Sabai Daily Foods added 3 new photos.
ငါးပေါင်းထုပ်လုပ်ရန်ပါဝင်သောပစ္စည်းများ။
၁။ ငါးခူ၂ကောင်ကိုသားရေခွာပြီးအတုံးကလေး
တုံးထါးပါ။
၂။ ပုဇွန်ဆိတ် တစ်ပုံစာကိုဆေးကြောပြီးရေစစ်
ထားပါ။
၃။ ငှက်ပျောဖူးအသေးတစ်ဖူးကိုပါးပါးလှီးပြီးဆား
ရည်နဲ့စိမ်ထားပါ။
၎။ မျှစ်ပြုတ်အလုံးကြီးတစ်လုံးကိုပါးပါးလှီးထားပါ။
၅။ မှို တစ်ခွက်စာကို ပါးပါးလှီးထားပါ။
၆။ ကြက်သွန်နီအလုံးကြီးတစ်လုံးကိုပါးပါး
လှီးထားပါ။
၇။ ငရုပ်သီးမှုန့်တစ်ဇွန်း၊နနွင်းမှုန့်တစ်ဇွန်း၊ငရုပ်
ကောင်း၊အချိုမှုန့် ၊ ငြုပ်သီးစိမ်း ၊ ဂျင်း ညှက်အောင်
ထောင်းပါ။
၈။ဆီတစ်ဝက်ခန်နှင့်၊ဆန်မှုန့်တစ်ခွက် နှင့် ပါဝင်သောပစ္စည်းအားလုံးတို့နဲ့ရောနယ်လိုက်ပါ။ဆားအပေါ့အငံမြည်းပြီးနာရီဝက်ခန်
့နှပ်ထားပေးပါ။
၁၀။ငှက်ပျောရွက်နဲ့ဒုတ်ချောင်းကလေးများကိုအဆင်သင့်ပြင်ဆင်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်ငါးပေါင်းထုပ်စတင်ထုပ်လို့ရပါပြီး။ပေါင်းအိုးကိုရေတစ်ဝက်ခန့်ထည့်ပြီးတည်ထားပေးပါ။
ငါးပေါင်းထုပ်ကိုမိနစ်၃၀ခန့်ပေါင်းပေးပါအရသာရှိသောငါးပေါင်းထုပ်စားလို့ရပါပြီး။

No comments:
Post a Comment