက်တခါ၊ တကြိမ်ကို မှိုခြောက် တကျပ်သား ကုန်အောင် စားရသည်။ ဟင်းချက်စား၊ သုပ်စား၊ အမျိုးမျိုး စီမံပြီး စားပါ။ တလအတွင်း ခြောက်ကျပ်သား ၀မ်းထဲဝင်ရင် ရပြီ။
အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ...် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေသည်။
ကြွက်နားရွက်မှို သုပ်စားလိုသော်---
မှိုခြောက်ကို ရေနွေးစိမ်ပါ၊ တနာရီကြာလျှင် ရေစင်အောင် ဆေး၍ ဓား၊ ကတ်ကြေးဖြင့် ပါးပါးလှီး ညှပ်ထားပါ။ ကြက်သွန်နီတဥကို ဆီချက်ချက်၍ အအေးခံထားပါ။ ကျန်တလုံးကို ပါးပါး လှီးထားပါ။ စားခါနီးတွင် မှို၊ ပုစွန်ခြောက်မှုန့်၊ ပဲအကျက်မှုန့်၊ ဂေါ်ဖီလှီးပြီးသားများ ကြက်သွန်နီ လှီးပြီးသားတို့ကို အချို၊ အငန် သင့်ရုံ၊ ဆီချက်၊ သံပုရာရည်ဆမ်း၍ နယ်ကာ စားသုံးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် အကျက်မှုန့် သုံးနိုင်ပါသည်။
 
လေမဖြတ်အောင် ကြိုတင်ဆောင်
===================
စာရေးသူသည် အသက် ၄၈-နှစ်ရှိပြီဖြစ်သလို အသက်အရွယ်နှင့်အတူ လေဖြတ်ရောဂါသည်များစွာကို တွေ့ကြုံခဲ့ရသည့်အလျောက် မကြာသေးမီ (၂)လကျော် (၃)လနီးပါးခန့်က စာရေးသူ၏ အမဝမ်းကွဲတစ်ယောက် လေဖြတ်ရောဂါ ရခဲ့သဖြင့် ၄င်းရောဂါနဲ့ ပတ်သက်သည့် ဆေးပညာရှင်များ၊ အကြောအနှိပ် ပညာရှင် အမျိုးမျိုးနှင့် ကုသခဲ့ရာ ယခုဆိုလျှင် တောင်ဝှေးလွှတ် လမ်းလျောက်နိုင်ခဲ့ပါသည်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ အကြောနှိပ် ဆရာမကြီး ဒေါ်စန်းစန်းမှ လေဖြတ်ဝေဒနာသည်များသည် အလွန်ဆိုးပြီး ကြာရှည်စွာ ဒုက္ခများ ခံစားရပါသည်။ ထို့ကြောင့် လေမဖြတ်ရအောင် ကြိုတင်ဆောင်-ဆိုတဲ့ နည်းလေးကို ယခု အားလုံးသော စာဖတ်ပရိသတ်တို့ သိရှိပြီး ကြိုတင်ဖော်စပ် စားသုံးနိုင်ရန် စားရေးသူမှတဆင့် စေတနာကောင်းဖြင့် ပါရမီမဂ္ဂဇင်း ဆေးနည်းတိုကဏ္ဍမှ ဖြန့်ဝေငှပါသည်။
ဆေးနည်းမှာ---
... ၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား
၎င်းနှစ်မျိုးကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံးအတွင်းသို့ ထည့်၍ ၄င်းဆေးများနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀)ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက်သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများနှင့် အမှန်တကယ် ကင်းဝေးနိုင်ပါသည်။
 
ကင်ဆာရောဂါအတွက် ထူးတဲ့အာလူး
=====================
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံ ရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်" ။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့် တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာ ကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်း လာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။`` လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံး နိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ် ။
သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသော ရောဂါ ဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည်။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
www.sbsangi.blogspot.com မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
 
ဝမ်းချုပ်သော် မခက်လော
===============
မြန်မာ့ ဆေးဝေါဟာရလောက၌ အသက်ရှည်သောအပင်(၄)မျိုးရှိသည်ဟု သတ်မှတ်ထားပါသည်။
၁။ ငုသီး၏ အနှစ်သည် နှစ်ပေါင်းများစွာကြာသော်လည်း ပုပ်သိုးခြင်း၊ ခြောက်သွေ့ ခြင်း မဖြစ်ပါ။
၂။ ဆင်တုံးမနွယ်ပင်သည် ခုတ်ထစ်ပိုင်းဖြတ်၍ နှစ်ပေါင်းများစွာထားသည့်တိုင်အောင် အညွန့်၊ အညှောက်များ ထွက်လာနိုင်သည်။
... ၃။ ရှားစောင်းလက်ပပ်ပင်သည် မြေမှနုတ်၍ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စိုပြည်လျက်ပင် နေနိုင်၏။
၎။ ပျားရည်သည် နှစ်ပေါင်းများစွာ မပုပ်မသိုး၊ မပျက်မစီး တည်နေနိုင်သည်။
ထို့ကြောင့် မြန်မာ့ဆေးလောကတွင် အသီးတွင်ငု၊ အပင်တွင် ဆင်တုံးမနွယ်၊ အရွက်တွင် ရှားစောင်း လက်ပပ်၊ အရည်တွင် ပျားရည်၊ အသက်ရှည်ဆေး(၄)ပါးဟု အထူးဖော်ပြထားပါသည်။
စာရေးသူ ယခုတင်ပြလိုသည်မှာ ၀မ်းချုပ်နေသူများအတွက် ငုသီး၏အသုံး ဖြစ်ပါသည်။
ဆေးနည်းမှာ မန်ကျည်းသီးမှည့်နှင့် ငုသီးတို့ကို အမျှစီယူ၍ ညဥ့်ဦးတွင်ရေနှင့်စိမ်ပြီး ညဥ့်အိပ်ရာဝင် တွင် စစ်၍သောက်ရန် ဖြစ်ပါသည်။ နံနက်မိုးလင်းလျှင် ၀မ်းကောင်းစွာသွားပါလိမ့်မည်။
သီတာထက် (နတ်မောက်)
သူရဇ္ဇမဂ္ဂဇင်း (မတ်လ ၂၀၀၉)
 
သွေးစုနာ (ခ) မွေးကျွတ်နာအတွက်ဆေးနည်း
==========================
ကျွန်တော်၏ ကိုယ်တွေ့ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ လွန်ကဲ့ သော (၈) တန်း ကျောင်းသား ဘ၀ လောက်ကပါ။ ကျွန်တော်၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ သို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။ မအူပင်မှ ရေလဲကလေးသို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။ ကားမှာ သံဖင်ထိုင်ခုံဖြစ်ပြီး လမ်းကလည်း ဂ၀ံအတုံးကြီးများ ခင်းသည့်လမ်းဖြစ်ပါသည်။ အသွားအပြန် ဒီကားပဲစီးပြန်ရ၏။ အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင် ပေါက်ပါသည်။ ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ -
ထုံးသန့်သန့် (၁) ထုပ်၊
ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့် (အနည်းငယ်စီ)။
၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တစ်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။
 
No comments:

Post a Comment