Photoshop ဖြင့် ဒီဇိုင်းဆွဲနည်း(၄)
ဒီပုံလေးကတော့ ဘောင်ထည့်ပြီးပုံလေးပါ။
လေ့ကျင့်ခန်းမစခင် မိုးဟေကိုရဲ့ပုံလေးကို သင့်ကွန်ပျူတာထဲကို ကူးထားလိုက်ပါ။
အဆင့်(၁)သင်ကူးထားတဲ့ မိုးဟေကိုရဲ့ ပုံလေးကို Adobe Photoshop ကိုသုံးပြီး ဖွင့်လိုက်ပါ။
Layer မှာ ဒီအတိုင်းပေါ်နေပါမယ်။
Layer menu က New ထဲဝင်ပြီး Layer From Background… ကို ရွေးလိုက်ပါ။
New Layer box တစ်ခုပေါ်လာပါမယ်။
Name နောက်မှာ Moe လို့အမည်ပေးပြီး OK လုပ်လိုက်ပါ။
Layer က ဒီလိုလေးပြောင်းသွားပါမယ်။
Image Menu က Canvas Size…ကို ရွေးလိုက်ပါ။ Alt + Ctrl + C ကို နှိပ်လည်းရပါတယ်။
အောက်မှာပြထားတဲ့အတိုင်း Canvas Size ပေါ်လာပါမယ်။
အောက်မှာပြထားတဲ့အတိုင်း Width နဲ့ Height ကို .5 စီထားလိုက်ပြီး Relative ကို On ပေးလိုက်ပါ တယ်။ ပြီးရင် OK ကို Click လုပ်လိုက်ပါ။ (အတိုင်းအတာတွေကတော့ ကြိုက်ရာထားကြည့်ပေါ့)
အောက်မှာ တွေ့ရတဲ့အတိုင်း ဓာတ်ပုံရဲ့ဘေးမှာ နေရာလွတ်ကလေးပေါ်လာပါမယ်။
အဆင့်(၃)Layer Menu က New ကို သွားပြီး Layer ကို ရွေးလိုက်ပါ။ Shift + Ctrl + N ကိုရွေးရင်လည်း ရပါတယ်။
ပြီးရင် OK ကို Click လုပ်လိုက်ပါ။Layer Palette ကို ကြည့်လိုက်ပါ။ အောက်ပါအတိုင်းပုံလေးပေါ်နေမယ်။
Moe Layer ကို အပေါ်ကို ဆွဲတင်လိုက်ပါ။
Border Layer ကို Click လုပ်ပါ။
Edit menu က Fill ကိုရွေးလိုက်ပါ။ Shift + F5 နှိပ်လည်းရပါတယ်။
ဓာတ်ပုံရဲ့ဘေးပတ်လည်မှာ အပြာရောင်လေးပေါ်လာပါတယ်။
Window Menu က Style ကို ရွေးလိုက်ပါ။
အဲဒီ Style box ထဲက သင်နှစ်သက်တာလေးတွေကို Click လုပ်ကြည့်ပါ။တကယ်လို့ သင်နှစ်သက်တာမပါဘူးဆိုရင်လည်း ထပ်ပြီးရွေးလို့ရပါတယ်။ ဒါလေးကတော့ လွယ်ပါတယ် ပြောမပြတော့ပါဘူး။ အပျင်းပြေဥာဏ်စမ်းလေးပေါ့။
ကျနော် ရွေးလိုက်တဲ့စတိုင်လေးကအောက်ပါ
နောက်ဆုံးအဆင့်အနေနဲ့ Layer Menu ထဲက Flatten Image ကိုရွေးပြီး Layer တွေကို ပေါင်းလိုက် ပါ။
Layer မှာ အောက်ပါအတိုင်း Background ဆိုပြီးဖြစ်သွားပါမယ်။
Save လုပ်ပြီးသိမ်းလို့ရပါပြီ။
အခုတင်ပြခဲ့တဲ့ ဒီဇိုင်းရေးဆွဲနည်း(၄)အထိကတော့ အခြေခံအဆင့်လောက်ပဲရှိသေးတာပါ။ အဆင့်မြင့် နည်းပညာတွေကိုလည်း ဆက်လက်ရေးသားတင်ပြပေးသွားဦးမှာ
နည်းပညာကြွယ်ဝနိုင်ကြပါစေ
ကိုရင်ကျော်
(၁၀-၁၂-၂၀၁၁)(၁၆း၃၀)နာရီ
No comments:
Post a Comment