Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)
Photoshop ကို လေ့လာကြသူတွေအနေနဲ့ ကျွန်တော်တစ်ခုကြိုတင်ပြောကြား
ကျွန်တော်ဆိုလိုတာကတော့ မိမိလက်လှမ်းမီရာကနေ အမြဲမပြတ်လေ့လာသွားမယ်ဆိုရင် Photoshop ရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။ ဘယ်လိုပဲ Version တွေတိုးတက်ပြောင်းလဲလာပါစေ အချိန်နည်းနည်းယူပြီး လေ့လာစဉ်းစားလုပ်ဆောင်သွားမယ်ဆိ
အခုတင်ပြပေးမယ့် Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်းကတော့ Photoshop အခြေခံ တတ်ပြီး သူများအတွက် ရည်ရွယ်ပြီး တင်ပြပေးခြင်းဖြစ်ပါတယ်။ လက်ရှိ Photoshop နဲ့ ဒီဇိုင်းရေးဆွဲ နေတဲ့သူတွေအတွက်တော့ မိမိရှုထောင့်ကကြည့်ပြီး ဝေဖန်အကြံပြုပေးနိုင်ပါတယ်။
အလုပ်တွေမအားလပ်တဲ့ကြားက တင်ပြပေးရတာပါ။ အလုပ်ရှုပ်တာကို ဂုဏ်ယူပြီး ပြောနေတာတော့ မဟုတ်ပါဘူး။ အပတ်စဉ် Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)နည်းတော့ ဖြစ်အောင်တင်ပေး ချင်ပါတယ်။ ကိုယ်တတ်ထားတာလေးတွေကို မျှဝေပေးနေတဲ့အတွက် ချစ်သူငယ်ချင်းအပေါင်းတို့အတွက် အနည်းနှင့်အများ အကျိုးရှိမယ်လို့ယုံကြည့်ပါတယ်။
သင်ခန်းစာလေးကိုတော့ ရေခဲတောင်ခြင်္သေ့လို့ အမည်ပေးထားပါတယ်။
အလွယ်တကူ ဒေါင်းလုပ်ချပြီးလေ့ကျင့်နိုင်ေ
ပုံ(၁)

ပုံ(၁)ခြင်္သေ့ပုံကို Adobe Photoshop နဲ့ဖွင့်လိုက်ပါ။

မူလပုံကို လိုအပ်တဲ့နေရာမှာ ပြန်သုံးလို့ရအောင် ဒါမှမဟုတ် အစကနေ ပြန်လေ့ကျင့်လို့ရအောင် Image menu မှ Duplicate... ကိုရွေးပါ။

အဆင့်(၃)
Image menu မှ Adjustments ထဲဝင်ပြီး Desaturate ကိုရွေးပါ။ အောက်ပါအတိုင်း ပုံလေး အရောင်ပြောင်းသွားပါလိမ့်မယ်။

Image menu မှ Adjustments ထဲဝင်ပြီး Selective Color ကိုရွေးပါ။

Colors: နောက်မှာ Neutrals ကိုရွေးချယ်ပြီး၊ Black ကို -55 ထားလိုက်ပါ။ OK ကို Click လိုက်ပါ။


ပုံ(၂)ကိုဖွင့်လိုက်ပါ။ Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C ကို နှိပ်ပြီး Copy လုပ်ပါ။

ခြင်္သေ့ပုံကို Click လုပ်ပြီး အပေါ်တင်လိုက်ပါ။

ခြင်္သေ့အပေါ်က အဖြူကွက်ကို Click လုပ်ပါ။ Keyboard က Shift ကို နှိပ်ထားပြီး ခြင်္သေ့လက်ကြားက အဖြူကွက်ကို Click လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း Select ဖြစ်နေပါတယ်။


Edit Menu က Paste Into ကိုရွေးချယ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရပါမယ်။
Tool Box က move tool ကို ရွေးချယ်ပြီး နောက်ခံ ပုံလေးကို အပေါ်ကို ဆွဲတင်လိုက်ပါ။

Layers Palette က Background Layer ကို Click လုပ်ထားပါ။

Image menu မှ Adjustments ထဲဝင်ပြီး Color Balance ကိုရွေးပါ။

Color Levels: ကို -33 , 0 , +75 ထားပေးပြီး OK ကို Click လုပ်ပါ။


Image menu မှ Adjustments ထဲဝင်ပြီး Brightness/Contrast ကိုရွေးပါ။
Brightness မှာ +11 ထားပြီး Contrast မှာ +23 ထားပြီး OK ကို Click လုပ်ပါ။


ဝေဖန်အကြံပြုကြပါ။ လိုလိုလားလား လက်ခံပါတယ်။ Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂) ကို ဆက်လက်ရေးသားတင်ပြပေးပါမယ်။
ဒီလိုသင်ခန်းစာမျိုးကို အခြားသူတစ်ယောက်ယောက်က အရင် ရေးသားတင်ပြထားတာရှိရင်လည်း ထောက်ပြကြပါ။ ကိုယ်တိုင် အပင်ပန်းခံပြီး အချိန်ယူရေးသားထားပေမယ့် ဒီသင်ခန်းစာကို ချက်ချင်း ဖျက်ပေးပါမယ်။
http://aktnml.blogspot.com/
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၁၁-၂၀၁၁)
No comments:
Post a Comment