ကျူးကျော်စစ်နှင့် ကလေးငယ်များ
Photo: ကျူးကျော်စစ်နှင့် ကလေးငယ်များ ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက် သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။ ကျူးကျော်သူများ ၊ သေနတ်ဖျား၌ သွေးများလူးကာ ၊ စစ်သွေးဆာစဉ် ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့ လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက် ၀ါးပင်အနီး ၊ သူရဲစီးလျက် ကျည်မီးဝင်းဝင်း ပွင့်သတည်း။ ညီငယ်လေးကို ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍ ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။ ကျူးကျော်စစ်ကား မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင် ရက...်ရက်စက်စက် ချေမှုန်း၏။ ကလေးသူငယ် ၊ လူမမယ်ဟု လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ တဝေေ၀နှင့် တက်နေခြည်မှာ လန်းမည်တကား။ ။ ရှုဒေါင့်ဂျာနယ် (၁၉-၅-၇၀)
ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌...
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။
ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။
ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။ ။
တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ဆရာတင်မိုး၏ကဗျာကောင်းများ

No comments:
Post a Comment