ဟိုတနေ့က ဒီမုန့်လုပ်နည်းလေး တင်ထားပေးတဲ့ ညီမလေး Su Myat Htwe Aung ကို အရမ်းကျေးဇူးတင်ပါတယ်လို့။ မိဘတွေ အသက်ကြီးတော့ ထမင်းကောင်းကောင်း မစားကြဘူး။ ထမင်းစားပြီး အချို တည်းဖို့ ဒီမုန့်လေး လုပ်ကျွေးတော့ ကြိုက်ကြတယ်။ အရသာလည်းရှိ အဟာရလည်းပြည့် လုပ်ရလည်း အရမ်းလွယ်လို့ ကျေးဇူး
အများကြီး တင်ပါတယ်လို့.........
အများကြီး တင်ပါတယ်လို့.........
ဂျူံမှုန့် ၅ဇွန်း
ကြက်ဥ ၅လုံး
သကြား ၃ဇွန်း
ဆား နဲနဲ
ဖီးကြမ်း ငှက်ပျောသီး ၄လုံး
ထောပတ်
ပျားရည်
ကြက်ဥ ၅လုံး
သကြား ၃ဇွန်း
ဆား နဲနဲ
ဖီးကြမ်း ငှက်ပျောသီး ၄လုံး
ထောပတ်
ပျားရည်
ဂျူံ ကြက်ဥ သကြား ဆား ငှက်ပျောသီးတို့ကို ရောပြီး
ဖျော်စက်နဲ့ ကျေအောင်ချေပါ။ မုန့်နှစ်ရရင် မကပ်တဲ့ ဒယ်ပြားအိုးထဲ ထောပတ်နဲနဲ သုတ်ပြီး မုန့်နှစ် ၁ဇွန်းထည့်ပါ။ အဖုံးအုပ်ပြီး မီးမျှင်းမျှင်းနဲ့ထားပါ။ ဖောင်းလာပြီး ကျက်ရင်ယူပြီး ပျားရည်သုတ်ပြီး ရပါပြီ။ 😃😃😃

No comments:
Post a Comment