Tuesday, December 10, 2013

' ပျောက်ဆုံးနေသော ဆိုင်းဘုတ် ' …………………………………………

' ပျောက်ဆုံးနေသော ဆိုင်းဘုတ် '
…………………………………………

ရာသီအူအူ နေဆူဆူမှာ
ဝါးခမောက် အားကိုးနဲ့
ရုန်းနေကြတဲ့ ကျုပ်တို့နွားတွေ
ရှေ့ တိုးရင်လည်း ထမ်းပိုး
နောက်ဆုတ်ရင်လည်း  လှည်းထုတ်
ဟုတ်တော့ ဟုတ်နေပြီဗျာ။

ကျုပ်တို့တွေ
နိုင်ငံရေးသမား မဟုတ်ပါဘူး
ဒါပေမဲ့...
နိုင်ငံခြားသားလည်း မဟုတ်ပါဘူးဗျာ.....
ဒီမြေ ဒီရေ ဒီလေတွေနဲ့
အသက်ဆက်ခဲ့ကြတာပါ။

ခုတော့.....
စီမံကိန်းမြေ
တပ်ပိုင်မြေ
ကန့်သတ်နယ်မြေ
အစိုးရမြေ
စက်မှုဇုံမြေ
အာဏာရှင်တွေ အာဏာမသုံးဘူးဆိုရင်
ဘယ်မှာလည်း'ပြည်သူပိုင်မြေ'
အဲ့ဒီဆိုင်းဘုတ်
ထောင်စရာမြေမရှိလေသလား...
ကျုပ်တို့
အခုလက်ရှိနေတဲ့မြေက
သိန်းနဲ့ချီပြီးပေးဝယ်ထားတာပါ
ဂရန်အဖိုးတောင်အစစ်ပါသေး.....
အမျိုးကိုမချစ်ပဲ အများကိုချစ်လို့
ကျုပ်ပြည်သူမို့
"ပြည်သူပိုင်မြေ"လို့
ကျုပ်ပိုင်တာလေး
ပျောက်ဆုံးနေတဲ့ဆိုင်းဘုတ်တစ်ခု
ကျုပ်ထူပါရစေဗျာ။


                        စိုးမင်း~အချစ်ချို
…………………………………………
လက်ပံတောင်းတောင်နှင့်မိကျောင်းကန်နယ်မြေများ၏
ပြည်သူတွေကိုယ်စား....
-----------------------------------
 
 
' ပျောက်ဆုံးနေသော ဆိုင်းဘုတ် ' ………………………………………… ရာသီအူအူ နေဆူဆူမှာ ဝါးခမောက် အားကိုးနဲ့ ရုန်းနေကြတဲ့ ကျုပ်တို့နွားတွေ ရှေ့ တိုးရင်လည်း ထမ်းပိုး နောက်ဆုတ်ရင်လည်...း လှည်းထုတ် ဟုတ်တော့ ဟုတ်နေပြီဗျာ။ ကျုပ်တို့တွေ နိုင်ငံရေးသမား မဟုတ်ပါဘူး ဒါပေမဲ့... နိုင်ငံခြားသားလည်း မဟုတ်ပါဘူးဗျာ..... ဒီမြေ ဒီရေ ဒီလေတွေနဲ့ အသက်ဆက်ခဲ့ကြတာပါ။ ခုတော့..... စီမံကိန်းမြေ တပ်ပိုင်မြေ ကန့်သတ်နယ်မြေ အစိုးရမြေ စက်မှုဇုံမြေ အာဏာရှင်တွေ အာဏာမသုံးဘူးဆိုရင် ဘယ်မှာလည်း'ပြည်သူပိုင်မြေ' အဲ့ဒီဆိုင်းဘုတ် ထောင်စရာမြေမရှိလေသလား... ကျုပ်တို့ အခုလက်ရှိနေတဲ့မြေက သိန်းနဲ့ချီပြီးပေးဝယ်ထားတာပါ ဂရန်အဖိုးတောင်အစစ်ပါသေး..... အမျိုးကိုမချစ်ပဲ အများကိုချစ်လို့ ကျုပ်ပြည်သူမို့ "ပြည်သူပိုင်မြေ"လို့ ကျုပ်ပိုင်တာလေး ပျောက်ဆုံးနေတဲ့ဆိုင်းဘုတ်တစ်ခု ကျုပ်ထူပါရစေဗျာ။ စိုးမင်း~အချစ်ချို ………………………………………… လက်ပံတောင်းတောင်နှင့်မိကျောင်းကန်နယ်မြေများ၏ ပြည်သူတွေကိုယ်စား....

No comments:

Post a Comment