Friday, October 17, 2014

''ကားပါမစ်လျှောက်တာနဲ့ ပတ်သက်ပြီး ဗဟုသုတလေးရစေချင်လို့ ပါ''

''ကားပါမစ်လျှောက်တာနဲ့ ပတ်သက်ပြီး ဗဟုသုတလေးရစေချင်လို့ ပါ''



''ကားပါမစ်လျှောက်တာနဲ့ ပတ်သက်ပြီး ဗဟုသုတလေးရစေချင်လို့ ပါ''
ဥပမာ - Individual ပါမစ် ( ၁၃၅၀cc free ပါမစ် ) ဆိုရင်..
(၁)အရင်ဆုံး ဘဏ်တခုခုမှာနိုင်ငံခြားငွေစာရင...်း AC တခုဖွင့်ရပါမယ် ပြီးရင် 5000us ကိုထိုဘဏ်စာရင်းထဲသို့ 
ထည့်ရပါမယ်။ အဲဒီမှာငွေတကယ် ထည့်လိုက်ပီဆိုရင် ကာလပေါက်ဈေး ခန့် မှန်းမြန်မာကျပ်ငွေ သိန်း ၅၀ ခန့် 
ရင်းနှီးစိုက်ထုတ်ရပါမယ်

(၂)အဲဒီရရှိလာတဲ့ဘဏ်စာရင်းနဲ့ Documents တွေတွဲပြီးနေပြည်တော်မှာပါမစ်လျှောက်ရပါတယ်။ အဲမှာ
တရားဝင်သွင်းငွေ ၅ သောင်းနဲ့ နေပြည်တော်မှာလျှောက်ပေးတဲ့သူရဲ့ ဝန်ဆောင်ခ ၂သောင်း ပေါင်းလိုက်ရင်
၇သောင်းကျပါတယ်(ကိုယ်တိုင်နေပြည်တော်သွားလျှောက်ရင် ခရီးစရိတ်နဲ့ ဆို ၂သောင်းထက်ပိုကုန်ကောင်း
ကုန်နိုင်ပါတယ်)

(၃)ပါမစ်ကျပြီး ကားထုတ်တဲ့ အချိန်ရယ် TT ပြန်လွှတ်ဖို့ စာရွက်စာတန်းဆုံဖို့ ဆို အနဲဆုံး ၁ပတ်ခန့် တော့ကြာပါတယ်၊
 TT ကိုလွှတ်တဲ့နိုင်ငံကိုထွက်ဖို့ မြန်မာဘက် ဘဏ်အပိုင်းမှာ အနဲဆုံး ၃ရက်ခန့် ကြာပါတယ်၊အဲဒါကြောင့် သိန်း၅၀ခန့် 
ကို အနဲဆုံးကြာချိန် ၁၀ရက် ကျော်ရင်းနှီးမြုပ်နှံထားရတဲ့သဘောရှိပါတယ်

(၄)TT လွှတ်ရင် မြန်မာဘက်က MICB နဲ့ ဆို ဘဏ်ဝန်ဆောင်ခ 25us ဖြတ်ပါတယ်၊ ဂျပန် ဘက်က ဘဏ်က၀န်ဆောင်
ခ 40us ဖြတ်ပါတယ်၊ ပြီးရင်ဘဏ်စာအုပ်ပိတ်တဲ့အခါ MICB ဆို 5us ယူပါတယ်။ အဲဒီမှာ တရားဝင်ဘဏ်ဝန်ဆောင်ခ
စုစုပေါင်း 70us ကျပါမယ်၊ ဒီအပိုင်းမှာကုန်ကျငွေပေါင်းလဲကာလပေါက်ဈေးမြန်မာကျပ်ငွေ ၇ သောင်းခန့် ဖြစ်ပါတယ်

(၅)ကိုလွှတ်လိုက်တဲ့TTငွေကို တခြားနိုင်ငံကနေထုတ်ပြီးမြန်မာနိုင်ငံကို ပြန်ပို့ ရင် လည်း 5000us အတွက်ဆို ၁သိန်းခန့်ြ
ပန်ကုန်ကျပါတယ်၊ TTလွှတ်လိုက်တဲ့တဖက်နိုင်ငံက ကုမ္ပဏီက ကိုယ်ပိုင်မဟုတ်ရင် အဲဒီမှာ ကုန်ကျစရိတ်ထပ်၇ှိပါတယ်..

(၆)ဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီး ဘဏ်ထဲမှာထည့်ထားတဲ့ 5000us အတွက်အရှူံးအမြတ် ရှိတတ်ပါတယ်
ဒါကြောင့် သိန်း ၅၀ ခန့် ကို ၂ ပတ်ခန့် ရင်းနှီးမြုပ်နှံထားပြီး စုစုပေါင်းကုန်ကျစရိတ်အနည်းဆုံး ၂သိန်းခွဲခန့် ကျမှာပါ
( ဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီးအရှူံးအမြတ်ရှိပါသေးတယ်)

အဲဒါကြောင့် ပါမစ်လျှေက်ရင်ဈေးသက်သာတဲ့နေရာကိုရွေးချယ်ရင်ရွေးချယ်လို့ ရပါတယ်၊ ဒါပေမဲ့အလွန်အမင်းဈေးပေါနေ
တဲ့နေရာတွေမှာမလုပ်မိဖို့ တော့သတိပြုစေချင်ပါတယ်။ဘာဖြစ်လို့ လဲဆိုတော့တချို့ ပါမစ်လျှောက်ပေးတဲ့မသမာသော
သူတွေဟာ ဘဏ်စာအုပ်ထဲမှာငွေတကယ်ထည့်ထားခြင်းမရှိခြင်း၊ ငွေထည့်ထားပါကလဲ ပါမစ်လျှေက်ပြီးတရားဝင်
TT ငွေမထွက်ပဲ ဘဏ်မှငွေများအား တရားမ၀င်နည်းမျိုးစုံနှင့်ပြန်လည်ထုတ်ယူခြင်း၊ ဘဏ်စာရင်းတခုထဲနှင့်
လူနာမည်များစွာကို နည်းမျိုးစုံနှင့်ပါမစ်လိမ်လည်လျှောက်ထားခြင်းတွေရှိလို့ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလို
မသာမာသူတွေနဲ့ လုပ်မိရင်တချိန်ကျရင် သွင်းထားတဲ့ကားနဲ့ သွင်းထားတဲ့အမည်ပေါက်သူ အတွက်ပြသာနာရှိ
နိုင်ပါတယ်. ( ဥပမာ- တရားဝင်ငွေလွှတ်ထားချင်းမရှိတဲ့အတွက်ပါ) အဲဒီအချိန်ကျမှ ပါမစ်လျှောက်ပေးတဲ့သူ(သို့ )
ကုမ္ပဏီကို လိုက်ရှာရမဲ့အဖြစ်မျိုးနဲ့ မကြုံမိစေဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျာ...

No comments:

Post a Comment