"ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ "
ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေးလုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့်ကျင့်ကြံကြိုးကုတ်အားထုတ်ရပေမည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါဘာသာရေးလုပ်ငန်းတာဝန်များကို ပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ်ပြုလုပ်ရမည်။ထိုတာဝန်များ မှာ -
(က) ဘုရားရှိခိုးခြင်း။
( ခ) မေတ္တာပို့ခြင်း။
( ဂ) အမျှဝေခြင်း။
(ဃ) အလှူဒါနပြုလုပ်ခြင်း။
( င) သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ြ ခင်း။
(စ) လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်း။ တို့ဖြစ်သည်။
"ဘုရားရှိခိုးခြင်း" ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို ၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်းဖြစ်သည်။
"မေတ္တာပို့ခြင်း" ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး ၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကိုဖြစ်ပေါ်စေခြင်း၊ပို့လွှတ် ခြင်း၊ပွားများခြင်းတို့ဖြစ်သည် ။
"အမျှဝေခြင်း" ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂ ကို မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်းဖြစ်ပါသည်။
"အလှူဒါနပြုလုပ်ခြင်း" ဟူသည်မှာ တစုံတခုသော ၀ထ္ထုပစ္စည်းတို့ကို ဘုရားအစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဌာန်း၍ လှူဒါန်းပေးကမ်းမှုဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရား နှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ရေချမ်း ကပ်လှူခြင်း၊ပန်းနံ့သာ ကပ်လှူခြင်း၊ဆီးမီးကပ်လှူခြင်း၊ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူခြင်း စသောအားဖြင့်အလှူဒါနအမျိုးမျိုး ရှိပါသည်။
"သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း" ဟူသည်မှာ မိမိကိုယ် ၌လည်းကောင်း၊သူတပါးသန္တာန်၌လည်းေ ကာင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ပြန့်ပွားအောင်ပြုလုပ်ဆော င်ရွက်ခြင်းဖြစ်သည်၊ အဆုံးအမ ဟူသည်မှာ ဒုစရိုက်များမဖြစ်ပွားအောင်ဆော င်ရွက်ခြင်း သုစရိုက်တရားများ တိုးပွားအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး အသင်းအဖွဲ့များ၌ပါဝင်ဆောင်ရွက်ြ ခင်း၊ပရိယတ္တိစာသင်သားများအား ထောက်ပံ့ခြင်း၊ပဋိပတ္တိကျင့်သုံး နေသူများအား ထောက်ပံ့ခြင်း၊ဗုဒ္ဓဘာသာစာပေပြန့် ပွားရေးအတွက် ဆောင်ရွက်ခြင်း၊အိမ်တွင်းသာသနြာ ပုလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည်တို့ဖြစ်သည်။
"လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း" ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကိုကျော်လွန်ပြီး ရုပ်နာမ်အဖြစ် မြင်အောင် ရှုကာရုပ်နာမ်တရားတို့၏ မမြဲဆင်းရဲ အတ္တမဟုတ်ဟု ရှုမြင်ခြင်း၊သိခြင်းဖြစ်သည်။
ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်းတာဝန်များပင်ြ ဖစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌တစ်ကြိမ်မျှသာ မဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာပြုလုပ်နိုင်လျှင် ပို၍အကျိုးရှိနိုင်ပါသည်။
ဤဆောင်းပါးကိုသာသနာရေးဝန်ကြီးဌာ နမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော် ( အခြေခံအဆင့်) စာအုပ်မှ ကောက်နှုတ်ပူဇော်အပ်ပါသည်။ ။
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေးလုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့်ကျင့်ကြံကြိ
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါဘာသာရေးလုပ်ငန်းတာဝန်မျာ
(က) ဘုရားရှိခိုးခြင်း။
( ခ) မေတ္တာပို့ခြင်း။
( ဂ) အမျှဝေခြင်း။
(ဃ) အလှူဒါနပြုလုပ်ခြင်း။
( င) သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ြ
(စ) လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်း။ တို့ဖြစ်သည်။
"ဘုရားရှိခိုးခြင်း" ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို ၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်းဖြစ်သည်။
"မေတ္တာပို့ခြင်း" ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး ၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကိုဖြစ်ပေါ်စေခြင်း၊ပို့လွှတ်
"အမျှဝေခြင်း" ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂ ကို မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်းဖြစ်ပါသည်။
"အလှူဒါနပြုလုပ်ခြင်း" ဟူသည်မှာ တစုံတခုသော ၀ထ္ထုပစ္စည်းတို့ကို ဘုရားအစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဌာန်း၍ လှူဒါန်းပေးကမ်းမှုဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရား နှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ရေချမ်း
"သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း" ဟူသည်မှာ မိမိကိုယ် ၌လည်းကောင်း၊သူတပါးသန္တာန်၌လည်းေ
"လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း" ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကိုကျော်လွန်ပြီး ရုပ်နာမ်အဖြစ် မြင်အောင် ရှုကာရုပ်နာမ်တရားတို့၏ မမြဲဆင်းရဲ အတ္တမဟုတ်ဟု ရှုမြင်ခြင်း၊သိခြင်းဖြစ်သည်။
ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်းတာဝန်များပင်ြ
ဤဆောင်းပါးကိုသာသနာရေးဝန်ကြီးဌာ
No comments:
Post a Comment