သီတဂူဆရာတော် “မြင့်မြတ်သောစိတ်ဓါတ် နှင့် နေ့စဉ်ဆုတောင်း”
作成: Kyaw San 日時: 2012年5月26日 12:21 ·
“ငါသည် မည်သူ့ကိုမျှ ဒုက္ခမပေးပါရစေနှင့် ၊ သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်ရပါလို၏”
(၂) ကရုဏာ- ဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို ခံစားတတ်သောစိတ်.....
“ငါသည် သူတစ်ပါးတို့၏ ဒုက္ခကိုပယ်ဖျောက်, ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏”
(၃) မုဒိတာ- ဟူသည် မိမိထက် စီးပွားဥစ္စာ ရာထူးအာဏာ ဂုဏ်ပါဝါ သာလွန်သော သူတို့ကိုမြင်လျှင်ကြားလျှင်သိ
ဝမ်းမြောက်နိုင်သောစိတ်......
“ငါသည် ငါ့ထက်သာလွန်သူကို မည်သည့်အခါမှ အတုမပြိုင်ပါရစေနှင့်၊ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါစေလို၏”
(၄) ဥပေက္ခာ- ဟူသည် မြေကြီးနှင့်တူသောစိတ်.......
မြေ၌နေသူ လူတို့သည် မြေပေါ်၌ပင် မစင်စွန့်ကုန်၏ ။ မြေကြီးသည် စိတ်မပျက်(No Depress, No Reject) ။
ထိုသူတို့သည်ပင် မြေကြီး၌အလှပန်းပင်တို့ကို စိုက်ကြကုန်၏။ မြေကြီးသည် မမက်မော ၊ မသာယာ (No Attach,
No Accept ) ။
“ငါသည် လောက၏ဆိုးသော အခြေအနေ၌လည်း စိတ်မပျက်ရပါစေနှင့် ၊လောက၏ကောင်းသော အခြေအနေကိုလည်း
မတပ်မက်ရပါစေနှင့် ၊ကောင်းဒဏ် ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူ ဖြစ်ရပါလို၏။
သီတဂူဆရာတော်
No comments:
Post a Comment